Wednesday, February 17, 2010

ပထွေးကို အဖေထင် ဗိုလ်သန်းရွှေ အလိုက်မှား...

မိုးမခဘလော့မှာ မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအီ မွေးနေ့
ရန်ကုန်မြို့တွင် ပြုလုပ်ဆိုတဲ့ သတင်းပါလာလို့ သွားဖတ်ကြည့်ရင်း
စစ်အစိုးရ သတင်းစာလို့ပြောတဲ့၁၅ရက်နေ့ထုတ် ဝါဒဖြန့် ကြေးမုံစာစောင်
ကိုဖတ်ကြည့် ဖြစ်ပါတယ်.. ရှေ့မျက်နှာဖုံးမှာတော့ ထုံးစံအတိုင်း
နိုင်ငံတော် အကြီးအကဲလို့ ကိုယ့်ကိုယ်ကိုယ် နာမည်ပေးထားတဲ့ သူရဲ့
သဝဏ်လွှာနဲ့ ဖိနပ်သိန်းစိန် တို့ရဲ့ သဝဏ်လွှာတွေကို ဖော်ပြထားပြီး
နောက်တခုကတော့ မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအီးရဲ့ မွေးနေ့ကို
ဗိုလ်ချုပ်တင်အေးတို့ တက်ရောက်တဲ့ သတင်းတို့ ဖော်ပြပါရှိပါတယ်။

၁၄ရက်နေ့က အာဏာရှင် ကင်မ်ဂျုံအီးရဲ့ မွေးနေ့ဖြစ်ပေမယ့် ၁၃ရက်နေ့ကတော့
တပ်မတော်နဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်ပြည့်
မွေးနေ့ပါ။ ဒီနှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်မွေးနေ့ဟာ
ဗိုလ်ချုပ်ကို မွေးတဲ့ စနေနေ့ဖြစ်နေတာပါပဲ..... နောက် မြန်မာနိုင်ငံရဲ့
ကလေးများနေ့ဟာလည်း ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုပြီးသတ်မှတ်ထားတာပါ..။
ပြောချင်တာကတော့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့တပ်မတော်ရဲ့
ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်းကို တလုံးတပါဒမှ
သတင်းစာတွေ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေထဲမှာ မဖော်ပြပဲနဲ့ သမိုင်းကို
ဖျောက်ဖျက်ဖို့ ကြိုးစားနေပြီးတော့ ဘာမဟုတ်တဲ့ တိုင်းတပါးက အာဏာရှင်
ပထွေးမွေးနေ့ကိုတော့ အကျယ်တဝင့် သတင်းစာမျက်နှာဖုံးမှာ
ဖော်ပြပါရှိလာတာပါပဲ....

မျက်နှာပြောင်တိုက်ပြီး ပြည်သူကို စော်ကားလိုက်တာပါပဲ ...
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ယခုခေတ်စစ်အာဏာရှင် ဗိုလ်ချုပ်တွေကတော့
နံသာနဲ့အီး ဆီနဲ့ရေလို ကွာပါတယ်။ သမိုင်းချင်းကော စိတ်ဓာတ်ချင်းကော
အစစအရာရာမနှိုင်းကောင်း နှိုင်းကောင်းလို့ ဆိုရလောက်အောင် ကွာပါတယ်...
ကျွန်တော်တို့ ဗိုလ်ချုပ်က လွတ်လပ်ရေးပဲ အရယူပေးတာလေ... ပထွေးကတော့
ညူကလီးယားတွေ နည်းပညာတွေပေး လှိုဏ်ခေါင်းတွေဆောက်ပေး လက်နက်တွေ
ပေးနိုင်လို့ပါပဲ...

ဗိုလ်ချုပ်အောင်ဆန်းကို သန်းရွှေ အာဃာတတရား ကြီးမားတာကတော့
ကမ်းကုန်ပါပဲ.... အမေရိကားက ထောက်လှမ်းရေး ဗိုလ်မှုးဟောင်း
ဗိုလ်မှုးအောင်လင်းထွဋ်နဲ့ တွေဆုံခန်းတွေ နားထောင်ဘူးရင် သိကြမှာပါ...
ဗိုလ်ချုပ်အောင်ဆန်းကို ဒီငတိ ဆိုတဲ့ စကားလုံးနဲ့ တိုက်ခိုက်တာတွေ..
ရန်ကုန်ကနေ နေပြည်တော် လာတဲ့ လမ်းတလျှောက်မှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့
စကားလုံးမမြင်ချင် ဘူးဆိုလို့ မင်္ဂလာဒုံ ထောက်ကြံ့က
အောင်ဆန်းသူရိယလှသောင်း ကျောင်းသို့ ဆိုတဲ့ ဆိုင်းဘုတ်ကို လမ်းမကနေ
အထဲကို ထည့်ပေးလိုက်ရတယ် ဆိုတဲ့ အကြောင်းတွေ ကြားဘူးပါတယ်... အခုတော့
ပထွေးကို အဖေထက် အချစ်ပိုနေပြီး .. အဖေ့မွေးနေ့ထက် ပထွေးမွေးနေ့က
ပိုလို့အရေးကြီးနေပါပြီ.... အာဇာနည်ဗိမာန် ဖောက်ခွဲခဲ့တာတောင်
ဗိုလ်သန်းရွှေတို့ အမှတ်မရနိုင်ဖြစ်နေပါပြီ။

အဖေအရင်းထက် ပထွေးကို ခင်တွယ်နေရင်တော့ ..မကြာတော့တဲ့
တနေ့မှာဗိုလ်သန်းရွှေတို့လည်း ဇာတ်သိမ်းမလှ ဖြစ်ပြီး ကိုယ့်အကုသိုလ်ကံ
ကိုယ်ပြန်ခံရပြီး ပထွေးဆောက်ပေးတဲ့ လှိုင်ခေါင်းပိပြီး
မြေမျိုတော့မှာမြင်ယောင်နေမိပါတော့တယ်......

No comments:

Post a Comment