Sunday, April 4, 2010

ကဗျာဆရာ ကိုစောဝေကို ထောင်ထဲပို့သူ မြတ်ခိုင်က ကဗျာရေးသူ စာပေစိစစ်ရေးညွှန်မှူးးကို အမှုပွေစေပြန်။

ကဗျာဆရာ ကိုစောဝေကို ထောင်ထဲပို့သူ မြတ်ခိုင်က ကဗျာရေးသူ စာပေစိစစ်ရေးညွှန်မှူးးကို အမှုပွေစေပြန်။

(ဖေဖေါ်ဝါရီ ၁၄) ကဗျာရေးသူ ကဗျာဆရာ ကိုစောဝေအား ထောင်ထဲသို့ တွန်းပို့ပြီး၊ ကိုယ်တိုင်ကမူ ကိုယ်လွတ်ရုန်းခဲ့သော အချစ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်း မြတ်ခိုင် က၊ ကဗျာရေးသူတို့အား ထောင်ကျစေသော နအဖ လက်ထက်ဥပဒေကို ကိုင်စွဲကာ ကဗျာဆရာများကို တစ်ယောက်ပြီး တစ်ယောက် ထောင်ထဲသို့ပို့ရန် အကြံကြီး ကြံစည်လျှက် ရှိနေပါသည်။









































၎င်း အယ်ဒီတာချုပ် မြတ်ခိုင် ထုတ်လုပ်နေသော လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၁)ရက်နေ့ထုတ်တွင် ပါရှိသော ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာကို ဖတ်အပြီး၊ ကဗျာဆရာများနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများက ဖွင့်ဟပြောဆို လာကြသည်။



































“ထိုတစ်ရက်” အမည်ရ ကဗျာမှာ (…..ကဗျာစာထည့်) ဟူ၍ ဖြစ်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌ ဦးသောင်းအား ရည်ရွယ်၍ ရေးသားထားကြောင်း သိသာသလို၊ အာဏာထိုင်ခုံမက်သော သူတွေကိုလည်း သရော်ထားသည့် ကဗျာဖြစ်၍ ဖတ်သူတိုင်း ပြုံးကြရသည်။

သို့သော် ကဗျာရေးသူမှာတော့ ပြုံးနိုင်မည် မဟုတ်ဟုလည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ သုံးသပ်ကြပြီး၊ အဆိုပါ ကဗျာကို ရေးသားသူမှာ (စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဖြစ်ကြောင်းကိုလည်း ၄င်း ဂျာနယ်ထဲမှာပင် အရိပ်အမြွက် ရေးသားဖော်ကောင် လုပ်ထားသောကြောင့်ဟု ဆိုကြသည်။

စာပေအယ်ဒီတာကျင့်ဝတ်ကို မလိုက်နာသလို၊ စာနယ်ဇင်း တစ်လောကလုံး၏ မျက်နှာကို အိုးမဲသုတ်နေသော၊ နအဖ အစိုးရ၏ အောက်စွဲလုပ်နေသော ထို အယ်ဒီတာချုပ် မြတ်ခိုင် အား၊ (စာပေ ကင်ပေတိုင်ဗိုလ်မှုး တင့်ဆွေ တဖြစ်လဲ ကဗျာဆရာ မောင်ရဲ) က မည်သို့ ပြန်လည် စီရင်လေမည်လဲ ဆိုသည်ကို စောင့်ကြည့် ကြရပေတော့မည်။

ပေးပို့သော စာနယ်ဇင်းဝိုင်းတော်သားများအား အထူးကျေးဇူးတင်ရှိပါသည်။ ကိုနစ်အားကျေးဇူးတင်ပါသည်.......

No comments:

Post a Comment