Friday, May 14, 2010

ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့ နေဦးဥာဏ်ဝင်းအားပြောကြားချက်များ

ရန်ကုန် ၊ မေ ၁၄ ၂၀၁၀

ယနေ့နေ့လည် မြန်မာစံတော်ချိန် ၂ နာရီ အချိန်တွင် ရန်ကုန်မြို့  အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်

တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေ ဦးဥာဏ်ဝင်းနှင့် ဒေါ်အောင်

ဆန်းကြည်တို့နှစ်ဦးအား တရားဝင်တွေ့ဆုံဆွေးနွေးပြောဆိုခွင့်ကို နအဖစစ်အစိုးရမှခွင့်ပြုခဲ့ပါ

သည်။ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ပြောဆိုသောစကားများကို

နအဖစစ်အစိုးရ မှ အသံဖမ်းစက်များဖြင့်ခိုးယူအသံဖမ်းနားထောင်သောကြောင့် အရေးကြီးကိ

စ္စရပ်များကို ကောင်းမွန်စွာပြောဆိုခွင့်မရခဲ့ပါဟုသိရပါသည်။သို့သော်လည်း ဦးဥာဏ်ဝင်းအား

ဒေါ်အောင်ဆန်းစုကြည်မှ ခြံဝင်းအတွင်းလမ်းလျှောက်သွားစဉ် လွန်စွာမှအရေးကြီးသောကိစ္စ

ရပ်များကို အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့ နေဦးဥာဏ်ဝင်းအားပြောကြားချက်များ

၁ ။ ပါတီမှတ်ပုံတင် အသက်မရှိတော့သော NLD ရွှေဂုံတိုင်ရုံးချုပ်အတွင်း၌ နိုင်ငံရေးကိစ္စလုံး

ဝမပြုလုပ်စေရန်

၂ ။ NLDရွှေဂုံတိုင်ရုံးချုပ်သို့ ပြည်ပမှအဖွဲ့အစည်းများ ၊ နိုင်ငံခြားသားများအားလက်ခံတွေ့

ဆုံခြင်းမပြုရန်

၃ ။ မတ်လ ၂၉ ရက်နေ့တွင် NLD အဖွဲ့ချုပ်မှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကိုမလိုက်နာ လက်

မခံပဲ မိမိတစ်ဦးတည်းသဘောနှင့် ခွဲထွက်ပါတီထောင်ခဲ့သော ဦးခင်မောင်ဆွေ နှင့် အဖွဲ့

အား အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်းနှင့်

၎ ။ အမေရိကန်သံအမတ် ကာ့တ်ကမ်ဘဲလ် နှင့်တွေ့ ဆုံပြောဆိုညှိနှိုင်းမှုမှာ လွန်စွာအားရဖွယ်

ကောင်းကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ NLD ၏

ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေ ဦးဥာဏ်ဝင်းပြောကြားခဲ့ပါသည်ဟု သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်

Burma Paparazi

No comments:

Post a Comment