(၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ အခမ်းအနား အိန္ဒိယနိုင်ငံ နယူးဒေလြီမို့.....
ယနေ့ကျရောက်သည့် (၂၂) နှစ်မြောက် ကိုဖုန်းမော် ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလြီမို့တွင် (HREIB)မှ ဦးစီး၍ ကျင်းပခဲ့ပါသည်။
(၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်းအနားပတ်သက်၍ ဒီကနေ့ နိုင်ငံရေးအခင်းအကျင်း ပုံသဏ္ဍာန်နဲ့ ဖန်တီးပြီးတော့ စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်နိုင်မယ့် လုပ်ငန်းစဉ်တွေ၊ လုပ်ရပ်တွေ ချမှတ်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပြုလုပ်ဖန်တီးရခြင်း ဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ ရဲဘော်ရဲဘက် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို ဂုဏ်ပြုရာလည်း ရောက်တယ်လို့ ခံယူတယ်" ကိုဇင်နိုင်ကပြောသည်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကျနော်တို့တွေက လူထုအုံကြွမှုဆီကိုလည်း လူထုလူတန်းစား အလွှာအသီးသီးနဲ့ ဆက်နွယ်ပေါင်းစည်းရမယ်ဆိုတဲ့ တိုက်ပွဲသဏ္ဍာန်ကိုလည်း ပြုလုပ်ဖို့ တိုက်တွန်းသွားပါတယ်။
ပြည်ပြည်ဆိုရင်ရာလူအခွင့်ရေးနေ့ကြေငြာစာတမ်း ဆောင်ပုဒ်တွေနဲ့ ကလေးများရဲ့ သရုပ်ပြ အစီစဉ်ကိုလည်း ပြုလုပ်သွားပြီး ညနေ ၃နာရီတွင် အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် ဒီမိုကရေစီအင်အားစု ပရိသတ်အင်အား (၆၀) ကျော် တက်ရောက်ခဲ့ပါတယ်။
သတင်း ဓါတ်ပုံ နေမင်းသိန်းရာဇာ

No comments:
Post a Comment