5.5.10 နေ့ ကအဘဦးဝင်းတင်နဲ့  other side အပါအ၀င်အင်အားစုတော်တော်များမျာ
းအစည်းအဝေးလုပ်ဖြစ်တယ်။အဲဒီအစည်းအဝေးမှာအဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ်လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့ အတွက်ဆွေးနွေးကြပါတယ်။အဲဒီကန်ပိန်းကိုအဘဦးဝင်းတင်ကဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် 7 နယ်ကအင်အားစုများကပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့ )အထိသုံးလတာသတ်မှတ်ထားပါတယ်။လှုပ်ရှားမှုစတင်တဲ့  7.5.10 နေ့ မှာပဲလက်မှတ်ပေါင်းသုံးရာကျော်ရရှိခဲ့ ပါတယ်။လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကအချက်ခြောက်ချက်ရှိပါတယ်။
၁။ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသောကျောင်းသားများအပါအ၀င်နိုင်ငံရေးအကျဉ်းသားများချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးရန်
၂။2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်
၃။2010ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်
၎။1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်
၅။1990ရွေးကောက်ပွဲရလဒ်အရပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအားလုပ်ပိုင်ခွင့် များအပ်နှင်းရန်
၆။NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန်
တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့ လက်မှတ်များကိုဘယ်ကိုမှတင်ပြမှာမဟုတ်ပဲလှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘဦးဝင်းတင်အပါအ၀င်အဖွဲ့ ဝင်များကသိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့ မီဒီယာကနေတဆင်းဘယ်ရွေ့ ဘယ်မျှရရှိကြောင်းကြေငြာပြီးနအဖ ကိုမပြတ်သတိပေးသွားမှာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကိုဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့  NLD လူငယ်များ၊youth 109 ၊2007မျိုးဆက်ကျောင်းသားများ(ရန်ကုန်)နဲ့ အခြားဒီမိုကရေစီရေးဆောင်ရွက်နေသူပြည်သူအများပါဝင်ပါတယ်။အဖွဲ့ နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက်ဒီမိုကရေစီလိုလားသူများလို့ ပေးထားပါတယ်။နောက်ရက်တွေအချက်အလက်တွေထပ်ရရင်ပို့ ပေးပါဦးမယ်။ဒီသတင်းကိုလဲဘလော့ တွေဆိုက်ဒ်တွေပေါ်မှာဖြန့် ပေးပါ။
Monday, May 10, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment