Wednesday, February 17, 2010

နောက်ဆုံးမြူနှင်း


၂၀၁၀ရဲ့  ၄၈ ရက်မြောက်နေ့
ဒီနေ့ ရန်ကုန်မှာ
နောက်ဆုံးမြူနှင်းကျတယ်
နောက်ဆုံးပိတ် အိတ်နဲ့လွယ်
အတော်လေးကို ထူတာပဲ။
အုံ့ဆိုင်းနေတဲ့ မြူနှင်း
ရှေ့ ကို မမြင်နိုင်လောက်အောင်ပဲ
ဒါပေမယ့် တခဏတာပါ။

အချိန်တန်တော့လည်း
ပျောက်ဆုံးသွားတာပါပဲ
ဒီလိုပဲ ဘ၀မှာ
မြူတွေဝေတဲ့ နေ့တွေ
ဘယ်လောက်ပဲရှိရှိ
နောက်ဆုံး မှာတော့
မြူမှုန်ကင်းတဲ့ နေ့တွေ
ရောက်လာတာပါပဲ။
ဒါပေမယ့်
ဘာလို့လဲ မသိ
မြူနှင်းတွေ
ပြန်ကျလာမယ့်နေ့ကို
မျှော်နေမိတယ်။

No comments:

Post a Comment