မတ်လ (၁၄)ရက်နေ့ထိုင်းနယ်စပ်မှာ MPU ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးတဲ့အစည်းအဝေးအရ
ကြားဖြတ်အစိုးရဖွဲ့သင့်ကြောင်း၊ ဂန္ဒီ ညီလာခံဆုံးဖြတ်ချက်--- စသောအကြောင်းအရာများကို ဦးသိန်းဦးနှင့် ခွန်မြင့်ထွန်းတို့မှ
လေကြီးလေကျယ်များဖြင့်ဆွေးနွေးခဲ့သည့်မှတ်တမ်းကို နေ့သစ်မီဒီယာမှာတင်ပြပေးလို့ကြည့်လိုက်ရပါတယ်။
( ခွန်မြင့်ထွန်းလည်း တဖြည်းဖြည်းနှင့် စောက်ပေါဖြစ်လာသည်ကိုသဘောပေါက်မိ၏)
ဒီကနေ့ဘီဘီစီအင်တာဗျူးမှာတော့ ဦးသိန်းဦး က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သင့်ကြောင်းပြောဆိုပြန်ပါတယ်။ ပါတီရုံးရှိမှ လူထုစည်းရုံးရေးလုပ်ငန်းတွေလုပ်လို့ရမယ်ဆိုပြီးဆင်ခြေပေးပါတယ်။
ဦးသိန်းဦး ဆိုသည့်ပုဂ္ဂိုလ် မည်သည့်နယ်မြေမှာရွေးချယ်ခံခဲ့ရသည်ကိုမသိပါ။ မန္တလေးဘက်ကဟုပြောသံကြားသည်။
ဒါပေမဲ့ သူ့နာမည်ကို ပြည်တွင်းမှာတခါမှမကြားခဲ့ဘူးပါ။ ဦးသိန်းဦးဟာ လူထုစည်းရုံးရေးလုပ်ငန်း၊ လူထုတိုက်ပွဲလုပ်ငန်းတွေမှာ မပါဝင်ခဲ့ခြင်းကြောင့် မကြားဘူးတာဖြစ်ပါလိမ့်မယ်။လူထုစည်းရုံးရေးကိုနားမလည်သောကြောင့်အခုလိုစကားပြောခြင်းဖြစ်၏။
၈၈၈၈ မျိုးဆက်အုပ်စုတွေမှာ ရုံးခန်းတရားဝင်မရှိပါ။
ကျောင်းသားသမဂ္ဂတွေမှာ ရုံးခမ်းတရားဝင်မရှိပါ။
သို့သော် ကျနော်တို့ ကျောင်းသားမျိုးဆက်များဟာ လူထုကိုစည်းရုံးပြီး တိုက်ပွဲဖေါ်ဆောင်နိုင်ခဲ့ပါတယ်။
၁၉၉၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဲနိုင်အောင် တနယ်ပြီးတနယ်ဆင်း စည်းရုံးနိုင်ခဲ့ပါတယ်။
ဦးသိန်းဦးခင်ဗျား
အခုပဲ ကြားဖြတ်အစိုးရဖွဲ့မယ် ပြောလိုက်၊ အခုပဲ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သင့်ပါတယ် ပြောလိုက် လုပ်နေခြင်းဟာ
ဖာသည်မ ပါးစပ်က ဈေးအမျိုးမျိုးခေါ်နေသလိုမျိုးဖြစ်နေတယ်ဆိုတာသတိပြုပါ။
ဦးသိန်းဦးတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလုပ်နေတဲ့ နိုင်ငံရေးဆိုတာ
မယားငယ်တွေ ဆံပင်ညှပ်ဆိုင်နောက်တဆိုင်ဖွင့်ဖို့အတွက် လုပ်နေတာလား။
ပြည်သူ့အတွက်လား ဆိုတာ သိချင်ပါတယ်။
နိုင်ငံရေးဆိုတာ မယားကြီးနဲ့ပေါင်းလိုက်၊ မယားငယ်နဲ့ပေါင်းလိုက်။
အလုပ်သမလေးတွေကို အရက်ဝိုင်းမှာ ခြေတော်တင်ဖို့ကြိုးစားလိုက်။
သောက်ရှက်မရှိဖြစ်ချင်တိုင်းဖြစ်နေတဲ့ နယ်စပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ ပါးစပ်ကပေါက်လွှတ်ပဲစားလျှောက်ပြောနေတဲ့
အရာမဟုတ်ပါဘူး။ အဆင့်အတန်းရှိဖို့လိုပါတယ်။
ဒီတပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အချောင်သမားတွေကိုတိုက်ထုတ်ဖို့လိုမယ်။
နယ်စပ်က ခြစားပျက်စီးနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖာခေါင်းများကိုလည်း ရှင်းလင်းပစ်ဖို့လိုမယ်။
အရေးတော်ပုံအောင်ရမည်။
ဖာသယ်ပါးစပ်နိုင်ငံရေးသမားများကျဆုံးစေရမည်။
ပြည်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များ
A Brief Interlude in The Tragedy of Burma
3 years ago
No comments:
Post a Comment