အကြောင်းရင်းကတော့ အခုလာမယ့် တနင်္ဂနွေနေ့  မတ်လ (၇) ရက်နေ့ မှာ ပြုလုပ်မယ့် ဘောလုံးပွဲတစ်ခုကြောင့်ပါဘဲ။ စမ်းချောင်းမြို့ နယ် ပဒုမ္မာကွင်းမှာ ဌာနဆိုင်ရာအကြီးအကဲတွေ ရယကဥက္ကဌ အဖွဲ့ ဝင်တွေပါဝင်ပြီး ရုပ်ရှင်အနုပညာသည် အမျိုးသားတွေနဲ့  အပျော်ဘောလုံးကန်ကြမှာ ဖြစ်ပါတယ်။
စမ်းချောင်းမြို့ နယ်ဘောလုံးဆပ်ကော်မီတီကနေ စီစဉ်တာဖြစ်ပြီး ဘောလုံးပွဲလက်မှတ်တွေကို မ၀ယ်မနေရ အတင်းအဓမ္မ လိုက်ရောင်းချနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် စမ်းချောင်းမြို့ နယ် မယကတွေက သူတို့ ရဲ့  အာဏာပါဝါကို ပြပြီး စမ်းချောင်းမြို့ နယ်အတွင်းရှိ ဈေးဆိုင်ခန်းဖွင့် ရောင်းချနေသူများအားလုံးကို ဘောလုံးပွဲ လက်မှတ် တစ်စောင်ကို ကျပ်ငွေ ၁၅၀၀ နဲ့  လက်မှတ် (၃) စောင် မယူမနေရဆိုပြီး အတင်းဝယ်ခိုင်းပါတယ်။ မိန်မသားများသာရှိသော ဈေးဆိုင်ခန်းများလည်း ဘောလုံးပွဲ မကြည့်လိုပေမယ့် မယူမနေရ ၀ယ်နေရပါတယ်။
ဒီလို ဘောလုံးပွဲလက်မှတ်များကို အတင်းအဓမ္မရောင်းချတာဟာ ပြည်သူတွေရဲ့  ကိုယ်ပိုင်အခွင့်အရေးတွေကို မယကတွေက အာဏာပါဝါပြပြီး အနိုင်ကျင့်တာဘဲ ဖြစ်ပါတယ်။ ဒီအပြင် ဘောလုံးပွဲလက်မှတ်တန်ဖိုးဟာလည်း သာမန်ဘောလုံးပွဲတွေထက် ဈေးပိုကြီးထားပါတယ်။ ပဒုမ္မာဘောလုံးကွင်မှာ ကျင်းပနေကြ ပြည်နယ်နဲ့ တိုင်းဘောလုံးပွဲ၊ ဌာနဆိုင်ရာ ဘောလုံးပွဲများ၊ မြန်မာနေရှင်နယ်လိဂ် အရန်ပွဲစဉ်များ အားလုံးဟာ ကျပ်ငွေ ၃၀၀ကျပ်ကနေ ၅၀၀ကျပ်လောက်သာ ပေးရတာပါ။
အခုဘောလုံးပွဲဟာ အပျော်ဘောလုံးပွဲသာဖြစ်ပြီး ရုပ်ရှင်အနုပညာသည်တွေကို ခုတုံးလုပ် အကြောင်းပြပြီး မယကတွေအတွက် ရံပုံငွေကို တစ်ဘက်လှည့်နဲ့  ရှာတာမို့  ဘောလုံးပွဲလက်မှတ်ဈေးက သာမန်ထက် သုံး လေးဆ ဈေးကြီးနေပါတယ်။
သမာအာဇီဝနဲ့  ဈေးဆိုင်ဖွင့် ရောင်းချနေကြသော ပြည်သူများမှာ ဆိုင်ခန်းခတွေ အဆမတန်တက်တာကတစ်မျိုး ဒီလိုမျိုး ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး အဏာပါဝါပြကြတဲ့ အေးဓါးမြတွေရဲ့  မ၀ယ်မနေရ မယူမနေရ အနိုင်ကျင့်မှုတွေကြောင့် တစ်ဖြေးဖြေးနဲ့  ဈေးဆိုင်ခန်းတွေ ပိတ်ကုန်ကြရပြီး စီးပွားရေး ထိခိုက်ကုန်ရတဲ့အထိ ဖြစ်နေရပါတယ်။
တစ်ဘက်က အနုပညာသည်တွေဘက်မှာလည်း ဒီလို အာဏာပါဝါပြကြတဲ့ နအဖဘက်တော်သား မယက ရယကတွေ၊ ရုပ်ရှင်ကောင်စီအစည်းအရုံးက လူကြီးတွေကြောင့် အနုပညာသည် အနုပညာအလုပ် မလုပ်ရဘဲ ဘောလုံးကန်လိုက်ရနဲ့  မဆီမဆိုင်တွေ လုပ်ပေးနေရပါတယ်။
နအဖဘက်တော်သားတွေရဲ့  အာဏာပါဝါပြ ခိုင်းစေမှုကြောင့် မလုပ်ချင်ပေမယ့် မိမိရဲ့  အနုပညာသက်မွေးဝမ်းကျောင်းမှု ထိခိုက်မှာ စိုးရိမ်မှုကြောင့် လုပ်ပေးနေသူများရှိသကဲ့သို့  နအဖတွေအလိုကျ ဖော်လံဖားပြီး နအဖ၀ါဒဖြန့် ချီရေးလှုပ်ရှားမှုတွေ ရံပုံငွေရှာဖွေမှုတွေမှာ မျက်နှာရအောင် အခွင့်အရေးရအောင် လိုက်လုပ်ပေးနေကြတဲ့ အရှက်သိက္ခာမရှိကြတဲ့ အနုပညာသည်တွေလည်း ရှိပါလေ့ရဲ့ ။
ယခု အပျော်ဘောလုံးပွဲဟာ စမ်းချောင်းမြို့ နယ် မယကတွေက လက်မှတ်တွေ မယူမနေရ ဈေးအဆမတန်စွာနဲ့  အတင်းရောင်းချ၊ ရယကတွေက ပေါကြောင်ကြောင်နဲ့  ဘောလုံးဝင်ကန်၊ ဘောလုံးဝင်ကန်တဲ့ အနုပညာသည်တွေကလည်း ကိုယ်ရဲ့ တန်ဖိုး ကိုယ်မထားဘဲ နေပြည်တော်မှာလည်း နအဖအလိုကျ ဘောကန်ပေးလိုက်ရ မြို့ နယ်ရပ်ကွက်တွေမှာလည်း ဘောကန်လိုက်ရနဲ့  နောက်ဆုံး ကြားထဲက ပြည်သူသာ မတရား အနိုင်ကျင့် ခံနေရပါတော့တယ်။
စမ်းချောင်းသူ စမ်းချာင်းသားများ။ ကိုနစ်အားကျေးဇူးတင်ပါသည်။
A Brief Interlude in The Tragedy of Burma
3 years ago
No comments:
Post a Comment