NLD (ခေါ်) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ (၂၉) ရက်နေ့တွင်ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ ပါတီအနေနှင့် မှတ်ပုံတင်ပြီး ရွေးကောင်ပွဲဝင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချ ကြေညာလိုက်သည်။
၎င်းအစည်းအဝေး မကျင်းပမီကပင် သတင်းဌာနများ၊ သံတမန်များ၊ ပါတီဝင်များ၊ ပါတီကိုလိုလားသူများနှင့် မလိုလားသူများကပါ ပါတီ၏ အနာဂါတ်ကို စိတ်ဝင်တစား မေးခွန်းထုတ်ခဲ့ကြသည်။
ကျွန်ုပ်သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တဦးဖြစ်သော်ငြား ဘာသာရေးစာပေများကို လက်လှမ်းမှီသလောက် ဖတ်ရှုထားသည့်အထဲမှ မိမိသိထားသည်ကို မျှဝေလိုပေသည်။
ဗုဒ္ဓရှိစဉ်က တိတ္ထိများနှင့် ပုထုဇဉ် တပည့်သာဝကအချို့က ရဟန္တာကွယ်လွန်လျှင် ဘာဖြစ်သွားသနည်း (သို့မဟုတ်) ဘယ်ကိုရောက်သွားသနည်း စသည့်မေးခွန်းမျိုးကို မေးလေ့ရှိကြသည်။ (အရိယာ ပုဂ္ဂိုလ်များ မေးရန် မလိုသော မေးခွန်းဖြစ်ပါသည်) ဗုဒ္ဓက တိုက်ရိုက် ဖြေကြားခဲ့ခြင်း မရှိဟုမှတ်သားမိပါသည်။
ဤနေရာ၌ ဇင်ဆရာနှင့်တပည့်တဦးဝတ္ထုကိုတင်
ဇင်ဆရာက လက်သီးကိုဆုတ်၍ ဒါဘာလဲဟုမေးသည်။
တပည့်က လက်သီးပါဆရာ ဟုဖြေသည်။
ဆရာက လက်ကိုဖြန့်လိုက်ပြီး လက်သီး ဘယ်ရောက်သွားသလဲ ဟုမေးသည်။
တပည့်သည်သဘောပေါက်သွားပြီး (ဆာတိုရီ ခေါ်) ညာဏ်အလင်းရသွားသည်ဟူ၏။
(ဤသို့သော ဥပမာမျိုးကို မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန တို့၏အမေးအဖြေကျမ်း၌လည်း တွေ့ရှိနိုင် ပေသည်။ ဇင်ဆရာ၏ ဥပမာက ပိုမို လွယ်ကူ ရှင်းလင်းသည်ဟု ယူဆ၍ တင်ပြလိုက်ရခြင်းဖြစ်သည်။)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်မျ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟူသော အမည်နာမသည်၎င်း၊ ပါတီဆိုင်းဘုတ်၊ အလံ၊ ခမောက်စသည့် အမှတ်အသားများသည်၎င်း၊ အတိတ် ပစ္စုပန် အနာဂါတ် တည်းဟူသော ကာလသုံးပါးသည်၎င်း၊ သမုတိသစ္စာ ပညတ်မျှသာ ဖြစ်သည်ကို နှလုံးသွင်းနိုင်ပါလျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အနာဂါတ် ဆိုသည်နှင့် ပတ်သက်၍ များစွာ စိုးရိမ်ပူပန်ဖွယ်ရာ မရှိဟု ထင်မြင်ယူဆမိပါကြောင်း။
အညတရ မနုဿအစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်။
No comments:
Post a Comment