၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်း ပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ NLD
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့နေအိမ်အကျယ်ချုပ် သက်တမ်း မပြည့်ခင်
တစ်ရက်အလိုမFreedom News Group မှ စုံစမ်းသိရှိရသည်၊၊
ပြန်လည်လွတ်မြောက်လာသော ဦးတင်ဦးသည် ရွှေဂုံတိုင်ရှိ NLD ဌာနချုပ်သို
့ချက်ချင်းပင်သွာလာရောက်ခဲ့သည် ဟု NLD လူငယ်
တစ်ဦးက FNG သို့ ပြောသည်။ပြန်လည် လွတ်မြောက်လာသည့် ဦးတင်ဦးအား ပြည်တွင်း
နှင့် နိုင်ငံခြားသတင်းထောက်များချက်ခြင်းပင်တွေ့ ဆုံမေးမြန်းရာ ပြန်လည်
ဖြေကြေားခဲ့သည် ။

Freedom News Group မှ စုံစမ်းသိရှိရသော သတင်းများအရ ဦးတင်ဦးအား ရက်
အနည်းငယ် အတွင်းပြန်လည်လွှတ်ပေးတော့မည် ဟု တွစ်တာတွင် ဖေ
ှာပြခဲ့ပြီးဖြစ်သည်။အသက် ၈၄ နှစ်ရှိ
အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ပါတီ အထွေထွေ
အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ပါတီဝင်များ၊
ထောက်ခံအားပေးသူများနှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ
ရက်နေ့တွင် အထက်မြန်မာပြည် စည်းရုံးရေးခရီး လှည့်လည်နေစဉ်စစ်ကိုင်းတိုင်း
ဒီပဲယင်းမြို့အနီး
ကျည်ရွာတွင် စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏
ဝိုင်းဝန်းရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ
၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် အကျယ်ချုပ်
ချခံနေရသည်။

No comments:
Post a Comment