Sunday, May 16, 2010

ဧရာဝတီတိုင်းလပွတ္တာခရိုင်ပြင်စလူမြို့နယ်ကန္နားလမ်းဘေးတစ်နေရာမှ ရင်နင့်ဖွယ်ရာဖြစ်ရပ်



၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ တွင်လူအများ၏ အသက်အိုးအိမ်စည်းစိမ် တို့အားရက်စက်စွာတိုက်ခတ် သတ်ဖြတ်ခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးတွင်မုန်တိုင်းဒဏ်သင့်ပြည်သူများအားသောက်သုံးရေ အခက်အခဲမဖြစ်စေရန်အတွက် စေတနာရှင်များမှ ကျပ်သိန်းပေါင်းမြောက်များစွာတန်ဖိုး ရှိသော ပင်လယ်ရေငန်မှ သောက်သုံးနိုင်သည့် ရေချိုအဖြစ်သို့ပြောင်းလဲပေးသော ရေသန့်စင်စက်ကြီးတစ်
လုံးအား လှုဒါန်းခဲ့ကြပါသည်။ထိုသို့စေတနာရှင်များမှ လှုဒါန်းခဲ့ကြသော ၄င်းရေသန့်စင်စက်ကြီးအား
သက်ဆိုင်ရာမှ ယခုအချိန်အထိ အသုံးပြုခြင်းမရှိပဲ ပြင်စလူမြို့ နယ် ကန္နားလမ်းဘေးတစ်နေရာတွင်
စည်းမဲ့ကမ်းမဲ့နိုင်စွာ စွန့်ပစ်ပစ္စည်းကဲ့သို့ထားရှိထားပါသည်။ယခုအခါ နာဂစ်မုန်တိုင်း၏နောက်ဆက်တွဲ
ဆိုးကျိုးများကြောင့် ရာသီဥတုဖောက်ပြန်လာပြီး အပူရှိန်မြင့်တက်ကာ သောက်သုံးရေကန်၊ရေတွင်း
များ ၊လယ်ယာမြေများ ခြောက်ခန်းလာနေပါသည်။မုန်တိုင်းဒဏ်သင့်ဒေသမှပြည်သူများအနေဖြင့်ယခု
အခါ ရာသီဥတုဖောက်ပြန်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲများနှင့်ရင်ဆိုင်နေရပါသည်။သို့
ပါသောကြောင့် ၄င်းရေချိုသန့်စင်စက်ကြီးအား သက်ဆိုင်ရာမှ အမြန်ဆုံးအသုံးပြုပြီး ပြည်သူများ၏
လိုအပ်နေသော သောက်သုံးရေအခက်အခဲ အတွက်ပြေလည်အောင် ဖြေရှင်းအသုံးပြုပေးပါရန် တင်ပြလိုက်ပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

No comments:

Post a Comment