မြန်မာပြည်တွင်းက ပြည်သူတွေရဲ့အခြေအနေနဲ့ပတ်သတ်ပြီး သင်ဘယ်လိုခံစားရပါသလဲ။
ဒီမေးခွန်ကိုဖြေဖို့တော်တော်ခက်ခဲရှုပ်ထွေးပါတယ်။ ကျနော့်အမြင်အရကတော့ မြန်မာပြည်သူတွေဟာ တိုင်း ပြည်ရဲ့အဖိုးအတန်ဆုံး အရင်းအမြစ်တွေပါ။ အမှားမှားအယွင်းယွင်းတွေများနေတဲ့ တိုင်းပြည်ထဲကို ကျနော်သွား တဲ့အကြောင်းကတော့ အဲ့ဒီပြည်သူတွေဆိအလည်သွားဖို့ပါဘဲ။ ဒါမှ သူတို့ဆီက သင်ယူနိုင်မယ်။ သူတို့နဲ့ ရင်းနှီး ခင်မင်နိုင်မယ်။ သူတို့ကို အားပေးထောက်ခံရာရောက်မယ်။ ဒီလောက်ဖိနှိပ်နေတဲ့အခြေအနေဆိုးတွေအောက် မှာ သူတို့ဟာ အပြုံးမပျက်နေနိုင်ကြတယ်။ တစ်နေ့နေ့မှာ သူတို့ဟာ ဒီစနစ်ဆိုး၊ အခြေအနေဆိုးဘ၀ကနေ လွတ်မြောက်ပြီး လွတ်လပ်ပွင့်လင်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် ဘ၀မျိုး ကျနော်မျှော်လင့်ပါတယ်။
ကျနော်နဲ့တွေ့ခဲ့သူအများစုကတော့ စစ်အာဏာရှင်စနစ်ကို အဆိုးမြင်ပြစ်တင်ကြတယ်။ သူတို့အနေနဲ့ ပြည်ပက တစ်ခုခုပေါ်လာမယ်လို့မျှော်လင့်နေပုံရပါတယ်။ ကျနော်ကတော့ ပြည်ပကိုဘဲ စောင့်ဆိုင်းမနေဖို့နဲ့ စစ်မှန်၊ ခိုင်ခံ့ တဲ့ ပြောင်းလဲမှုဟာ ပြည်တွင်းမှာသာရှိကြောင်း ပြောခဲ့ပါတယ်။ ပြည်ပရောက်သူတွေအနေနဲ့ အားပေးမှု၊ လှုံ့ ဆော်မှု နဲ့ ထောက်ခံမှုလောက်ဘဲ လုပ်ပေးနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
တစ်ယောက်၊ နှစ်ယောက်လောက်ကသာ ဒီနှစ် ၂၀၁၀ အတွင်း ရွေးကောက်ပွဲနှင့်အတူ သိသာတဲ့ဖြစ်ထွန်းမှု တွေ ဖြစ်လာလိမ့်မလား မျှော်လင့်နေကြတယ်။ အများစုကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာကို ယုံကြည်မှုမရှိကြပါဘူး။ တစ်ယောက်ကဆိုရင် NLD မပါတဲ့ ရွေးကောက်ပွဲ ကို မယုံကြည်ကြောင်းနဲ့ မထောက်ခံကြောင်း ပြောပါတယ်။ ဆန္ဒမဲလည်း သွားပေးမှာ မဟုတ်ကြောင်း ပြောပါ တယ်။
နိုင်ငံခြားခရီးသွားများဟာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်ပေးဖို့ ၀တ္တရားရှိတယ်လို့ သင်ထင်ထားပါ သလား။
ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို မဖတ်ဘဲ မသွားသင့်ဘူးလို့ ထင်ပါတယ်။ ကျနော့်အနေနဲ့ စစ်အာဏာပိုင်တွေ ချုပ်ကိုင်ထားတဲ့ ဟိုတယ်တွေတည်းခိုရတာ၊ သူတို့နဲ့ပတ် သတ်တဲ့လေကြောင်းကို စီးရတာ၊ မန္တလေးနန်းတော်ထဲ လည်ဖို့ပေးရတာကိုတောင် မှားနေတယ်လို့ ခံစားမိ တယ်။ ဒီငွေတွေဟာ စစ်အာဏာရှင်တွေတစ်နည်းနည်းနဲ့ အားပေးသလိုဖြစ်နေတယ်လေ။
စစ်အာဏာပိုင်တွေအတွက် တတ်နိုင်သလောက်ငွေကိုချွေတာသုံးပြီး မြန်မာပြည်သူတွေကို တိုက်ရိုက်ထောက် ပံ့နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ ပြီးတော့ ဒေသခံပြည်သူတွေရဲ့ အသံတွေကို နားထောင်ရမယ်၊ လေ့လာရမယ်။ ဒါမှသာ သူတို့ဘာကို တကယ်လိုအပ်တယ်ဆိုတာကို သိလာနိုင်တယ်လေ။
ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လွတ်မြောက်ရေးအတွက် မြန်မာပြည်သူတွေနဲ့အတူ ရှိနေ တယ်ဆိုတာကိုလည်း ပြသဖို့လိုပါတယ်။ ပြီးတော့ မြန်မာ့အရေးဟာ မေ့ပျောက်ကောင်းတဲ့အရာ၊ လက်လျှော့ရ မဲ့အရာမဟုတ်ကြောင်းကိုလည်း သတိပေးရပါမယ်။
ဒီမေးခွန်းအတွက် အောင်းဆန်းစုကြည်ပြောဖူးတဲ့ စကားတစ်ခုကို ကိုးကားပါရစေ။ သူမက “ သင်ဟာ မတရား မှုမှာ ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ပါတယ်လို့ဘဲ ပြောရမယ် ” ( If you are neutral in a situation of injustice, you have chosen to side with the oppressor. )။ ဒီစကားကို တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး Desmon d Tu Tu လည်း သုံးဖူးသည်။ ( ဘာသာပြန်သူ )
သင့်ရဲ့လုပ်ရပ်ဟာ သင်နဲ့ဆက်သွယ်ခဲ့တဲ့ဒေသခံလူတွေကို အန္တရာယ်ဖြစ်စေမလား။
ဒါဟာ အလွန်အလေးထားစရာပါ။ ဒါကြောင့်လည်း ကျနော့်အနေနဲ့ ဘုန်းကြီးတစ်ချို့၊ လူတစ်ချို့နဲ့ ကြိုတင်ဆွေး နွေးခဲ့ပါတယ်။ ကျနော်နဲ့ဆက်သွယ်ခဲ့တဲ့သူများကို ကြိုတင်သတိပေးခဲ့တာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ ကျနော့် စတစ်ကာကပ်ခဲ့တဲ့နေရာတွေဟာလည်း တစ်ဦးနဲ့ဆက်နွယ်ပတ်သတ်မှုမရှိတဲ့ အများနဲ့သက်ဆိုင်တဲ့ နေရာတွေ မှာဘဲ ဖြစ်ပါတယ်။
သင့်ကို ဖမ်းတဲ့အခါ ဘာတွေဖြစ်ခဲ့သလဲ။ မြန်မာအာဏာပိုင်တွေကကော ခင်ဗျားကို ဘာတွေပြောခဲ့သလဲ။ သင့် အနေနဲ့ ရှေ့နေရခဲ့သလား (သို့) သံရုံးက တစ်စုံတစ်ယောက်ကိုတွေ့ခဲ့သလား။
အာဏာပိုင်တွေအနေနဲ့ မဖမ်းခင်ကတည်းက နောက်ကနေ တကောက်ကောက်လိုက်နေတာ ကျနော်သိပါ တယ်။ အဲ့ဒါဟာ တော်တော်သိသာပါတယ်။ ကျနော်နဲ့ဆက်သွယ်တဲ့ ဒေသခံလူတွေကလည်း အာဏာပိုင်တွေ က သူတို့ကို အနည်းဆုံး စစ်ဆေးနိုင်တယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ကျနော်နဲ့တွေ့ဆုံဖို့ မပျက်ကွက်ခဲ့ ပါဘူး။
ကျနော်ခရီးစဉ်အတိုင်း လက်မလျှော့ဘဲ လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန် အမေရိကန်သံရုံးက အရာရှိတ ယောက်နဲ့စကားပြောပြီးကတည်းက ကျနော့်ခရီးစဉ်အတိုင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ခဲ့ တာပါ။ ကျနော်ခေါ်ယူစစ်ဆေးခံရနိုင်တယ်။ နှင်ထုတ်ခံရနိုင်တယ်ဆိုတာ တွေးပြီးသားပါ။ ကချင်ပြည်နယ်ကို သွားဖို့လည်း ဆုံးဖြတ်ခဲ့တယ်။ ကျနော်အလွယ်တကူ အလျော့မပေးဘူး၊ မကြောက်ဘူးပေါ့။
မန္တလေးပြန်ရောက်ပြီး နောက်တစ်နေ့မနက်မှာတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ချို့နဲ့ အရပ်ဝတ်အရာရှိ တစ်ချို့ ကျနော်တည်းတဲ့ တည်းခိုခန်းမှာ လာစောင့်နေတာတွေ့ရတယ်။ ဒီနေ့ဘဲ မြန်မာပြည်က ထွက်ခွာပေးရ မယ်လို့ပြောပါတယ်။ ဘာမှ ထူးထူးထွေထွေမပြောကြပါဘူး။ အရာရှိတွေကလည်း အင်္ဂလိပ်စကားမပြောနိုင်ကြ ဘူး။ စကားပြန်ရှာဖို့လည်း ခက်တာနဲ့ ကျနော့်ကိုဘာမှ မေးမြန်းတာမလုပ်တော့ပါဘူး။ ကျနော့် ပတ်စ်ပို့ ကို ဘန် ကောက်သွားမယ့်လေယဉ်မတတ်ခင်အချိန်အထိ သူတို့ သိမ်းထားခဲ့ကြတယ်။
ကျနော်တည်းခိုခန်းကမထွက်ခွာခင် ကျနော်နှင်ထုတ်ခံရတဲ့အကြောင်း အမေရိကန်သံရုံးကို သတင်းပို့ပေးဖို့ အ ခြားနိုင်ငံခြားသားတစ်ဦးကို စာရေးပေးနိုင်ခဲ့တယ်။ တခြားနိုင်ငံခြားတွေရဲ့ အတွေ့အကြုံအရ မြန်မာပြည်မှာ ရှေ့နေတွေ့ဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စဖြစ်တယ်ဆိုတာ ကျနော် မှတ်သိခဲ့ရပါတယ်။
မန္တလေးလေဆိပ်ကို တက္ကဆီနဲ့ခေါ်သွားတယ်။ ထူးထူးဆန်းဆန်း တက္ကစီ စီးနေစဉ် ကျနော် iPod နားထောင်ခွင့် ရတယ်။ ဘယ်သူမှကျနော့်ကိုစကားမပြောကြပါဘူး။ ကျနော်ထင်တာက ရန်ကုန်ရောက်ရင်တော့ စစ်ဆေးကြ မှာပဲလို့ တွေးမိခဲ့တယ်။ ကျနော့်ကို လက်ထိပ်မခတ်ကြပါဘူး။ ကြမ်းကြမ်းတမ်းတမ်းမကိုင်တွယ်ကြပါဘူး။ လေ ဆိပ်မှာတော့ စစ်ထောက်လှမ်းရေးက လူတွေထင်ပါတယ် ကင်မရာတွေနဲ့ စောင့်နေကြတယ်။ ကျနော့်ကို အချိန် ပြည့်ဓါတ်ပုံရိုက်နေကြတယ်။ ကျနော့်ကို အစောင့်တစ်ယောက်နဲ့လေယဉ်ပေါ်တင်ခဲ့တယ်။ ကံမကောင်းစွာဘဲ ကျနော် MAI လေယဉ်စီးခဲ့ရတယ်။ ဒါပေမယ့် လေယဉ်ရေချိုးခန်းမှာ ကျနော့်ရဲ့နောက်ဆုံးငြိမ်းချမ်းရေးစတစ် ကာလေးကို ကပ်နိုင်ခဲ့ပါတယ်။
မန္တလေးက နေပြည်တော်(ကြပ်ပြေး)၊ ဒီနောက်မှ ရန်ကုန်ကို ကျနော်အပို့ခံခဲ့ရတယ်။ ဒါပေမယ့် မေးခွန်းထုတ် ခြင်း၊ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေခြင်းတစ်ခုမှ အလုပ်မခံရပါဘူး။ ရန်ကုန်လေဆိပ်ရုံးခန်းတစ်ခုရောက်တော့ “Blacklist 2005” စာရင်းဆိုတာကိုတွေ့ခဲ့ရတယ်။ ကျနော်က “Blacklist 2010” မှာ ကျနော့်နံမည်ပါမှာလားလို့ အရာရှိကိုမေးမိတယ်။ သူကသေချာတာပေါ့လို့ပြောတယ်။ အဲ့ဒီတော့မှ ကျနော်လည်း စိတ်သက်သာသွားတော့ တယ်။
ဘာကြောင့်ကျနော့်ကို နှင်ထုတ်ရတာလည်းလို့မေးတဲ့အခါ “ ငါတို့မသိဘူး ” လို့ဘဲ အဖြေပေးကြတယ်။ ကျနော် သဘောပေါက်ပါတယ်။ ဆုံးဖြတ်ချက်ချသူတွေဟာ ကန့်လန့်ကာနောက်ကွယ်မှာဘဲဆိုတာ။ နောက်ဆုံး ကျနော့် ကို ဘန်ကောက်သွားလေယဉ်ပေါ်တင်လိုက်ပြီး ကျနော့်ပတ်စ်ပို့စ်ကိုလည်း ပြန်ပေးခဲ့တယ်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွက် သင့်ရဲ့အနာဂါတ်အစီအစဉ်တစ်ချို့ကဘာတွေလဲ။
လှုပ်ရှားမှုတွေကတော့ အားလျော့သွားမှာမဟုတ်ပါဘူး။ အခုပြည်ပလှုပ်ရှားမှုတွေအတွက် အာရုံစိုက်နေပါ တယ်။ ဘန်ကောက်ရောက်ရောက်ချင်း မိတ်ဆွေ ၁၅ ဦး လောက်ထံကို ကျနော်နှင်ထုတ်ခံရတဲ့အကြောင်းနဲ့ ဘေးကင်းတဲ့အကြောင်း အီးမေးလ်ပို့ခဲ့ပါတယ်။ ကျနော့် အီးမေးလ် အချက်အလက်တွေကိုအခြေခံပြီး ကျနော့် မိတ်ဆွေတစ်ဦးက မြန်မာလိုဘာသာပြန်ရေးသားပြီး ဖြန့်ဝေခဲ့ပါတယ်။ နောက်နေ့မှာ BBC ကနေ ကျနော့်ကိုအင် တာဗျူးပါတယ်။ ဒါ့အပြင် ဘလော့ခ် ၂၀ ကျော်ကလည်း ကျနော့်သတင်းကို ဖော်ပြတာကိုတွေ့ရပါတယ်။
နောက်ပိုင်း ကျနော့်ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကတော့ The Best Friend Library နဲ့ အများကြီးဆက်စပ် နေပါလိမ့်မယ်။ နောက်တစ်ပတ်မှာ “ Burma VJ ” မှတ်တမ်းရုပ်ရှင်ကို ချင်းမိုင်မှာ အရှင်သောပါကနဲ့အတူ ရှင်း လင်းပြသပါမယ်။ ဇွန်လ မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂ ရက်ကြာမယ့်လှုပ်ရှားမှုတစ်ခုရှိပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာလည်း ဒုတိယအကြိမ် “ ငြိမ်းချမ်းရေးလမ်းလျှောက် ပွဲ ” ( Peace Walk ) ကို မဲဆောက်မှာလုပ်မလို့ စီစဉ်ထားပါတယ်။ နောက်ထပ် ငြိမ်းချမ်းရေး စတစ်ကာ အခု ၁၀၀၀၀ ထုတ်ဝေမယ်လို့လည်း သတင်းကောင်းကြားရပါတယ်။ မြန်မာပြည်တွင်း ငြိမ်းချမ်းစွာအသွင်ပြောင်းလဲ ရေးအတွက် ကျနော်တို့ရဲ့ ငြိမ်းချမ်းလှုပ်ရှားမှုတွေဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒေါ်စုပြော ခဲ့တဲ့ “ Please use your Liberty to promote ours. ” ဆိုတဲ့ မိန့်မှာချက်ကို အလေးထားရပါမယ်။
Translated - Alinsek
(13.May.2010)
Subscribe to:
Post Comments (Atom)





No comments:
Post a Comment