အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား
ကျွန်တော်တို့ အမိမြေ မြန်မာနိုင်ငံတွင် နအဖ စစ်အစိုးရမှ ပြည်သူအပေါင်းကို စစ်ကျွန်ဇာတ်သွင်းရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်း လျှက်ရှိ ပါသည်။ ထိုရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု ကင်းမဲ့ပြီး ထိုဥပဒေများအတိုင်း ပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံ ဖွံဖြိုးတိုးတက်ရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီ ရရှိရေးတွက်လည်းကောင်း၊ တိုင်းရင်းသား များ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ လည်းကောင်း အာမခံချက် တစုံ တရာမရှိသည့် အတွက်၊ နအဖ၏ ရွေးကောက်ပွဲဆိုင် အလိမ်အညာ ဥပဒေ များကို ဖော်ထုတ်ဖွင့်ချရန်၊ အိန္ဒိယအပါအ၀င် နိုင်ငံတကာမှ သိရှိလာစေရန်၊ ထိုရွေးကောက်ပွဲဆိုင် ဥပဒေများကို နိုင်ငံသားများအနေနှင့် မိမိတို့ လုံးဝလက်မခံ ကြောင်း ဖော်ထုတ်ရန် ဆန္ဒပြပွဲ တရပ်ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသည်။ မျိုးချစ် မြန်မာနိုင်ငံသားတိုင်း တခဲနက်ပါဝင်၍ ဆန္ဒ ဖော်ထုတ်ကြပါရန် တိုက်တွန်း ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ဆန္ဒပြပွဲ စီစဉ်ရေးကော်မီတီ
နေ့ရက်- ၁၇ မတ်လ၊ ၂၀၁၀
အချိန်- နေ့လည် ၁၁ နာရီတိတိ
နေရာ- ဂျန်တားမန်တား
ဘတ်စ်ကား အစီအစဉ်- BCRC မှ မနက် ၉း၀၀ နာရီ။
C-1 မှ မနက် ၉း၃၀ နာရီ။
(ဘတ်စ်ကား ၅ စီး စီစဉ်ထားပါသည်)
No comments:
Post a Comment