Sunday, February 7, 2010

မျှဝေခံစားပါရစေ







လွပ်လပ်ရိုးသားတဲ့ ဘ၀ နဲ့ ရှင်သန်တဲ့ ဇင်ယော်လေးတွေရေ၊

မင်းတို့လိုလွပ်လပ်အေးချမ်းတဲ့ဘ၀ မျိုးကို..

ငါလဲအားကျမိတယ်ကွာ…….။



လွပ်လပ်ပျော်ရွင်၊ ရိုးသားရှင်သန်ခြင်းတွေနဲ့

အယောင်ဆောင်မှုဒေါသမန်မာန တွေကင်းတဲ့ဘ၀ မျိုးကို..

ငါလဲအားကျမိတယ်ကွာ…….။



ပင်လယ်ပြင်အပြောကျယ်မှာမြူးတူးပျော်ပါး

လှိုင်းခေါင်းဖြူတွေကြားမှာ ကျင်လည်နေပြီး..

ကျောက်ဆောင်ကျောက်ဖျားမှာနားခိုအေးချမ်းရှင်သန်တယ်..။



မရိုးသားတဲ့ ဟန်ဆောင်မှုတွေမကင်းတဲ့

ကောက်ကျစ်စဉ်းလဲ ဒေါသ မောဟ မန်မာန တွေမကင်းတဲ့..

လွမ်းဆွေးကြေကွဲ ရှိုက်ငင် ငိုကြွေး ပူဆွေးမှုတွေနဲ့ ပြည့်နက်နေတဲ့

လူသားတွေရဲ့ ဘ၀ အမောတွေကိုလဲ ပြေပျေက်စေနိုင်မယ်ဆိုရင်..



မင်းတို့လို.. ဟန်ဆောင်မှုတွေ ကင်းတဲ့၊ရိုးသား၊ လွပ်လပ်၊

အေးချမ်း ခြင်းတွေ လူသားတွေ ကို မျှဝေ ခံ စား ပါရစေလား………….။

No comments:

Post a Comment