အခု ဒီဆောင်းပါးကိုရေးသည်ကား မည်သူ့ကိုမှလည်း ချစ်လို့လည်းမဟုတ် မုန်းလို့လည်းမဟုတ် ပါ။ မဖြစ်သင့်သည့်ကို မဖြစ်သင့်ပါဟုသာ ထောက်ပြခြင်းဖြစ်သည်…ဒီလောက် ပိုက်ဆံအရမ်းကိုရှာချင်လျှင်ဖြင့် အစိုးရ၀န်ထမ်းဘ၀ကထွက်ပြီး စီးပွားရေးတစ်ခုခုကို လုပ်လျှင်အခုလိုလောဘဖြင့် ကြီးပွားနိုင်ပါသည်ဟု မြ၀တီ ချစ်ကြည်ရေး တံတားထိပ် အကောက်ခွန်ဝန်ထမ်းတွေအပါအ၀င် အဖွဲ့ပေါင်းစုံဟုခေါ်ဆိုသည့် ၀န်ထမ်းများကို ပြောချင်ပါသည်…
အခုဒီဆောင်းပါးတွင် အကောက်ခွန် နှင့် လ၀ကတို့၏ ကြီးလေးသော ပြစ်မူကြီး ၃ခုကို
ထောက်ပြမှာဖြစ်ပါတယ် ခင်ဗျာ…ကိုယ်မွေးသည့်မျောက်ကိုယ့်ပြန်ချောက်လျှင်ဖြင့် အပြင်က မျောက်ချောက်တာထက် ပိုခံရခက်သည်..ပိုလည်းအထိနာသည်….
နိင်ငံရေးသမားများသည် ငတ်မည်၊ပြတ်မည်…စစ်အစိုးရ၏ လက်ပါးစေများ ရိုက်နှက်နှိပ်စက်မည်ကို သိသိကြီးဖြင့် ပြည်သူတွေ၏ ရပိုင်ခွင့်ကို မကြောက်တမ်း လူရှေ့သူရှေ့ထွက်ပြီးတောင်းဆိုကြသည်… သူတို့သည် နိုင်ငံခြားထောက်ပံ့ကြေးကို စားသည်ဟုစွပ်စွဲလျှင်တောင် စားထိုက်သည်ဟုသတ်မှတ်လို့ရသည်…
နိုင်ငံက လည်း တန်ရာတန်ကြေးပေးပြီး လည်းခိုင်းထားသည်…စားဝတ်နေရေးအတွက်လည်း မချမ်းသာသည့်တိုင်အောင် မဆင်းရဲသောအခြေအနေတစ်ခုကို ဖန်တီးပေးထားသည်…လိုသလိုလုပ်နိင်စေရန်
အာဏာကိုလည်း ပေးအပ်ထားသည်…အကယ်၍ ၀န်ထမ်းဘ၀က ထွက်သွားသည့်တိုင်အောင်သေသည့်တိုင် ပင်စင်လစာပေးထားသေးသည်…ထိုဝန်ထမ်းသည် နိင်ငံတော်ပိုင်ပစ္စည်းကိုလည်း ခိုးသည်..လိမ်သည်…ဖျောင်သည်…
ပြည်သူပစ္စည်းကိုလည်း မတရားအနိုင်ကျင့်သည်…သိမ်းချင်လျှင်သိမ်းသည်…
အာဏာကို လည်း မတရားသည့်နေရာတွင်သုံးသည်…အာဏာဖြင့် ပြည်သူကိုအနိုင်ကျင့်သည်..နောက်ဆုံးကုန်ကုန်ပြောရလျှင် အာဏာဖြင့် မိန်းကလေးများ၏ ဘ၀ကိုပါဖျက်ဆီးသည်…ထို ၀န်ထမ်းမျိုး၏ လုပ်ရပ်သည် အလွန်ကိုမိုက်ရိုင်းလွန်းသည်..
မည့်သည့်ဌာန၏ ၀န်ထမ်းသည် အဲဒီအရည်အချင်းများနှင့် ပြည့်စုံသည်ကို ရွေးလျှင်ဖြင့်
အကောက်ခွန် ၀န်ထမ်းများ နှင့် လ၀က ၀န်ထမ်းများသည် အထက်ပါအရည်အချင်းများဖြင့် ထိုက်တန်နေသည်ကို အံ့သြစွာတွေ့ရပေလိမ့်မည်..
အကောက်ခွန်ဝန်ထမ်းများ၏ လက် နှ့င့် ပါးစပ်ထဲတွင် ပြည်သူတို့၏ ချွေးနှဲစာရှိ၏…ပြည်သူတို့၏ ဘ၀ရှိနေ၏….
ထို့အတူပင် လ၀က ၀န်ထမ်းများ၏ လက် နှင့် ပါးစပ်ထဲတွင် ပြည်သူတို့၏ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိ၏….ပြည်သူ၏ ဘ၀ရှိနေလေသည်….
ပထမ ပြစ်မူသည်
အထက်လူကြီးကို လိမ်ညာမူသည် ကြီးလေးသော ပြစ်မူဖြစ်သည်….
အခု နိင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒများကို လိုက်နာရမည့်တာဝန်သည် အစိုးရ၀န်ထမ်းများ၏ မပြောဘဲနှင့်သိရမည်ဖြစ်သော စည်းကမ်းများပင်ဖြစ်သည်…ထိုမူဝါဒများကို နှင့် ဆန့်ကျင်ဘက်တွေ လုပ်လာလျှင်ဖြင့်အရေးကြီးသော စည်းကမ်းတွေကိုဖောက်တာနှင့်အတူတူပင်ဖြစ်လေသည်…
နိင်ငံတော်က ချမှတ်ထားသော စီးပွားရေးလမ်းစဉ်၎ရပ်ဖြစ်တဲ့
- ဈေးကွက်စီးပွားရေးပီပြင်စွာဖြစ်ပေါ်လာရေး တဲ့ …
တိုင်းတပါးက ဈေးပေါပေါနဲ့လာတဲ့ပစ္စည်းတွေ ကိုယ့်တိုင်းပြည်မှာအရောင်းအ၀ယ်သွက်နေတာကိုပြောတာလား…
တိုင်းပြည်အတွင်းက စိုက်ပျိုးရေးသမားတွေ ဘာအသီးအနှံမှစိုက်လို့မရဘဲ ပြည်ပကသွင်းတာကိုဈေးပေါပေါနဲ့ ၀ယ်စားနေတာကိုပြောတာလား….
နိုင်ငံခြားက အခွန်အခမပါတဲ့ ဈေးနှူန်းသက်သာတဲ့ ပစ္စည်းတွေ ၀ယ်ယူသုံးစွဲမူကြောင့် ပြည်တွင်းက စက်မူထုတ်ကုန်၊ လက်မူထုတ်ကုန်လုပ်ငန်းတွေရပ်ပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာကိုပြောတာလား………ခင်ဗျာ………….
နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး လို့ ပြောရမည့်အစား အကောက်ခွန်၊ လ၀က၊ ရဲ လက်ထဲတွင်ရှိရမည်လို့ပြောရင်ပိုပြီး မှန်နေပါလိမ့်မယ်….
ပြည်တွင်းသွင်းကုန်အစားထိုးမူဝါဒအရ ကိုယ့်နိုင်ငံမှထုတ်လုပ်နိုင်သော ပစ္စည်းများကို နယ်စပ်မှတင်သွင်းခြင်းဖြင့် ပြည်တွင်းစစ်ရုံများ၏ ကုန်ထုတ်လုပ်မူကို ထိခိုက်မည့်အခြေအနေမျိုးဖြစ်တင်မက ကြာရှည်လာလျှင် စက်ရုံများပိတ်လိုက်ရမည့်အခြေအနေမျိုးအထိ ဖြစ်ပေါ်လာမည်ကို အစိုးရ အာဏာပိုင်များသိသလို…ထိုစက်ရုံများကို အားထားနေသည့် အိမ်ထောင်စုပေါင်းမြောက်မြားစွာ အလုပ်လက်မဲ့ဖြစ်သွားပါက အလုပ်လက်မဲ့နှူန်းလည်း ကြောက်စရာကောင်းလောက်အောင် တိုးပွားလာမည်ကို ထိန်းချူပ်သောအားဖြင့် အာဏာပိုင်အဖွဲ့များမှ နယ်စပ်ကုန်စည်စီးဆင်းမူကို မင်္သကာသည့်အခါတွင် တခါတရံလာရောက်စစ်ဆေးတတ်ပါသည်..
ထိုစဉ်အချိန်တွင် အကောက်ခွန်ဝန်ထမ်းများ၏ လာစစ်ဆေးသော အာဏာပိုင်များကို လက်သည်းဝှက်သော ကြောင်တစ်ကောင်ပမာ လှည့်သော လှည့်ကွက်တွေသည် မရိုးနိုင်သော လှည့်ကွက်တွေဖြစ်လေသည်…
စစ်ဆေးသော အဖွဲ့အစည်းက မနက်စစ်လျှင် သယ်မည့်ကားများကို ညနေမှလာ၇န် ကြိုပြောထားသည်..
ညနေစစ်လျှင် မနက်စောစောသယ်စေပြီး ညနေဘာမှမရှိသည့်ပုံစံဖြစ်စေရန်ကြိုးစားကြသည်..
တစ်နေကုန်စစ်မည်ဆိုလျှင်တော့ အကောက်ခွန်ဝန်ထမ်းများ၏ လောဘစိတ်ကို အနိင်နိင်လျှော့ပြီး ၂ ရက် ၃ရက် ရက်ရွေ့တတ်ကြသည်…
စစ်ဆေးရေး အဖွဲ့ပြန်သွားလျှင်တော့ ဖြစ်မြဲတိုင်းဖြစ်မြဲ …လုပ်မြဲတိုင်းလုပ်မြဲ…
လျှော့မသွားသည့်အပြင် အခုရှောင်တိမ်းသည့်လမ်းစဉ်ကိုတောင် သေချာစွာမှတ်သားထားလေသည်…
ဒုတိယ ပြစ်မူသည်
တရားမ၀င် ပစ္စည်းများကို ဖမ်းရမည့်အစား လာဘ်စား၍ ဖော်ဖော်သီသီသွင်းခြင်းသည် အလွန်ကြီးလေးသော ပြစ်မူဖြစ်သည်…
မြန်မာ နိုင်ငံ၏ အဓိက စီးပွားရေးကို ထိန်းချူပ်ထားသော ကုန်သွယ်ရေးဇုံ ၂ ခုရှိသည်….မူဆယ်ဒေသသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မူအကြီးဆုံးပြုလုပ်နေသော ကုန်သွယ်ရေးဇုံဖြစ်ပြီး မြ၀တီဒေသသည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မူပြုလုပ်သောဒုတိယအကြီးဆုံးကုန်သွယ်ရေးဇုံဖြစ်ပါတယ်…ထိုဇုံ ၂ ခုတွင် ကုန်ပစ္စည်းစီးဆင်းမူ အသွင်မတူမူတွေရှိပါတယ်…
မူဆယ်ကုန်သွယ်ရေးဇုံသည် တရုတ်နိင်ငံတစ်ခု တည်း၏ ပစ္စည်းကိုပဲထိန်းချူပ်ရခြင်းဖြစ်သည်..
မြ၀တီကုန်သွယ်ရေးဇုံကျတော့ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်၊မလေးရှားသို့တိုင်အောင်ကုန်စည်စီးဆင်းမူ
တွေရှိနေပါတယ်..မြန်မာနိုင်ငံ၏ အဓိက ထွက်ကုန်တွေကိုတင်ပို့ရာမှာ မြ၀တီကုန်သွယ်ရေးဇုံကိုပဲအဓိကထားပြီး ပို့ကြပါတယ်…တရားမ၀င်လူသုံးကုန်ပစ္စည်း၊ ဖောက်ခွဲရေးနှင့်ပတ်သတ်သော ပစ္စည်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သော ပစ္စည်း၊ တားမြစ်ထားသော ဆေးဝါးများနှင့်ပတ်သတ်သောပစ္စည်း၊ လိုင်စင်မရှိ ကား၊ ဆိုင်ကယ်၊ စက်ဘီး အလုံးအရင်းလိုက် ၀င်သော နေရာလည်းဖြစ်နေပါသည်….
ပြီးခဲ့တဲ့နှစ်က ထိုင်း - မြန်မာ ကုန်သွယ်ရေးဟာ အမေရိကန် ဒေါ်လာ သန်း (၅၀ ကနေ ၆၀ ) ကြားဝင်နေရာကနေ အမေရိကန် ဒေါ်လာ ၁၈ သန်းကျော် ပဲဝင်ခဲ့တယ်လို့သိရပါတယ်…အဲဒါတွေအပြင် ထိုင်းကနေ မြန်မာနိင်ငံကို သွင်းတဲ့ တရားဝင် စာရင်းအရ ထိုင်းဘတ်ငွေ သန်းပေါင်း (၂၃,၀၀၀) ဖိုးမျှမြန်မာနိုင်ငံသို့ပို့၍ မြန်မာနိုင်ငံမှ ထိုင်းသို့ပို့ကုန်မှာထိုအချိုးထက် ထက်ဝက်ကျော်ပဲရှိတယ်လို့သိရပါတယ်….
မြဝတီကုန်သွယ်လမ်းကြောင်းမှ ရေထွက်ပစ္စည်းတင်ပို့မှုကိုလျာထားဆောင်ရွက်မူမှာ လျော့နည်းလျက်ရှိကာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ၃၂သန်းလျာထားဆောင်ရွက်လျက်ရှိသော်လည်းပဲ နှစ်ကုန်သည့်အချိန်တွင်
တန်ချိန် ၇၁၄ တန်(အမေရိကန်ဒေါ်လာ၁၄သန်း ဖိုး ) ပဲ တင်သွင်းခဲ့ရပါသည်…
ဒီအချက်တွေသည် ပြည်တွင်းပစ္စည်းများဘာကြောင့် တင်သွင်းမူလျှော့နည်းလာသည်ကိုစဉ်းစားစရာဖြစ်နေပါတော့သည်…
မြန်မာနိုင်ငံမှတင်သွင်းသည့်ပစ္စည်းတွေကိုကြည့်လျှင်ဖြင့်သစ်တောထွက်ပစ္စည်းမျိုးစုံ အပြင် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ငါး၊ ဂဏန်းအရှင်၊ ငါးရှည့် ၊ ငါးဆီပေါင်းခြောက် အပါအ၀င် နှင့် ၊ လယ်ယာထွက်ကုန်ပစ္စည်းဖြစ်သော ကြက်သွန်နီ၊ နှမ်း ၊ ကွမ်းသီး ၊ကွမ်းရွက်တို့ဖြစ်ကြပါတယ်….
ထိုပစ္စည်းများကိုထိုင်းနိင်ငံသို့ပို့သည့်အခါတွင် ကုန်သွယ်ရေးလမ်းကြောင်းတွင် ဂိတ်ပေါင်းမြောက်မြားစွာကို သွားခွင့်ရရန်အတွက် ပေးရသည်ကတစ်ကြောင်း ၊ အကောက်ခွန်၏ မိုက်ရိုင်းမူဒဏ်မှ ဝေးအောင် လာဘ်ပေးလာဘ်ယူ ရန်မမူဆိုသည့်အတိုင်း ပေးရသည့်ငွေကြေးများသည် ထိုပစ္စည်းများသည် ၀ယ်သူလက်ထဲသို့ရောက်သည့်အခါ ဈေးမှာ ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်၊မလေးရှား တို့မှ ပို့လာသည့် ပစ္စည်းများ၏ ဈေးနှူန်းကိုမယှဉ်သာသဖြင့် တဖြည်းဖြည်း လျှော့နည်းလာခဲ့ပါသည်…
သို့ပေမယ့် မြန်မာနိင်ငံစီးပွားရေးလုပ်ငန်းရှင်များ၏ တနည်းမရလျှင် နောက်တစ်နည်းဖြင့် ကြိုးစားသည့်အခိုက်တွင် အကောက်ခွန်ဝန်ထမ်းများ၏ လောဘဇောတိုက်သော လာဘ်စားမူများဖြင့် တရားမ၀င်ပစ္စည်းများကိုဖော်ဖော်သီသီသွင်းလိုက်သည့်အခါတွင် ဘယ်လိုမှ ကြိုးစားလို့မရတော့ပေ…လွန်ခဲ့တဲ့ နှစ်တွေတုန်းက အထက်အာဏာပိုင်တွေ၏ ကြီးကြပ်မူဖြင့် တရားမ၀င်ပစ္စည်းများကို ဒဏ်ဂျူတီပေးဆောင်စေခြင်းဖြင့် နိုင်ငံထဲသို့သွင်းစေလေသည်…
မည်သို့ပင်ဖြစ်စေ အခွန်ပေးဆောင်ရသောပစ္စည်း၏ တန်ဖိုးသည် အနည်း နှင့်အများတော့ ဈေးမြင့်ပြီး ရောင်းရသည်ပင်…ထိုသို့သွင်းသည်ကိုပင် ပြည်သူတွေ၏ ထုတ်ကုန်တွေ ရပ်ဆိုင်းကုန်သဖြင့် ဒဏ်ဂျူတီကိုဖျက်ပြီး လုံးဝပေးမသွင်းတော့ပါ…
သို့ပေမယ့် အခုလက်ရှိ အကောက်ခွန်ဝန်ထမ်းနှင့်အရာရှိများကတော့ နိင်ငံမျက်နှာကိုလည်းမကြည့် ပြည်သူမျက်နှာကိုလည်းမကြည့် နှင့် ဘယ်လူကြီးကို ဘယ်လိုပိုင်တယ်ဆိုပြီး ကိုယ်ထင်ရာကိုယ်စိုင်းလုပ်နေပုံကတော့ အကြီးလေးဆုံးသောပြစ်မူကို ကျူးလွန်နေကြပါလေသည်…အခုလို တရားမ၀င်ပစ္စည်းများကို တောက်လျှောက်တင်သွင်းလျှင်ဖြင့် ၂၀၁၀ - ၂၀၁၁ ဘဏ္ဏာရေးနှုစ်တွင်လည်း ထိုင်းကုန်ပစ္စည်းများကသာ မြန်မာဘက်ကို ဘတ်သန်ပေါင်းမြောက်မြားစွာတင်ပို့လိုက်ပြီး မြန်မာဘက်ကတော့ အဲဒီအချိုးရဲ့ သုံးပုံ တစ်ပုံကိုတောင်မီအောင်လိုက်ရမည့်အခြေအနေကို ရင်လေးစွာဖြင့်ထောက်ပြလိုက်ရပါသည်…
တတိယ ပြစ်မူ သည်
တိုင်းပြည်၏ ဂျီဒီပီကို ထိခိုက်စေနိုင်သောကြောင့် ကန့်သတ်ကုန်လုံးဝမသွင်းရဆိုသည့် အမိန့်ကို ချိုးဖောက်သော ပြစ်မူ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ဥရောပနိင်ငံများသည် ပြင်ပနိင်ငံများမှ လျှပ်စစ်ပစ္စည်းမျိုးစုံနှင့် အခြားလုပ်ငန်းခွင်သုံး ပစ္စည်းမျိုးစုံ တင်သွင်းမူများကို အကြီးအကျယ် လျှော့ချလာခဲ့ပါတယ်…ထို့အခြေအနေတွေကြောင့်ထိုင်းနိင်ငံရှိ လူသုံးပစ္စည်းများထုတ်လုပ်သော ကုမ္မဏီကြီးများသည် သူတို့၏ တန်ချိန်သန်းနှင့်ချီရှိနေသော ပစ္စည်းများကို ပြည်တွင်းဈေးကွက်တွင်းဖြုန်းတီးနိုင်ရန် အာရုံစိုက်လာကြပါတယ်..ထို့အတူ နယ်စပ်ကနေ တခြားမဖွံ့ဖြိုးသေးတဲ့တိုင်းပြည်တွေကိုပို့ဖို့ ကြိုးစားလာကြပါတယ်…
အဲဒီထဲမှာ မြ၀တီ - မယ်ဆောက်ကုန်သွယ်ရေးလမ်းကြောင်းလည်း အဓိကနေရာက ပါဝင်လာပါတယ်..
မြန်မာလုပ်ငန်းရှင်တွေဟာ ဒီလိုအရည်အသွေးကောင်းမွန်ပြီး ဒီဇိုင်းမျိုးစုံနဲ့လှပသေသပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကိုဘယ်လိုမှ ယှဉ်ပြီးမထုတ်နိင်ဘူးဆိုတာသိပါတယ်…ဒီနှစ်တဲမှာ ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာ ကျဆင်းလာပါတယ်…နေရာစုံ၊ ကဏ္ဏစုံမှာ သုံးတဲ့ပစ္စည်းတွေကို အောက်ဆုံးဈေးတွေနဲ့ ထိုးချပြီးရောင်းလာခဲ့ပါတယ်…ဒီမှာတင် ကုန်တိုက်ကြီးတွေ၊ စတိုးဆိုင်လေးတွေ၊ တော်တော်လေးကို အထိနာခဲ့ကြပါတယ်…၀ယ်သူတွေဟာ ၂၀ တန်ဆိုင်လို့ခေါ်တဲ့ ပစ္စည်းမျိုးစုံရတဲ့ဘတ် ၂၀ တန်ဆိုင်တွေကိုဦးတည်သွားခဲ့ကြပါတယ်…
အဲဒီ အချိန်နဲ့ တိုက်ဆိုင်စွာပဲ မြန်မာဘက်ကမ်းချစ်ကြည်ရေးတံတားထိပ်က အဖွဲ့ပေါင်းစုံလို့ခေါ်တဲ့ အဖွဲ့ကြီးက မြ၀တီက မည့်သည့်ကားမဆိုသွားနိုင်ပြီး ကားတစ်စီးကို တစ်ခေါက် ဘတ် ၄၀၀၀ နှူန်း မည့်သည့်ပစ္စည်းမဆိုသယ်ယူခွင့်ပြုခဲ့ပါတယ်…အဲဒီကစလို့ကုမ္မဏီကြီးတွေရဲ့ရောင်းလို့မကုန်တဲ့
အော်ဒါပေးပြီးသားပစ္စည်းတွေဖြစ်လို့လျှော့ဈေးတစ်ဝက်နှူန်းလောက်နဲ့တင်သွင်းလာကြပါတော့တယ်…
ဒါဟာအမြတ်ထုတ်ချင်တဲ့ ကုန်သည်တွေအဖို့ အရမ်းကိုအကြိုက်တွေ့သွားစေပါတယ်…ဒီလိုနဲ့ တင်သွားလိုက်တဲ့ပစ္စည်းတွေကတော့ ….
-မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ (ဓါး၊ ဇွန်း၊ ပန်းကန်)၊
-ကျောင်းသုံးပစ္စည်းမျိုးစံ(စာအုပ်၊ ခဲတံ၊ ဘောလ်ပင်)၊
-ကစားစရာပစ္စည်းမျိုးစုံ၊ ( ကလေးကစားစရာ များ )
-ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းမျိုးစုံ ( သံလျှက်၊ တူရွင်း၊ ပုဆိန်)
-စက်မူလက်မူလုပ်ငန်းသုံးပစ္စည်းမျိုးစုံ၊ ( ဆူးများ၊ ၀က်အူလက်၊ ကော်များ )
-လက်မူပစ္စည်းမျိုးစုံ၊ ( ကြိမ်ပစ္စည်းများ၊ ဖန်ဆီများ၊ အလှလိုက်ကာများ )
-အလှကုန်ပစ္စည်းမျိုးစုံ ( ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အသားလှဆီ )
-စိုက်ပျိုးရေးတွက်ကုန်များ ( ကန်စွန်းရွက်၊ ဂေါ်ဖီ၊ အသီးအနှံ )
တို့ကို ဘာအခွန်မှမပါ၊ ဘာပေးဆောင်ခမှမပါ၊ တံတားထိပ်အကောက်ခွန် ၀န်ထမ်း များကို တစ်ခေါက်ကို ၁၀၀၀ မှ ၄၀၀၀ ၀န်းကျင်အထိ ( မှတ်ချက် - မှောင်ခိုတင်သည့်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှူန်းပြောင်းသည်) ပေးပြီး အခေါက်ပေါင်းမြောက်မြားစွာဖြင့် ကားပျောက်လုမတတ် တင်ဆောင်ရလေသည်လေ..
ထိုပစ္စည်းများကို ကြည့်လျှင်ကန့်သတ်ကုန်ပစ္စည်းများချည်းဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်…ထို့အပြင် ကျန်းမားရေးနှင့် မညီညွတ်ပါဟု အမိန့်ထုတ်ထားသည့် အသားလုံး၊ အသားချောင်း၊ အသားပြားများကိုလည်း တင်သွင်းလေသည်…အဆိုပါ အသားများကို ကုန်သည်များဖြန့်ချီရာတွင် လည်း ကုန်ဆုံးမည့်ရက်ဖော်ပြထားခြင်းလည်းမရှိပေ….တို့ပြင် အစိုးရ ကော ကျန်းမာရေးပညာရှင်များကပါ ပြောထားသည့် ရိုးတွင်းခြင်ဆီ အားနည်းခြင်းနှင့် ဦးနှောက်မှတ်ဥာဏ်ချို့ယွင်းခြင်းတို့ဖြစ်ပေါ်စေနိုင်သော အချိုမှူန့်များလည်း တစ်နေ့ကို တန်နှင့်ချီ၍ အိတ်မည်းများ နှင့် သွတ်ပြီး သယ်ဆောင်နေကြပါသည်…
ထိုပစ္စည်းများတင်မကသေး သွင်းကုန်အစားထိုး မီးချောင်းများလည်းပါဝင်သလို ဗီစီဒီ၊ ဒီဗီဒီနှင့် အခြားလျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အများဆုံးပါဝင်ကြောင်းသိရှိရသည်။ လျှပ်စစ်ပစ္စည်းများအပြင် အထည်ချုပ် ပစ္စည်းများဖြစ်သော ပိတ်စမျိုးစုံ တို့လည်းပါဝင်ကြလေသည်….
အခုလို နယ်စပ်မှတစ်ဆင့် တရားမ၀င်ရောက်ရှိလာသည့်ကုန်ပစ္စည်းများမှာ အခွန်အခမပါသည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်သဖြင့် ပြည်တွင်း အခွန်အမျိုးမျိုး ပေးဆောင်ကာ ထုတ်လုပ်ထားသော ပစ္စည်းများထက်ပြည်တွင်းဈေးကွက်ကိုလွှမ်းမိုးပြီး ချူပ်ကိုင်ထားပြီဖြစ်လေသည်…
ယခုလို ကြီးလေးသော ပြစ်မူမျိုးစုံကိုကျူးလွန်ပြီး သူဌေးအဖြစ်ကြံနေသော အကောက်ခွန်ဝန်ထမ်းများကို ပြောလိုသည်မှာ တိုင်းသူပြည်သားများမျက်ရည်ကျပြီး ဘ၀ပျက်ပြီးမှရသော ပိုက်ဆံသည် သန့်ရှင်းသောပိုက်ဆံမဟုတ်သည်မှာသေချာလေသည်..
ထို့အပြင် ဘယ်အရာရာခိုးခိုး သူခိုးပေမို့ တိုင်းပြည်ပိုက်ဆံ ကိုလိမ်ညာပြီးယူရာသည်လည်း သူခိုးတစ်ဦးပမာပင်ဖြစ်ပါတော့သည်…ဤပိုက်ဆံသည် မိသားစုကို ကျွေးရာတွင်လည်း အဆိပ်သင့်သလို၊ လှူရာတွင်လည်း အလှူဒါန မမြောက်ပါချေ…ထို့ကြောင့် ကိုယ့်မြန်မာနိုင်ငံ
တွင် ရိုးသားပြီး ကြိုးစားလုပ်လျှင်ဖြင့် ချမ်းသာနိုင်ပါကြောင်း ယူနီဗာဆယ် မှ အကောက်ခွန်ဝန်ထမ်းများကို အကြံပေးပါရစေ ခင်ဗျာ……………………………..
ကိုသီလ ( ယူနီဗာဆယ် )
No comments:
Post a Comment