ကချင်ပြည်နယ်တွင် မြစ်ဆုံရေကာတာ တည်ဆောက်ရေး လျှပ်စစ်စီမံကိန်းကို အိန္ဒိယရောက် ကချင်ပြည်သူများကကန့်ကွက်ဆန္ဒပြ…….
ပြည်တွင်းပြည်ပ ကချင်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ဝိုင်းဝန်း ကန့်ကွက်နေသော ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်နယ်တွင် တည်ဆောက်နေသည့် အတွက် အိန္ဒိယနိုင်ငံ နယူးဒေလီကိုရောက်ရှိနေသော ကချင်အဖွဲ့အစည်းများက စစ်အာဏာရှင်တွေကို ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်သော ကိုပေါကိုက စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ကချင်လူထုအကျိုးကို ဆောင်ရွက်ပေးနိုင်မည်ဟု မထင်ကြောင်း တရုတ်အစိုးရသာ သန်းပေါင်းများစွာအကျိုးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေနှင့် တရုတ်အစိုးရကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်တွင် မြစ်ဆုံရေကာတာ တည်ဆောက်ရေး လျှပ်စစ်စီမံကိန်းကို တည်ဆောက်ခြင်းအားဖြင့် ကချင်လူထုအတွက်တော့ သိပ်ထူးထူးခြားခြား ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်သားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများ ပိုမိုပြီး နိမ့်ကျလာမှပဲဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှုတွေ အတင်အဓမ္မလုပ်အားပေးစေခိုင်းတာတွေက နေ့စဉ်နဲ့အမျှပါပဲ။ ဒါကြောင့်ကျွန်တော်တို့ကဒီနေရာကနေပြက်ပြက်သားသားရှုံးကြပါတယ်။
ဆက်လက်ပြီး၂၀၁၀ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးမေးမြန်ရာတွင်ကျွန်တော်တို့ကချင်လူထုအတွက်တော့ သိပ်ထူးထူးခြားခြား ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေထဲမှာ စစ်တပ်ကအစိုးရအဖွဲ့ထဲပါဝင်အောင်လုပ်ထားတဲ့အတွက်ဘယ်သူပဲနိုင်နိုင်လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်ရမှာမဟုတ်ဘူး” ဟုပြောသည်။
သတင်း ဓါတ်ပုံ နေမင်းသိန်းရာဇာ
No comments:
Post a Comment