Friday, March 26, 2010

စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင်ပါပဲ ဒေါ်အောင်ဆန်းစုကြည်

စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခုဒီဥပဒေတွေဟာ NLD အတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေ အများကြီးပါနေပါ တယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အားတရပ်ကိုတောင် မှ ပြန်လည်မွေးမြူရာရောက်ပါတယ်။ ပြည် သူလူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ်ဒီမိုကရေစီလိုလားသူများနဲ့ တသား တည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်းစုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
ဦးဆောင်နေသူတွေရဲ့ တာဝန် ... “ဒါမလုပ်ရင် ဘာလုပ်မလဲဆိုတာ တိုင်းသူ ပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံ ရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေ သူတွေရဲ့ သူတို့ရဲ့ တာဝန်ဖြစ်တယ်။ ဒီတာ ၀န်ကို သူတို့ ကျေပြွန်အောင် ထမ်းဆောင်ဖို့ အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာ ရမှာပဲ” (လူထုစိန်ဝင်း)
ရှက်စရာကောင်းတဲ့ လုပ်ရပ် ... “ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်) ဒေါက်တာလွဏ်းဆွေ မှ ကူးယူပါသည်

No comments:

Post a Comment