Thursday, April 15, 2010

ဒီလိုလုပ်ရပ်တွေအားလုံး စစ်အစိုးရ လက်ချက်ဆိုတာ ပြောပြနေစရာမလိုအောင်ကို ထင်ရှားနေပါတယ်




နေမင်းသိန်းရာဇာ ။ ။ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လို့ခံစားရပါလဲ၊
လူငယ်တစ်ဦး။သူတို့ယုတ်မာကြတော့မယ်ဆိုတာကျွန်တော်ကသြိပီးသားပါဘယ်လိုခံစားရလဲဆိုတော့လူမဆန်မိုက်ရိုင်းတဲ့လုပ်ရပ်ပေါ့အုပ်ချုပ်ရေးရဲ့ဇာစ်မြစ်ဟာလူဖြစ်တယ်၊ဘယ်သူဟာကောင်းမွန်တဲ့အုပ်ချုပ်ရေးကိုဖန်တီးနိုင်သလဲ၊စေတနာရှိတဲ့လူဟာကောင်းမွန်တဲ့အုပ်ချုပ်ရေးကိုဖန်တီးနိုင်တယ်၊စေတနာရှိဖို့အတွက်လူဆန်ရတယ်တဲ့လို့ပဲပြောချင်းပါတယ်။

နေမင်းသိန်းရာဇာ။ ။ ဘာကြောင်း ဒီလိုပြောနိုင်တာပါလဲ အစ်ကိုအမြင့်ကို ပြောပြပေးပါအုံး
လူငယ်တစ်ဦး။ အစ်ကို အမြင့်ကတော့ စစ်အာဏာရှင်တွေက အာဏာကို လက်လွတ်ရမှ ကြောက်လို့ အခုလို့ ပြည်သူတွေကိုသတ်ဖြတ်တာလို့ပဲပြောချင်းပါတယ်နောက်ပြီးသူတို့ရွေးကောက်ပွဲအတွက်နည်းမျိုးစုံနဲ့ညာတော့မယ်NLDတွေကိုဒီလကုန်ရင်ဖမ်းတော့မယ်မတရားအသင်းကြေငြာမယ်ဆိုင်းဘုတ်တွေဖြုတ်ချမယ်ဒါတွေလုပ်တော့မှာညီမယုံရင်စောင့်ကြည့်ပါ ညီ အစ်ကိုတို့က သူတို့အကြောင်းအံတိုနေပြီး။

နေမင်းသိန်းရာဇာ။ယခု ဗုံးပေါက်တာနဲ့ ပသတ်ပြီး ရန်ကုန်မြို့ခံတွေ ဘာတွေပြောဆိုနေကြပါလဲ အစ်ကို ပြီးတော့ဒီလို့ကိစ္စတွေနဲ့ပသတ်ပြီးအတိုက်ခံနိုင်ငံရေးအဖွဲ့စည်းတွေတော့မျက်ခုံးလှုပ်ပေတော့မယ်သတင်းစာရှင်းလင်းပွဲကြီးကို အာဏာပိုင်အာဏာရူးတွေက ပြောပါတော့မယ်.။အသေချာဆုံးအဖြေကတော့ သူတို့စနက် ဆိုတာကို လုံးဝမပြောတော့ဘဲ အတိုက်ခံ နိုင်ငံရေး အဖွဲ့စည်း တွေကဆိုပြီ ပြည်သူတွေကို မတရားလိုက်
ဖမ်းပါတော့မယ်။ မတရားထွက်ဆိုခိုင်းပါတော့မယ်။ သူတို့ရဲ့လုပ်ရိုးလုပ်စဉ် တစ်ခုအဖြစ်နဲ့ ဒီသတင်း
မကြာမှီ လာမည် ဆိုတာ အစ်ကိုလည်းသိပါတယ် အဲဒီအပေါ်မှာ အစ်ကိုဘာပြောချင်းပါလဲ၊

လူငယ်တစ်ဦး။ဘာပြောရတော့မလဲညီရယ်သူတို့ရဲ့လုပ်ရိုးလုပ်စဉ်လိမ်နေကြ၊ညာနေကြလေ၊တရားဝင်သတင်းကနေတစ်တိုင်းပြည်လုံးကို လိမ်တော့မှာပေါ့KNU/ABSDF / သောင်းကျန်းသူတွေ ၊ မြေအောက်ယူဂျီ တွေက လုပ်တာပါ ၊ ကျွန်တော်တို့ နအဖ ကတော့ ပြည်သူတွေ အေးချမ်းသာယာအောင် စောင့်ရှောက်နေပါတယ်ပေါ့ ကျော်ဆန်း က တီဗီပေါ်မှာ လာ ဦးမှာပေါ့ ဒါပါပဲ နအဖ ဇာတ်လမ်းပမာ နားဆင်စရာပါ ညီ။




နေမင်းသိန်းရာဇာ ။ ။နောက်ပြီး ညီ အမြင့်တော့ အစ်ကိုရာ တွေဆုံးဆွေးနွေးကို အလို့မရှိတဲ့ စစ်အစိုးရလောက် အပြစ်မဲ့လူတွေကို သတ်တဲ့ အဖွဲ့အစည်း မြန်မာပြည်မှာ မရှိဘူးလို့မြင်ပါတယ် ။ ရန်ကုန်မှာ ဗုံးခွဲသတ်တယ်၊ ကရင်ရွာတွေမှာ ဗုံးခွဲသတ်တယ်၊ ရှမ်းရွာတွေမှာ ဗုံးခွဲသတ်တယ်။ ဘုန်းကြီး၊ ကျောင်းသား၊ သီလရှင်၊ အလုပ်သမား၊ လယ်သမား၊ တောင်ယာစိုက်စားနေတဲ့ ကရင်၊ ရှမ်း အကုန်သတ်တယ်။ ဗုံးခွဲတိုင်း ဗုံးခွဲတိုင်း အစိုးရလုပ်တယ်ဆိုတာ ပြည်သူတွေသိတယ် အစ်ကို
လူငယ်တစ်ဦး။ ဟုတ်ပါတယ် ဒီလိုလုပ်ရပ်တွေအားလုံး စစ်အစိုးရ လက်ချက်ဆိုတာ ပြောပြနေစရာမလိုအောင်ကို ထင်ရှားနေပါတယ်

No comments:

Post a Comment