ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၄၃) ရပ်ကွက်ရှိ ကျောင်းသား
များ စုစည်းနေထိုင်ရာဘော်ဒါဆောင်တစ်ခု၌ကလေးရှစ်ဦးတွင် New Influenza A(H1N1)
ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်
တိုင်း ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းအဖွဲ့သည်အ
ဆိုပါလူနားများနှင့် ဆက်နွယ်မှုရှိသော အတူနေသူများနှင့် ထိတွေ့မှုရှိသူများ၊နေထိုင်သော
အိမ်များနှင့် ရပ်ကွက်အတွင်းရှိ ဆက်နွယ်သူများအား အသေးစိတ် စစ်ဆေးခြင်းနှင့် လူနာ
သစ်ရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လူနာကျောင်းသားများနှင့်အတူ နေသူများ၏
စာသင်သော ကျောင်းများဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၄) အခြေခံ
ပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်
(၂၃) အခြေခံပညာ မူလတန်းကျောင်းတို့မှ ကျောင်းသားအချို့ ဖျားခြင်းနှင့် တုပ်ကွေး
လက္ခဏာများ တွေ့ရှိရသည်။

ထို့ကြောင်း ၄င်းတို့အား သီးခြားစီခွဲထားစေ၍ ဓာတ်ခွဲနမူနာ
များ ရယူစစ်ဆေးခဲ့ရာ၌ နောက်ထပ် ကျောင်းသားရှစ်ဦးတွင် New Influenza A(H1N1)
ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ လူနာများသည် ဝေဘာဂီ
အထူးကု ဆေးရုံကြီးတွင် နှစ်ဦးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ခြောက်ဦး တက်
ရောက်ကုသမှုခံယူလျက်ရှိပြီး၎င်းလူနာရှစ်ဦး၏အခြေအနေမှာကောင်းမွန်လျက်ရှိကြောင်း
သိရှိရသည်။ ပြည်သူလူထုအတွင်း ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်
ကြီးဌာန၏ ကမ္ဘာ့ လူတုပ်ကွေးကပ်ရောဂါကာကွယ်ရေး သတိပေး နှိုးဆောင်ချက်များကို
တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်နှင့် ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ပူးပေါင်း
ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:
Post a Comment