Wednesday, March 10, 2010

ပြတ်သားသည့် တိုက်ပွဲများကို ပြည်သူတွေကတောင်းတနေပြီ

ပြတ်သားသည့် တိုက်ပွဲများကို ပြည်သူတွေကတောင်းတနေပြီ

ပြောရင် ဦးဇင်းတို့ကို ဒီကိုယ်တော်ကြီးတွေဘာမှမသိဘဲနဲ့ နိုင်ငံရေးမကောင်းကြောင်းတွေ လျောက်ပြောနေတယ်ဆိုကြပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက စကားလေးတစ်ခု ကြားခဲ့ဖူးပြီး နားစွဲနေတာရှိပါတယ်။ ''ဘာပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုးကို ချိန်ဆ။ ကောင်းတာချည်းပဲဆိုရင်တော့ အကောင်းဆုံးပေါ့။ အကောင်းအဆိုး များနေမယ်ဆိုရင် စဉ်းစားသတိထား။ အဆိုးများပြီဆိုရင်တော့လုံးဝမလုပ်နဲ့''တဲ့။
ဒီနေ့ခေတ်ကလေးတွေ လွှတ်ပါးနပ်ကြသဗျ။ တကယ်ပြောတာပါ။ ကိုယ်တွေငယ် ငယ်တုန်းကဗျာ နှေးသဗျ။ လေးသဗျ။ တုံးသဗျ။ အသဗျ။ အရိပ်ပြရင် အရိပ်ပဲမြင်သဗျ။

တစ်ခါ ဒီလိုအခြေအနေတွေ ပေးနေပါရက်နဲ့ ကိုယ့်ရဲ့အဖိုးတန် အချိန်တွေကို ဘာဖြစ်လို့ ပေးနေရတာလဲ။ အကောင်းဆုံးအချိန် တွေကိုဖြုန်းနေရတာလဲ။ အကောင်း ဆုံးအချိန်ဆိုတာ ဦးနှောက်ကလည်း လန်းဆန်း၊ စိတ်ဓာတ်ကလည်းတက် ကြွ၊ ပူပင်စရာက မရှိလှရုံသာမက ပါဘူး။ ဘာတာဝန်၊ညာတာဝန်တွေကလည်းမထမ်းရသေးဘူးလေ။

ဦးဇင်းတို့တွေထဲမှာ ကောင်းတာရှိ ချင်ရှိမှာပါ။ ဒါပေမယ့် မကောင်းတာ ဘဲ မြင်မြင်နေရတာ များပါတယ်။နိုင်ငံရေးအကြောင့်အကျိုးရှိသွားတာတော့ မပြောတတ်ပါဘူး။ နိုင်ငံရေးကြောင့် အကျိုးမဲ့ သွားတာတွေကတော့ နေရာတော် တော်များများမှာ ပြောပြောနေတာကြားပါတယ်။

တွေ့တော့မြင်တယ်။ မြင်တော့ သိတယ်။ သိတော့ ကြိုက်တယ်။ ကြိုက်တော့လိုချင်တယ်။ လိုချင်တော့ဒုက္ခရောက်ပါရောဆိုတာမျိုးကပြောကြတာ၊ကြားရတာများလှပါပြီ။ဦးဇင်းတို့ပြောချင်တာက အများကြီးတွေထဲက နည်းလေးတစ်ခုအကြောင်းပါ။

ဒီနေ့ခေတ်လူငယ်တွေ၊ကလေး တွေတော်ကြတာကို ဦးဇင်းတို့ ခဏ ခဏပြောမိပါတယ်။ တစ်ဖက် ကလည်း ပညာလိုလား အမျိုးသားတို့ တိုးပွားဖို့အတွက် လေ့လာစရာ အစုံအလင်၊ တစ်ပုံတစ်ပင်ကလည်း လက်တစ်ကမ်းမှာငါတို့ငယ်ငယ်ကနဲ့ ကွာပ ကွာလို့တောင် တအံ့တသြဖြစ်ရပါတယ်။

တစ်ချို့တွေက အချိန်ကုန်စေတယ်။ ရုတ်ခြည်းတုံ့ပြန်မှုကို မြန်သထက် မြန်အောင်တွန်းအားပေးတယ်။ စူးစမ်းလေ့လာခွဲခြမ်းစိတ်ဖြာ သုံးသပ်တွက်ချက်ဆုံးဖြတ်တာတွေကို ဘေးပို့ပစ်လိုက်တယ်။ တိုက်ခိုက်သတ်ဖြတ်တဲ့ သူတွေကိုယဉ်ပါးတာများလာတဲ့အခါ 'လက်ဦးမှုအရယူရေး ၀ါဒ'ကခေါင်းထဲဝင်လာတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုမှာ ငါ မချရင်ခံရမယ်ဆိုတဲ့ အတွေးနဲ့အပြင်မှာ ပလေးလိုက်တာ လူသတ်မှုနဲ့ ထောင်ထဲရောက်သွားခဲ့ဖူးတယ်။ အကြမ်းဖက်တာ၊ ရက်စက်တာမဆန်းပါဘူး ဆိုတာမျိုးတွေဖြစ်လာတယ်။
'
'လူတွင်ပါလို့ နွား ကျားကိုက်တာ''ပြောချင်ပြော။ ''ကိုယ် အသုံးမကျလို့ဖြစ်တာ'' ပြောချင် ပြော။ ဖြစ်ပြီးတဲ့အချိန်ကျမှ လူငယ်တွေကိုချည်းပဲ အပြစ်လုံးလုံးပုံချကြမှာလား။ ကံကိုပဲယိုး စွဲကြမှာလား။လူကြီးတွေမှာရောတာဝန်မရှိကြဘူးလား။

ဦးဇင်းကိုယ်ကို ပြန်ပြီးမေးခွန်းထုတ်လာတဲ့ သူကို ကျေးဇူးတင်ပါတယ် အရှင်ဘုရားရဲ့ မိသားစုတွေကော် ဖမ်းခံရဘုးပါသလားတဲ့ ဟုတ်လို့ပဲဖြေးချင်းပါတယ် အစ်ကိုဖြစ်တဲ့ သူက ၂၀၀၇ ခုနှစ်မှာ ပြည်ပကိုထွက်ပြေးတိမ်းရောင်နေရပါတယ် သူရဲ့ မိသားစုတွေကတော့ တစ်လတစ်ချိန် လက်မှတ်ထိုးနေရပါတယ် ရှိတဲ့ ပစ္စည်းတွေကိုပါ သိမ်းထားကြောင်းပါ အစ်ကိုကတော့ (၇)နှစ်သားနဲ့ထောင်ကျခဲ့ပါတယ်။ ဦးဇင်းကတော့ မကြာသေးခင်ကမှာ ထောင်ကထွက်လာခဲ့ရကြောင်းပါ အဖေ အမေ မိသားစုကတော့ စစ်အာဏာရှင်တွေက အကုန်သိမ်းသွားလို့ ထင်မင်းကိုတော့ ၀အောင်မစားတဲ့ အခြေနေမှာရှိပါကြောင်း ပြောခြင်းပါတယ်။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်အရ အမြင့်ချင်းတူမှ အကျင့်ချင်း တူမှသာ ကောင်းမြတ်သော သမ၀ါယ သမ္ဗန္ဓအရ စည်းရုံး၍ ရမည်ဟု ပဋိကတော်မှာ အထင်းသာဖေါ်ပြထားပါတယ်။ အမြင့်ချင်းတူစေကာမှု အကျင့်ချင်းမတူလျှင်ဖြစ်စေ အမြင့်ချင်းလည်မတူ အကျင့်ချင်းမတူလျှင်ဖြစ်စေ သမ၀ါယ သမ္ဗန္ဓနည်းအရ စည်းရုံး၍မရနိုင် ညီညွတ်မှုမဖြစ်နိုင် ဆိုတာကို ဥာဏ်ကြီးသူတိုင်းသာ၊ဝေဖန်ပိုင်းခြား
သုံးဆင်ခြင်းနိုင်မှဖြစ်ပါတယ်။
ကမ္ဘာပေါ်အတွင်း သူတော်ကောင်းတရားများ ပြန်နှံ့ပြီး ငြိမ်းချမ်းသာယာနိုင်ကြပါစေ။
တော်လှန်းရေးသစ္စာဖြင့်
အရှင်xxxxxxxxx(ဖျာပုံ)

No comments:

Post a Comment