Wednesday, February 24, 2010

"လူနှစ်ထောင်ကျော်ရဲ့တိုက်ပွဲပဲ ဒါပေမယ့် သန်းခြောက်ဆယ်နဲ့တိုက်ရိုက်ဆိုင်တယ်"

ကိုကျော်သူခင်ဗျား............

ကျနော် အောင်မျိုးသိမ်း ( ကိုမျိုး ) ပါ......ကိုထွဋ်ထွဋ်နဲ့ အတူတူနေတဲ့ သူပါ.......အစ်ကို ထိုင်းသွားပြီးအပြန် ကိုပါကြီးထည့်ပေးလိုက်တဲ့ အန်တီစုပုံနဲ့  အလံကို သယ်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါကြောင်း ပဏာမ ပြောချင်ပါတယ်.....အခု ကျနော် ပို့ ပေးလိုက်တဲ့ စာသားလေးကို ဖတ်ပြီး အစ်ကိုယ့် ဒီမိုဝေယံ မှာတင်လို့ရရင် တင်နိုင်အောင် ပို့ ပေးလိုက်ပါတယ်.......စာသားလေးကို သဘောကျလို့ ပါ...

ကျေးဇူးတင်ပါတယ်.....

အောင်မျိုးသိမ်း ( ကိုမျိုး ) တိုကျို





"
လူနှစ်ထောင်ကျော်ရဲ့တိုက်ပွဲပဲ ဒါပေမယ့် သန်းခြောက်ဆယ်နဲ့တိုက်ရိုက်ဆိုင်တယ်
"

ဒီနေ့မေးလ်ဖွင့်တဲ့အခါ သူငယ်ချင်းတစ်ယောက်က မေးလ်ကနေ ကဗျာလေးကို နှလုံးသားနဲ့ဖတ်ပါလို့ မှတ်မှတ်ရရ ပေးပို့လာတယ်။ ကျွန်မ တကယ်ဝန်ခံပါတယ်။ ကဗျာဖတ်ဖတ်ပြီးပြီးချင်း မျက်ရည်ကျမိတယ်။

“ အဲဒီနေ့က လစာနှစ်သောင်းခွဲအတွက်ပါ ”

အဲဒီနေ့က ကမ္ဘာကြီးအတွက်သာမန်နေ့ပါဘဲ

ကျွန်တော်ဘယ်မေ့နိုင်ခဲ့မလဲ…..

အဲဒီနေ့မှာ လှိုင်သာယာမှာ ဆန္ဒပြတယ်

ဒီဟါကို အရှင်းဆုံးပြောရရင်

အမြတ်ဆုံးလူတန်းစားရဲ့

အရိုးဆုံးအသံထွက်တစ်ခုပါ…။

ဒီအထည်ချုပ်သမလေးတွေရဲ့ ငိုညည်းသံ

ဒါဟါ မင်းဆိုးမင်းညစ်တွေအတွက်

ငရဲလားတေးသွားသံဖြစ်မယ်….

လူစစ်လူမှန်တွေရဲ့

အမောက်ထောင်တွန်ကျူးသံလည်းဖြစ်တယ်..။

သူတို့လေးတွေခမျာ

ကါးခဈေးတက်ရင်လည်းခံရတယ်

ဆီဈေးဆန်ဈေတက်လည်းခံရတယ်

ဘဝပျက်ရင် ဖာခံရတယ်…

ခံဖို့သက်သက် ဘဝထွက်လားသလားလို့တောင်

အားတုံ့အားနာတွေမိပါတယ်…။

အသန့်ရှင်းဆုံးငွေကြေးကို

အရင်းအနှီးအကြီးဆုံ ပေးဆပ်မှုတွေနဲ့

သူတို့တွေခမျာ ရှာဖွေနေရှာတယ်….။

သူတို့လေးတွေရဲ့လောကဓံဇာတ်ဝင်ခန်းဟါ

နိုဘယ်ဆုရသူထက်လည်းသာတယ်

အော်စကါဆုရခဲ့သူတွေထက်လည်းသာတယ်

အကယ်ဒမီရှင်တွေထက်လည်း မြင့်မြတ်ပီပြင်နေခဲ့တယ်

ဒါပေမယ့် သူတို့လေးတွေခမျာ

ရသင့်တဲ့ဆုအားလုံးနဲ့တော့လွဲခဲ့ရရှာတယ်…..။

ငါမအားတဲ့ကြားကနေ အသံတစ်သံကြားလိုက်တယ်

လှိုင်သာယာမှာ ဆန္ဒပြနေကြတယ်တဲ့

မဖြစ်နိုင်ဆုံးပုံပြင်တစ်ပုဒ်ဖြစ်လို့……

အသောအထေ့ပြက်လုံးဖြစ်လို့…..

ဇုံလုံးမှိတ်ငါ ယုံလို့ဖြစ်မလား

ဒီလိုနဲ့

အဲဒီကိုငါရောက်ရှိသွားခဲ့တယ်……။

ငါသွားတော့ရောဘာဖြစ်မှာလည်း

အဲဒါဟါ နအဖလမ်းသစ်ဖွင့်ပွဲဆို ငါဘယ်သွားမလဲ

နိုင်ငံရေးပါတီတွေရဲ့ အင်အားပြပွဲဆိုလည်း ငါဘယ်သွားမလဲ

သူတို့လေးတွေဟါ

ဘဝပျက်ကွဲနေပေမယ့်

မသိခြင်း ကြောက်ရွံ့ခြင်းကြားမှာ

အသံတွေတိတ်ဆိတ်နေခဲ့တယ်

အခု ပွင့်အာလာခဲ့ပြီ…တောက်ပခတ်ပွင့်ခဲ့ပြီ

နအဖအတွက်တော့ ခြောက်အိပ်မက်ဖြစ်မယ်ထင်တယ်…။

အထည်ချုပ်သမဆိုတာမသိရင် ငွေနှစ်သောင်းခွဲကိုပြေးမြင်လိုက်

အဲဒီငွေဟါ ၂၅ဒေါ်လာနီးပါးနဲ့ညီမျှတယ်

အဲဒီငွေဟါ ဘဝတစ်ခုစာနဲ့ညီမျှတယ်

အဲဒီငွေဟါ အဖေအိုကို ကျေးဇူးဆပ်နေတာနဲ့ညီမျှတယ်

အဲဒီငွေဟါ ကလေးကျောင်းစရိတ်နဲ့ညီမျှတယ်

အဲဒီငွေဟါ ကမ္ဘာကြီးကို အဝတ်ဝတ်ပေးနေတာနဲ့ညီမျှတယ်

အဲဒီငွေဟါ တီဘီဖြစ်နေတဲ့မောင်လေးအတွက် အသက်ကယ်ဆေးလည်းဖြစ်တယ်

အဲဒီငွေဟါ အိတ်ချအိုင်ဗွီဖြစ်နေတဲ့လင်သားအတွက် ဆန်ပြုတ်လေးတိုက်ဖို့ဖြစ်တယ်

အဲဒီငွေဟါ ဖာမဖြစ်ရေးအတွက် ဂုဏ်သိက္ခာနဲ့အစာအိမ်ရဲ့ ထွန်ကြောင်းရာလည်းဖြစ်တယ်

အဲဒီငွေဟါ တရုတ်ပြည်ကြီး ချမ်းသာကြီးပွားနေတာနဲ့ ညီမျှတယ်

အဲဒီငွေဟါ နအဖအာနာတည်မြဲနေတာနဲ့ ညီမျှတယ်

ငါတို့ခေတ်မှာ ငါတို့ခေတ်ရဲ့ရတနာမိခင်တွေ

ဘယ်လောက်ဘဝနစ်မွန်းခဲ့ရတယ်ဆိုတာနဲ့ ထပ်တူအချိုးကျတယ်….

အဲဒီတစ်သောင်းခွဲဟါ သူတို့လေးတွေရဲ့ တစ်လစာဖြစ်တယ်

အဲဒီတော့

အဲဒီငွေနဲ့ အဲဒီသမလေးတွေဟါ သမိုင်းသက်သေနဲ့ညီမျှနေရှာတယ်။

ဒါပေမယ့်

အထည်ချုပ်သမလေးတွေခမျာ

တစ်လမှာမြန်မာငွေသောင်းခွဲ

တစ်ရက်ပျက်ရင် တစ်ထောင်ကျပ်ဖြတ်ခံရတယ်

နေ့ထူးနေ့မြတ်ရုံးပိတ်ရက် လာနောက်မနေနဲ့

ကော်ဖီဘရိတ်မရှိဘူး

ရီထရိခရီးမရှိဘူး

အိုင်အယ်လ်အိုကိုမသိဘူး

အလုပ်သမားအခွင့်အရေးမသိရှာဘူး

မီးဖွားခွင့် ရှောင်တခင်ခွင့် နေမကောင်းခွင့်

ဟုတ်ကဲ့ရှင် စာအုပ်ထဲမှာလို့တောင်

သူတို့မင်းကိုပြန်မဖြေနိုင်မှာမဟုတ်ဘူး

သူတို့သိတာ တစ်လနှစ်သောင်းခွဲအပြည့်ရရေး….

သူတို့သိတာ ဒီအလုပ်လေးမပြုတ်ရေး။

တစ်ရက်မှာ ၉နာရီ

မတ်မတ်ရပ်၊ မြန်မြန်ချုပ်၊

ကိုကိုတရုတ်ပြည်ကြီးအတွက်

အချိန်တိုတိုမှာ များများထုတ်ဖို့လေ

ကန်တော့ပါရဲ့

ရာသီလာတဲ့ ဂွမ်းစထုတ်တောင်

သူ့ပေါင်ကြားကဆွဲမထုတ်အားဘူး

သူတို့အလုပ်ရှုပ်ခဲ့ရရှာတယ်။

အော်……တစ်လတစ်သောင်းခွဲရယ်

ပေါက်ဖော်ကြီးလုပ်ရဲတယ် နအဖထောက်ခံတယ်

ဒီအထည်ချုပ်သမလေးတွေဟါ

ငါတို့မြန်မာပြည်ရဲ့ရတနာလေးတွေပါ

ငါတို့တိုင်းပြည်ရဲ့မိခင်လောင်းတွေပါ

ငါတို့တိုင်းပြည်ရဲ့စက်မှုဇုံတွေပါ

ငါတို့တိုင်းပြည်ရဲ့လူ့အခွင့်အရေးတွေပါ

ငါတို့တိုင်းပြည်ရဲ့

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရွှေပြည်တော်သာလမ်းမကြီးနံဘေးက

မြင့်မြတ်မညှိုးပန်းတွေပါ

အခုတော့

သူတို့ကို ပေါက်ဖော်ကြီးကလုပ်တယ်

နအဖကချုပ်ပေးတယ်…။

အဲဒီ

ဘဝမုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးတွေဟါ

ငါတို့တိုင်းပြည်ရဲ့ အနာဂတ်မိခင်တွေ

ငါတို့တိုင်းပြည်ရဲ့နှမသားချင်းတွေ

ငါ့တို့တိုင်းပြည်ရဲ့ ချွေးစက်တွေ

အခုတော့ နအဖရဲ့ယုတ်မာမှုအောက်

တရုတ်ကမုဒိန်းကျင့်ကောက်ကျစ်မှုအောက်.

………………….

………..။

သူတို့ခမျာ

သူတို့နိုင်ငံရေးလည်းနားမလည်ရှာပါဘူး

လစာလေးတိုးတောင်းတာကို

အဖြေမညှိဘဲ

အဓိကရုန်းခေါဘဏီတပ်ကြီးချီလို့

တပ်မတော်သာအမိ တပ်မတော်သာအဖ

လူကြီးမင်းများခင်မျာ

ဝန်းရံဖြေရှင်းလိုက်ပုံများ

ဒိုင်းလွှားကားသေနတ်များနဲ့

သွေးမြေကျရင်ဆေးဖို့ထင်ပါ့

နိုင်ငံတကာကလှူထားတဲ့ မီးသတ်ကားများတောင်ပါလာပါသေးသမို့

အော်…လုပ်ရက်ပေတယ်လို့သာ…။

အထည်ချုပ်တဲ့လက်ပါရှင်

တိုင်းပြည်ဖျက်ချင်ရင်……

ဆူပူဆန္ဒပြချင်ရင်.……

အထည်ချုပ်စက်ရုံရှေ့မှာလစာတိုးတောင်းပြီး

အချိန်ကုန်ခံပါမလားရှင်လို့

သူတို့ပြောခွင့်ရရင် ( လူကြီးမင်းတို့ကြားမှာပါ )

နားထောင်ရဲဖို့သာ သတ္တိခွန်အားမွေးထားကြပါ…။

သေနတ်ကြီးတကါးကါးနဲ့ လူကြီးမင်းများခင်များ

သူတို့ဟါ

ငတ်နေတာလေး ကြိုးညှိဖို့

လခလေးတိုးတောင်းမိတာပါဗျာ….။

သေနတ်ကြီးတကါးကါးနဲ့လူကြီးမင်းများခင်ဗျာ

သူတို့လစာတိုးတောင်းတာဟါ

လူကြီးမင်းတို့ လူကြီးမင်းအချင်းချင်း

လစာတိုးပေး မသထာရေစာတန်းညှိရေးမှာ

အခြေခံစားကုန် ဗြောင်းဆန်ကုန်လို့

လစာတိုးတောင်းမိရှာတာပါခင်ဗျာ…။

သူတို့ခမျာ

သူတို့ခများ ဘိန်းမှောင်ခိုလည်း မကူးခဲ့ပါဘူး

ပြည်ပလည်းအားမကိုးပြီး ပုဆိန်လည်းအရိုးခဲ့ပါဘူး

တပ်မတော်ဖြိုခွဲဖို့လည်း အားမထုတ်ခဲ့ရှာပါဘူး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း မဖြိုခွဲခဲ့ပါဘူး

တိုက်လေယဉ်တွေလည်း ဝယ်ဖို့မစီစဉ်ခဲ့ပါဘူး

လျှပ်စစ်ဓာတ်အားနဲ့ တွင်းထွက်ရတနာများလည်း ရောင်းမထုတ်နိုင်ခဲ့ပါဘူး

ထမင်းနပ်မှီဖို့အရေး

ရသင့်ရက်မရတဲ့လစာလေး

နှစ်သောင်းခွဲကနေ သုံးသောင်းခွဲဖြစ်ရေးတောင်းဆိုမိတာလေးပါ

အဲဒီနေ့ကသူတို့လက်ထဲမှာ

မနေ့ညကထမင်းကြမ်းခဲနဲ့ ပဲပြုပ်ဆီမဆမ်းထည့်ထားတဲ့

ထမင်းချိုင့်လေးဘဲပါပါတယ်။

အဲဒီနေ့က သူတို့လက်ထဲမှာ

ပျက်လုလုဘဝတစ်စုံ

မျှော်လင့်ချက်မဲ့တုန်တုန်ရင် ကိုင်ထားတာဘဲ

ကျွန်တော်မြင်မိပါတယ်။

အဲဒီနေ့က

သူတို့အရှေ့မှာ

ဒိုင်းလွှားသေနတ်တကါးကါးနဲ့လူကြီးမင်းများခင်ဗျား….

သံဃာတောင်သတ်ရဲသူခင်ဗျားတို့အတွက်

ကျွန်တော်ဘက်မှာတားစရာ စကားမဲ့ပါတယ်

တစ်ခုဘဲတောင်းပန်ပါစေ

သူတို့ရှာနေရတဲ့ လစာတစ်သောင်းခွဲထဲမှာ

ခင်ဗျားတို့ကိုတိုးပေးဖို့ထားတဲ့ လစာလေးတွေပါပါတယ်…

ကျွန်တော် မျက်ရည်တွေဝေ့သွား၊

အသက်ရှုတွေကြပ်သွားလို့

အဲဒီအရှေ့ကနေလှည့် ပြန်လာခဲ့လိုက်တယ်…

နောက်နေ့သတင်းတွေမှာသာ

ခင်ဗျားတို့ဆက်နားထောင်ပါတော့ဗျာ…..။ ။

ခင်ဗျားတို့နားရောက်ပြီးမှ မကြည့်ရက်တော့လို့ ကျွန်တော်လှည့်ပြန်လာမိတာကိုခွင့်လွှတ်ကြပါဗျာ။ နှမတို့ လောက်မှ သွေးမရဲ၊ သတ္တိမရှိတဲ့ ကျွန်တော်ဟါ ဒီကဗျာလေးတစ်ပုဒ်နဲ့တော့ ခင်ဗျားတို့ကို ဂုဏ်ပြုပူဇော်ပါရစေ ။ ခင်ဗျားတို့ တိုးလိုချင်တဲ့ လစာလေးများလည်းရရှိခံစားနိုင်ကြပါစေလို့ ဒီည ကျွန်တော်ဆုတောင်းပေးပါတယ်..။ အငြိမ်းချမ်းဆုံး တရားဓမ္မထွန်းကါးရာ ကျွန်တော်တို့တိုင်းပြည်မှာ တရားမျှတမှုမရှိဆုံး အဖြစ်ပျက်တွေ ဖြစ်ပျက် နေတာ ဘယ်တော့များမှဆုံးမှာလည်းလို့လည်း ယောင်္ကျားတန်မဲ့ မျက်ရည်ဝဲမိပါတယ်ဗျာ.။ အသန့်ရှင်းဆုံးနေ ရာမှာ အယုတ်ညံ့ဆုံးလူတွေရှိနေသရွေ့တော့ ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးသောသူတွေရဲ့ ဘဝတွေ ရင်း နှီးပျက်စီးပေးရဦးမှာပေါ့လေ..။



နိုင်ငံပြုသစ္စာဖြင့်

ရွက်သစ်

၉၊ ၂၊ ၂၀၁၀

လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲသို့

ဒီကဗျာလေးအပြီးမှာ ဆို့နစ်နာကျင်မူတွေနဲ့ ထပ်မျက်ရည်ကျတယ်။ လေးလဲ လေးစားမိတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ တိုက်ပွဲကို အောင်မြင်စွာ အနိုင်တိုက်နိုင်ပါစေလို့ ဆုတောင်းတယ်။

No comments:

Post a Comment