ဒေါ်နေရီဗဆွေတစ်ယောက် မသိရှာသေးတာလား ၊ မသိချင်ယောင်ဆောင်နေတာလားဗျာလူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလွန်းလို့ အင်းစိန်ထောင်ထဲမှာ ပြည့်နေတာ ကို ဒေါ်နေရီဗဆွေတစ်ယောက် သူ့အဖေ ဦးဗဆွေလိုပဲ ဖြစ်သွားပီနဲ့တူပါတယ်
လူငယ်တစ်ဦး
အရှင် ယခုလို အချိန်မှာ နေရီ ဗဆွေ လို ခွေးကောက်ပွဲ ပါတီ တွေရဲ့ သဘောထား တွေကို လုံးဝ မတင်သင့်ပါဖြုတ်သင့်ပါသည်မတရားမှု ဆို အားလုံးကို ဆန့်ကျင်ရဲရမယ်.....အကျိုးစီးပွား အခွင့်အရေး အတွက် ငြိမ်ခံနေရင် ကိုယ့်ကိုကိုယ် ရောင်းစားရာ ကြတယ်...
ကျောင်းသားတစ်ဦး
အမှားအမှန်း ကိုကွဲခြားနေတက်ဖို့ လိုပါတယ် ဒေါ်နေရီဗဆွေ အခုပြောနေတာဟာ ပြည်တိုင်းပြည်နှင့် ပြည်သူကို သစ္စာဖေါက်ရာကြနေပါတယ် စစ်အာဏာရှင်စနစ်ကျဆုံးဖို့လို့နေတဲ့ အချိန်မှာ ဒေါ်နေရီဗဆွေတို့လို့ ကိုယ်အကျိုးအတွက် လုပ်နေတဲ့ သူရဲ့ စကားကို နားထောင်စရာမလို့ဘူးလို့ထင်ပါတယ်
ပြည်သူတစ်ဦး
ပြောပါရစေ ဒေါ်နေရီဗဆွေ နိုင်ငံရေးလုပ်မှာ နိုင်ငံတာဝန့်ဆောင်နေတယ် မထင်ပါနဲ့ ကျွန်တော်လို့ လူငယ်တွေဟာ အချိန်ကုန်ခံပြီး အင်တာနက်ချက်တွေဟာ လဲ ပြည်သူအတွက်လုပ်နေတာပါလို့ ပြောပါရစေ တစ်ကယ်သတ္တိရှိရင် အန်တီဆွေကိုယ်တိုင်း ပြည်သူဘက်က ရပ်တည်းပေးပါ ဆရာကြီးလေးမျိုးနဲ့ စစ်အာဏာရှင်တွေရဲ့ မတရားဥပဒေကို ထောက်ခံပြီး ကိုယ်ကျိုးမရာချင်းစမ်းပါနဲ့လို့ပြောပါရစေ ။
အမြင်မတော်သူတစ်ဦး
ခေတ်ကြီးက မကောင်းဘူး ဆိုပြီး အခွင့်ရေးအတွက် တိုက်ပွဲ့ဝင်နေတာလား မေးပါရစေ ဒေါ်နေရီဗဆွေရှင် ကျွန်မကောတော့ အန်တီလောက်မလုပ်ပင်မဲ တိုင်းပြည်ကိုတော့ ချစ်တယ် ရှင်ရဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ပြန်မေးချင်းတာက နိုင်ငံရေးလုပ်လို့ လူငယ်တွေ ထောင်းထဲမှာ ဒုက္ခရောက်နေတာကို အန်တီမေ့နေပါလား မေ့နေရင်လဲ သတိပေးလိုက်ပါတယ် လူငယ်တွေနိုင်ငံရေးလုပ်နေပါတယ်လို့ပြောပါရစေရှင် .
မန္တာလေးသူ
ဒေါ်နေရီဗဆွေရှင် ရှင်လို့ သတ္တိကြောင်းတဲ့ သူမတွေဟုတ်ဘူး သူတို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ဂရုမစိုက်ဘဲ မတ်လ (၈) ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒီဥပဒေတွေထဲမှာ ၉၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီလို့ ဇွတ်အတင်း ထည့်ထားသလို ရက် (၆၀) အတွင်း မှတ်ပုံပြန်မတင်ရင် အဖွဲ့ချုပ်ဟာ ပါတီအဖြစ်က ပျက်ပြယ်မယ်လို့လည်း ထည့်သွင်းခြိမ်းခြောက်ထားပါတယ် ဆိုတာရှင်သိပါတယ် ဒါပင်မဲ့ အဖွဲ့ချုပ်ဟာ မတ်လ (၂၉) ရက်မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးထိုင်ပြီး မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ လက်ရှိ တရားဝင် ရပ်တည်ခွင့်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးလို့ မေ (၃) ရက်မှာ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ ဒီလို့ပြည်သူအတွက်လုပ်ပေးတဲ့ သူတွေကို ပြည်သူကချစ်တယ်ရှင် အခုလို့ ဆရာမကြီးလေးသံမျိုးနဲ့ သတင်းဌာနတွေကို ရှင်တို့ရဲ့ ကိုယ်အကျိုးစီးပွားအတွက် အသုံးကျနေတဲ့ သူကိုဘယ်ပြည်သူကမှာ ထောက်ခံမှာမဟုတ်ပါဘူး ရှင်ရဲ့ပြောဆိုချက် တွေကို ရပ်တန့်ကရပ်ပါလို့တိုက်တွန်းပါတယ်
အဝေရောက်သူတစ်ဦး
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေမှာ သဘောထား ကွဲလွဲသည်ဖြစ်စေ၊ တိုက်ဆိုင်သည်ဖြစ်စေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပါဘဲ အကြောင်းအရာကိုသာ ဦးတည်ပြီး ယဉ်ကျေးစွာ ရေးသားကြပါရန် မေတ္တာ ရပ်ခံပါတယ်။
သဘောထား ကွဲလွဲမှု ရှိပါက တိတိကျကျ ထောက်ပြပြီး ယဉ်ကျေးစွာ ဆွေးနွေးပေးပါက လက်ခံပြီး တလေးတစား ပြန်လည် တုန့်ပြန်ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
ပို့စ်နှင့်လည်း မဆိုင်၊ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိစေတဲ့ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေးနှင့် ဘာသာရေး ထိခိုက်စော်ကား မှုများ၊ ရိုင်းစိုင်းတဲ့ အသုံးအနှုံးတွေပါတဲ့ မှတ်ချက်များကိုတော့ ဖျက်ဖို့ရှိကြောင်း အသိပေး အပ်ပါတယ်။
စက်တင်ဘာထာဝရ
A Brief Interlude in The Tragedy of Burma
3 years ago
No comments:
Post a Comment