မနက်ဖြန်မှာ ထုတ်မယ့် နအဖသတင်းစာတွေမှာ ဒီကြေညာချက်တွေ ဖေါ်ပြနိုင်လောက်တယ်လို့  သုံးသပ်သူတွေက ပြောကြပါတယ်။
(နောက်ဆက်တွဲ သိရှိမှုအရ နအဖက - ဥပဒေ အမှတ် ၁/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ ရွေးကောက်ပွဲ ဥပဒေ ၅ မျိုးအတွက် ဥပဒေ ၅ ခု ထုတ်လိုက်ကြောင်း သိရှိရပါတယ်။ မနက်ဖြန်ထုတ် နအဖသတင်းစာတွေမှာ အချပ်ပို အဖြစ်ပါမှာ ဖြစ်ကြောင်းနဲ့  စာအုပ်အဖြစ်လည်း ထုတ်ဝေမယ်လို့  သိရပါတယ်)။
ရွေးကောက်ပွဲ ဥပဒေ ကြေငြာ
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက နိုင်ငံပိုင် ရုပ်မြင်သံကြား (MRTV) မှ ယနေ့ ညနေ ၄ နာရီတွင် ကြေညာ လိုက်ပြီဖြစ်သည်။ အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး ဥပဒေတို့ ပါဝင်သည်။ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။ နောက်ဆက်တွဲ သတင်းများ ဆက်လက်ဖော်ပြပါမည်။
Monday, March 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment