Friday, April 16, 2010

ကွဲပြားနေသော စစ်အစိုးရ မြန်မာ့ရုပ်သံ၊ MRTV 4 နှင့် စိုးရသတင်းစာများ


ယမန်နေ့က မြန်မာ့ရုပ်သံ၊ MRTV 4 တို့မှ ဗုံးကွဲသည့် သတင်းကိုဖြစ်ပွားသည့် ညနေထုတ်လွှင့်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ၉၄ဦးရှိသည်ဟု ကြေငြာခဲ့သော်လည်း ယနေ့ထုတ် အစိုးရသတင်းစာများတွင်မူ ဒဏ်ရာရရှိသူ တိုးမြင့်လာခဲ့ပြီး အမျိုးသား ၁၂၅ဦးနှင့် အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၇၀ ဦးဟုဖေါ်ပြထားသည်။ ဒဏ်ရာရရှိသူများအား ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင် ပြီးကုသမှုခံယူစေသည်ဟုလည်း သတင်းများတွင် ဖေါ်ပြထားသည်။

ကွဲပြားနေသော စစ်အစိုးရ မြန်မာ့ရုပ်သံ၊ MRTV 4 နှင့် စိုးရသတင်းစာများ ဖေါ်ပြချက်များကို သိရှိရန် ရန်ကုန်ဆေးရုံးကြီးသို့ ဒီနေ့နေလယ်က ဆက်သွယ်မေးမြန်ကြည်ခဲ့ပါတယ် တာဝန့်ကျ ဆရာမတစ်ဦးမှာ သူမအနေနဲ့ဖြင့် ဗုံးကွဲသည့် သတင်းနှင့်ပတ်သတ်ပြီး ပြောပိုင်းခွင့်မရှိကြောင်း ဆရာဝန်းကြီးရောက်မှ ဆက်သွယ်ပါရန်ပြောပြီးဖုန်းချသွားခဲ့ပါတယ်
စစ်အာဏာရှင်များမှာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခင်နှင့် မတူပဲ ဖြစ်ပွားပြီးပြီးချင်း နာရီအနည်းငယ်အကြာတွင် နိုင်ငံပိုင် သတင်းမီဒီယာများဖြစ်သည့် တီဗီ၊ MRTV 4နှင့် အက်ဖ်အမ်ရေဒီယိုများမှ ကြေညာထုတ်လွှင့်ခဲ့သည်ကို တွေ့ရပြီး ထိုသို့ချက်ခြင်း ကြေညာခြင်းမှာ ထူးဆန်းသည်ဟုရန်ကုန်မြို့ခံများကပြောဆိုလျက်ရှိပါသည်.

ဗုံးပေါက်ကွဲမှုအတွက် မည်သူမည်ဝါလက်ချက် ဖြစ်သည်ဆိုသည့် ကြေညာချက်များ ယခုထိ ထွက်ပေါ်သေးခြင်းမရှိပဲ မသမာသူများ၊ အဖျက်သမားများဆိုသည့် စွပ်စွဲသည့် စကားလုံးများဖြင့်သာ သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့မှ ပေါက်ကွဲမှု အများစု၏ လက်သည်များကို တိကျသည့် သက်သေများဖြင့် ဖမ်းဆီးရမိခြင်း မရှိသလောက် ဖြစ်ပြီး လူများစွာ သေဆုံးခဲ့သည့် ယခင် ၂၀၀၅ခုက စီတီးမတ်နှင့် ရန်ကုန်ကုန်သွယ်မှု ဗဟိုဗုံးကွဲမှုကိုလည်း ယနေ့ထက်တိုင် ဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။ အခြားသော ပေါက်ကွဲမှု အများအပြားမှာ လူနှင့် ဝေးရာ ၊ ညအချိန်များတွင် ပေါက်ကွဲလေ့ရှိပြီး စစ်အာဏာရှင် အစိုးရက လုံခြုံရေးတင်းကြပ်လို၍ တမင်တကာ လုပ်ဆောင်ချက်ဟု အများက ယူဆလျက်ရှိကြပြီး
ဗုံးပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ ရသူ များ၏ ရုပ် အလောင်း များကို ဧပြီလ ၁၆ ရက် နံနက် ပိုင်းတွင် ရေဝေး သုဿာန် သို့ ပို့ဆောင် သင်္ဂြိလ်ပြီးဖြစ်ကြောင်းသိရပါတယ်.

ယုတ်မာရက်စက်သောလုပ်ရက်များကို နှစ်သစ်မှာ ကန့်ကွက်ရှုံးကြပါသည်............

No comments:

Post a Comment