Tuesday, March 2, 2010

၂၀၁၀ပြည့် ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်သတ္တပတ် ကျင်းပမည် ။






: ၂၀၁၀ပြည့် ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်သတ္တပတ် ကျင်းပမည် ။



၂၀၁၀ ပြည့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်တ္တပတ် အထူးအစီအစဉ် အနေဖြင့်
ပြည်တွင်း ကဗျာဆရာများမှ ဦးဆောင်၍ ပွဲနှစ်ပွဲ ကို နှစ်နေရာခွဲ၍
ကျင်းပမည် ဖြစ်သည် ။

ကဗျာစာအုပ် အထူးရောင်းပွဲနှင့် ရာစုသစ် ဆယ်စုနှစ် ကဗျာ စာအုပ်ပြပွဲ (
၂၀၀၀-၂၀၀၉) ကို ၁၉ ရက်နေ့မှာ ၂၂ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည် ။

စာပေလောက ၅ စာအုပ်ဆိုင်နေရာ၌ မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကဗျာနှင့်
သက်ဆိုင်သူများ အားလုံး ပူးပေါင်း ပါဝင်သည့် ( ကဗျာ သရုပ်ဖော်
ပန်းချီဆရာ ၊ ကဗျာရေးသူ ၊ ထုတ်ဝေသူ ၊ အယ်ဒီတာ ၊ အွန်လိုင်း ကဗျာ ဆရာများ
) ကဗျာ စာတမ်းဖတ်ခြင်း ( တရက်လျှင် ကဗျာစာတမ်း ၇ စောင် )၊ ကဗျာရွတ်ခြင်း
(တရက်လျှင် ကဗျာဆရာ ဆယ်ဦးခန့် ) များ ကို ၃ ရက် ကျင်းပ မည်ဖြစ်ပြီး ။

ကဗျာ ၊လက်ရေးကဗျာ ပြပွဲ ကို ပန်းဆိုးတန်း ပန်းချီပြခန်း တွင် မတ်လ ၁၉
ရက်နေ့မှ ၂၂ ရက်နေ့အထိ
ကဗျာဆရာများ၏ လက်ရေး မူများကို မှန်ဘောင်သွင်း၍ ခင်းကျင်း ပြသမည်
ဖြစ်ပြီး ၊ ကဗျာချစ်သူ အမှတ်တရ စုဆောင်း ထားလိုသူများ ဝယ်ယူလိုက ကဗျာဆရာ
ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ရောင်းချပေးသွားမည် ဟု သိရှိရပါသည် ။


နွယ်ဦးသစ် ........ M.Myanmar အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment