Monday, May 17, 2010

မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ








ယနေ့ မေလ ၁၇ ရက် နေ့ နံနက် ၁၀း ၃၅ အချိန်ခန့်တွင် လူအများတောင့်တ
လျှက်ရှိသော မိုးမင်းကြီးသည် ရုတ်တရက် မိုးတိမ်များ မည်းမှောင်လာပြီး အင်အားပြင်းထန်
စွာဖြင့် သဲသဲမဲမဲ ရွာသွန်းပါတော့သည်။ မိုးရွာသွန်းမှုကြောင့် အချိန်ကြာမြင့်စွာနှိပ်စက်ခဲ့သော
အပူဒဏ်သည်လည်း လျော့ပါးသွားခဲ့ပါသည်။ရန်ကုန်မြို့ ထဲရှိလမ်းမများပေါ်တွင်လည်းရန်ကုန်
စည်ပင်သာယာရေးကော်မတီ၏ ပြည်သူများအပေါ်ထားရှိသော စေတနာကြောင့် ကျွပ်ကျွပ်
အိတ်နှင့် အမှိုက်များသည် ဧရာဝတီမြစ်အတွင်းခုတ်မောင်း သွားလာနေသော သင်္ဘောများကဲ့
သို့ ပေါလောမျောပါ ခရီးနှင်နေကြပါသည်။ ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းသဖြင့် ၂၀၁၀
ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည်ဟု ကြုံးဝါးထားသော (လမ်းတစ်ဝက်တစ်ပျက်ခင်း အောင်
သိန်းလင်း)သည်လည်း သူ၏လက်အောက်ခံ စည်ပင်ဝန်ထမ်းများအား ရေစီးရေလာကောင်းမွန်
ရေး ၊ အမှိုက်သရိုက်ရှင်းလင်းသိမ်းဆည်းရေးများကို (လုံးဝ)မညွှန်ကြားသေးပါကြောင်း သတင်း
ရရှိပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi
မြန်မာပြည်သူတွေ မင်းဆိုးမင်းညစ်အောက်က အမြန်ဆုံးလွတ်မြောက်ပါစေ .........

No comments:

Post a Comment