
ရေစုန်မှာမြောခဲ့တဲ့ တော်လှန်ရေးသမားတွေ
ရေစုန်မှာဘဲမြောနေတဲ့  တော်လှန်ရေးသမားတွေ
လှေကြုံရှာနေတဲ့ တော်လှန်ရေးသမားတွေ
တရွေ့ ရွေ့ ဖောင်စီးပြီး ကြီးပွားနေတဲ့ တော်လှန်ရေးသမားတွေ..
နိုင်ငံတော်ကို ကယ်တင်နေပါတယ်ဆိုတဲ့ နအဖ တွေ
တိုင်းပြည်အတွက် လှုပ်ရှားနေပါတယ်ဆိုတဲ့  ကြံ့ဖွတ်တွေ
ဒုတ် တကဲ ဓါးတကဲ ကြံ့ စွမ်းအားရှင်တွေ
ဒီမှာဗျ အစွန်းက နှစ်ဖက်ဘဲရှိတယ် တော်လှန်သူနဲ့  ဖိနှိပ်သူ။
ခံရသူက ပြည်သူ စုတ်စုတ်ပြတ်ပြတ်နဲ့  မျက်ရည်တောင်ဘာနဲ့ သုတ်ရမယ်မှန်း မသိတဲ့ ပြည်သူ ၊
ခင်ဗျားက ဂုဏ်ယူနေသေးတယ် သေနတ်ထောက်ပြီး အနိုင်ယူနိုင်တာကိုလေ။
ရက်စက်တယ်ဆိုတာခင်များအသဲမှ
ပြည်သူတွေသွေးပွင့်တိုင်း သမိုင်းဖြစ်ဖြစ်သွားတာခင်မျ
အသဲနှစ်လုံးဆိုတာထက် ခေါင်းမရှိဘူးလို့ ပြောရင် ခင်များနှစ်ထပ်ကွမ်းလဲနာမှာ
ပြည်ပရောက်ဘဲ ဖြစ်ဖြစ် ပြည်တွင်းက နအဖ ဘဲဖြစ်ဖြစ် ပြည်သူတွေအတွက်
တချက်လောက်ဘဲ စဉ်းစားပေးဖူးသလား ?
အရက်စက်ဆုံး မျက်လုံးနဲ့ ဘဲ ပြည်သူတွေကို တချက်ကလေးပြန်ကြည့်ပေးဖူးလာ
သိပ်ရက်စက်တယ်ဆိုတဲ့  စကားလုံးကိုဘဲ ခံတွင်းတွေ့ နေ လို့ လား?
လည်သူစား -အ- သူခံ ဒီလိုဘဲ မမှန်တဲ့  မြန်မာပြည်ယဉ်ကျေးမှူကရှိတေ
ဗမာပြည်ရဲ့ မဖွယ်မရာ ယဉ်ကျေးမှုအဖြစ် လက်ခံလာခဲ့ရတယ် ။
လက်မခံရင်ခင်များသေမှာ ပါးစပ်ပေါက်ပိတ် တိတ်တိတ်နေ စနစ်။
သံတချောင်းဟာ သေနတ်ဖြစ်လာပေမယ့်  အဖိုးမတန်တဲ့  အသံဘဲထွက်တယ်။
အဖိုးမတန်တဲ့ သေနတ် ဗမာပြည်မှာ အချိုးချပြီးရှာကြည့်ပါ။
ခေါင်းအခဲရဆုံး အချိန်မှာ ဆေးအိုးတံမီးတွေဟာ အကောင်းဆုံးလောင်တဲ့ အချိန်ဆိုတာသိပေမယ့် မီးခြစ်ဆံလေးတဆံကို ၀ိုင်းခြစ်မယ့်သူ မရှိတော့။ ။
-ဒေါင်းတမာန်





No comments:
Post a Comment