ရန်ကုန်မြို့တစ်ဘက်ကမ်း လှိုင်မြစ်ကမ်းတစ်လျှောက်တွင် သင်္ဘောကျင်းများ၊
စက်သုံးဆီသိုလှောင်ကန်နှင့် ဆိပ်ကမ်းများ တည်ဆောက်ရန် ကုမ္ပဏီများအား
နေရာချထားပေထား
ရန်ကုန်မြို့ တစ်ဘက်ကမ်း လှိုင်မြစ်ကမ်းတစ်လျှောက်ရှိ
ဆိပ်ကြီးခနောင်တိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်အပိုင်
ကျေးရွာများ၏ မြစ်ကမ်းနဖူးများရှိ နေအိမ်များအား ဖယ်ရှားရှင်းလင်းကာ
သဘောင်္ကျင်းများ စက်သုံးဆီသိုလှောင်ကန်များ စက်သုံးဆီတင်ပို့သည့်
ဆိပ်ကမ်းများ တည်ဆောက်ရန် မြေနေရာများ သတ်မှတ်ပေးထားကြောင်း
သတင်းရရှိသည်။

အဆိုပါ မြေနေရာများအား မြန်မာနိုင်ငံသားနှင့်
တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီများအား နေရာသတ်မှတ်ပေးထား
ကြောင်းလည်းသိရသည်။ လှိုင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၁၂ ရွာတွင်
လူနေကွက်သစ်များ ပြန်လည်ဖော်ထုတ်သွားမည်ဖြစ်ပြီး နှစ် ၃၀ ဂရမ်လည်း
ပေးသွားမည်ဟု သိရသည်။ အဆိုပါ ကျေးရွာများတွင် လျှပ်စစ်မီး၊
အဝေးပြောဖုန်းများလည်း ရရှိနေပြီဖြစ်သည်။ ယင်းရွာများမှ
လှိုင်သာယာမြို့သို့ ဆက်သွယ်သွားလာနိုင်သည့် ကုန်းတွင်းလမ်းတစ်ခုကို
အားချင်းဖောက်လုပ်နေပြီး ရေလမ်း သာမက ကုန်းလမ်းဖြင့်ပါ ရန်ကုန်မြို့နှင့်
ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်းသိရသည်။

No comments:
Post a Comment