Saturday, April 10, 2010

မြန်မာ့နှစ်သစ်ကူးသင်္ကြန်နှင့် ပြည်တွင်းမှ ဝေဒပညာရှင်တစ်ဦး၏ အမြင်...


လာမယ့် မြန်မာ့နှစ်သစ်ကူး အပေါ် ပြည်တွင်းကဝေဒပညာရှင် တစ်ဦးရဲ့ သုံးသပ်ချက်အမြင် ဆက်သွယ်မေးမြန်းချက် ကိုဖော်ပြလိုက်ပါတယ်။

လာမယ့် မြန်မာ့နှစ်သစ်ကူးအတွက် ဆရာအမြင်ကတော့ သင်္ကြန်စာနဲ့ တူချင်မှတူပါမယ်။... ဒါပေမယ့် ဆရာ့ အမြင်နဲ့ သုံးသပ်ချက်ကို ပြောရရင်တော့ လာမယ့် နှစ်သစ်မှာ အတာသင်္ကြန်ကျမယ့် နေ့မှာ သိကြားမင်းက ကျွဲကိုစီးပြီး လက်တဖက်က ရေအိုးကိုကိုင်ပြီး တစ်ဖက်က ပန်းကိုင်ထားပါတယ်။ ကျွဲဆိုတာနဲ့ ပတ်သတ်ပြီး ဆရာသုံးသပ် ပြောဆိုချင်တာကတော့ မြန်မာစကားပုံမှာ ညီညွတ်ရင် ကို ကျွဲ ဟုဖတ်ဆိုတာ ရှိပါတယ်။ ညီညွှတ်ရင် အောင်မြင်မယ် ဆိုတဲ့သဘော.. နောက်တစ်ခုက လူ့ဘဝသက်တမ်းဟာ သတ်မှတ်ချက် က ၇၅နှစ်ရှိတယ် ဆိုပါတော့.. ၇၅နှစ်သက်တမ်း အထိဆိုတာ လူ့ဘဝရဲ့ကံဇာတာ နောက်ဆုံးပိုင်းပေါ့.. ၇၅နှစ်နောက်ပိုင်းမှာ ကံဇာတာကျချိန်ပေါ့ ဒီလို သုံးသပ်လို့ရတယ်... လောကနိယာမအရ အမြင့်ဆုံးရောက်ပြီးရင် ပြန်ကျရမှာ ထုံးစံလေ.. နောက်ဆရာတို့ ပြည်သူတွေလည်း အဆိုးတွေ ကမ်းကုန်အောင် ခံခဲ့ရပြီးလို့ အကောင်းတွေ ပြန် အကျိုးပေးတော့မှာပါ... တက်ပြီးရင် ပြန်ကျမယ် ဆိုတဲ့နေရာမှာ ကောင်းတာတွေ လုပ်ခဲ့တဲ့သူတွေကတော့ အကျမနာဘူးပေါ့ .. မကောင်းတာတွေ မကောင်းတဲ့ ကံတွေကျူးလွန်တဲ့ သူတွေကတော့ စောက်ထိုးကျကိန်းပေါ့..
ဓာတ်ပုံ Google Search မှ
ဥပမာ ၁၉၁၁မှာ မွေးတဲ့ သမိုင်းတရားခံ အာဏာရှင်ဦးနေဝင်းဟာ သူ့ရဲ့ကံဇာတာကျချိန် အသက်၇၇နှစ်ရှိတဲ့ အချိန်မှာ ၁၉၈၈ ရှစ်လေးလုံးအရေးအခင်းကြီးနဲ့ ကြုံပြီး ပျက်ဆီးခဲ့ရတယ်... ထိုနည်းတူစွာပဲ ၁၉၃၃ မှာမွေးပြီး အခုအသက် အသက်၇၇နှစ်ရှိပြီ ဖြစ်တဲ့ အာဏာရှင်ဗိုလ်သန်းရွှေ ဟာလည်း ၂၀၁၀မှာ တိုက်တိုက်ဆိုင်ဆိုင် ထပ်တူလာကျနေပါတယ်။ နောက်တခု မြန်မာရာဇဝင်မှာ အနော်ရထာ မင်းကြီးဟာ သူ့ရဲ့ ဘုန်းတန်ခိုး ကံဇာတာကျနေချိန်မှာ ထိန်ပင်စောင့်နတ်က ကျွဲယောင်ဖန်ဆီးပြီး ဝှေ့သတ်လို့ ကံကုန်ခဲ့ရတယ်။ အဲ့ဒီတော့ကာ ဒီနှစ်ဟာ သိကြားမင်း ကျွဲစီးပြီးဆင်းတဲ့ နှစ်ဖြစ်တာ တစ်ခု နောက်၁၉၈၈ ကသင်္ကြန်တို့ ၂၀၀၇ သင်္ကြန်တို့နဲ့ ၂၀၁၀ သင်္ကြန်ဟာလည်း ကဆုန်လဆန်းဖြစ်နေတာ တကြောင်း.. နောက်ဦးနေဝင်းပျက်ဆီးတဲ့နှစ်နဲ့ ဗိုလ်သန်းရွှေ အသက် ထပ်တူကြနေတာ တကြောင်း နောက်သင်္ကြန်အတက်နေ့က သောကြာနေ့ဆိုတော့ သောကြာသားတွေ၊ သောကြာနာမည်ပါတဲ့သူတွေ အတာစားတဲ့နှစ် ဆိုတာတွေကြောင့် အင်မတန်ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
ဓာတ်ပုံ အဝိဇိမှ
သူတို့ထင်နေသလို ယတြာကြောင့် သက်တမ်းရှည်နေတာ မဟုတ်ပါဘူး.. အရင်ဘဝက ကံလက်ကျန်လေးရှိနေလို့ပါ... ယတြာဆိုတာက ကောင်းတဲ့လူက ကောင်းကျိုးလိုအင် ဆန္ဒအတွက်ပြုလုပ်ရင် အင်မတန်မှ အကျိုးကျေးဇူးကြီးပါတယ်။ မကောင်းတဲ့သူက မကောင်းကျိုးကို ရည်ရွယ်ပြီး ယတြာလုပ်ရင်တော့ ကောင်းကျိုးမပေးတော့ပါဘူး... တန်ပြန်ထိပါလိမ့်မယ်။ သောကြာအတာစားတဲ့အတွက် အရင်နှစ်တွေက ကောင်းတာတွေ လုပ်ခဲ့တဲ့ သောကြာသားတွေ သောကြာနာမည် ပါတဲ့သူတွေ ကောင်းကျိုးတွေ ပေးမှာမုချပါ။ နောက်လက်တစ်ဖက်မှာ ပန်းဆိုတော့ ပန်းဆိုတာ မြန်မာမှုနယ်ပယ်မှာ အောင်မြင်မှုတွေရရင် ပေးကြတဲ့ အဓိပ္ပါယ်ဆိုတော့ ပြည်သူတွေ အောင်ပွဲဆင်နိုင်မယ်လို့ ဆရာယုံကြည်တယ်... ဒီနှစ်က ကျွဲစီးပြီးဆင်းတဲ့ နှစ်ဆိုတော့ ရေကြိုက်တဲ့ ကျွဲအတွက် ပြည်သူတွေ အတွက် ပေးချင်တဲ့ ယတြာကတော့ ရေအခက်အခဲ ဖြစ်နေသူတွေကို ရေလှုပါ.. ဘုရားမှာ ရေသပ္ပါယ်ပါ.. နောက်အေးချမ်းအောင် မိမိတို့ရဲ့ အိမ်ရှေ့တွေမှာ ရေဖြန်းပေးပါလို့ ဆရာကတော့ ဒီလိုပဲမှာချင်တယ်.. အုပ်ချုပ်တို့ အစိုးရအတွက်ကတော့ ဒီနှစ်မှာ မထင်မှတ်ပဲ ကျွဲခတ်ခံရပြီး ကံကုန်မယ့်နောက်ဆုံးနှစ် လို့ပဲပြောလိုက်ပါရစေ... ဆရာတို့ ဝေဒပညာရှင်တွေထဲမှာလည်း အစိုးရအကြိုက် လုပ်ပေးနေတဲ့ သူတွေက အနည်းစုပါ.. ပြည်သူတွေရဲ့ အပူဒုက္ခကို မျှဝေခံစားနေတဲ့ ဝေဒပညာရှင်တွေ အများစု ဆိုတာ ကိုတော့ သိထားစေချင်တယ်... ဟုပြောဆိုသွားပါတယ်။

ပြည်တွင်းက နာမည်ကြီးဝေဒပညာရှင် တစ်ဦးပြောဆိုသွားတာပါ... ဒီနှစ်ကျွဲဆင်းမယ့်နှစ်မှာ စစ်အာဏာရှင်တွေ အတွက် ကျွဲခတ်ခံရမယ့်နှစ် ဖြစ်ပြီးပြည်သူတွေ အောင်ပွဲဆင်ရမယ့်နှစ်လို့ ပြောဆိုသွားပါတယ်...
ကျွဲပါးဆောင်းတီး စစ်အာဏာရှင်တွေ ကျွဲခတ်ခံရရင်တော့ အယူတိမ်းလို့ နတ်စိမ်းဖြစ်ပြီး ၃၇မင်းတင် မက ၃၈မင်း ၃၉မင်းတွေပါ ဖြစ်လာမလားပဲ.. ကြပ်ပြေးကို ကျွဲပြေးလို့ နာမည်ပြောင်းပြီး ကျွဲပြေးသန်းရွှေနတ်တို့ အမေကြိုင်ကြိုင်နတ်တို့ ပုလဲလေးကျော်ဆန်းနတ်တို့ နတ်ဆိုးတွေ ပေါ်လာမလားပဲ ..အဲ့ဒီလိုသာဆိုရင် ပုဂံကနတ်လှောင်ကျောင်းမှာမထားပဲ.. သူတို့ဆောက်တဲ့ လှိုဏ်ခေါင်းတွေမှာ အနှစ် ၆၅နှစ်တို့ အနှစ်၁၀၀ တို့ တူသောအကျိုးပေး ပြန်လည်ချုပ်နှောင် ထားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

ပြည်တွင်းမှ ဝေဒပညာရှင်၏ အမည်အား ဖော်ပြခွင့်မပြုနိုင်တာ ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်...။

အောက်မှာ ဧရာဝတီသတင်းဋ္ဌာနမှာပါတဲ့ ဆရာစံဇာဏီဘိုရဲ့
၂၀၁၀ သင်္ကြန်ဟောကိန်းကိုလည်း ဆက်လက်ဖတ်ရှုနိုင်ပါသည်။အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်.

No comments:

Post a Comment