သန်းရွှေသာ ပြည်သူ့မျက်နှာ မကြည့်တာ မဟုတ်ပါဘူး။ နိုင်ငံတကာက ကဲ့ရဲ့ရှုတ်ချမှုတွေကြားက ဖက်ဆစ် စစ်အာဏာရှင်ကို ရင်းရင်းနှီးနှီးဆက်ဆံပြလိုက်တဲ့ အိန္ဒိယ အစိုးရဟာ သူ့ရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုလည်း အရေးမစိုက်ဘူးဆိုတာကို ဒီနေ့နေ့လည် ဂျန်တားမန်တားမှာ ဆန္ဒလာပြတဲ့ အိန္ဒိယ တိုင်းသား သောင်းကျော်တို့က သက်သေပြလိုက်ပါတယ်။
အိန္ဒိယ အစိုးရဟာ Commom Wealth Games ကို မကြာခင် နယူးဒေလီမှာ ကျင်းပခွင့်ပြုခဲ့တာမှာ ကုန်ကျစရိတ်တွေ သန်းနဲ့ချီနေပေမယ့် အိန္ဒိယ နိုင်ငံသားတွေကတော့ အလုပ်လက်မဲ့လူငယ်တွေ တိုးပွားလာတဲ့ ပြဿနာတွေ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာတွေကို လစ်လျူရှုထားဆိုပြီး အိန္ဒိယ အလယ်လတ်တန်းနဲ့ အခြေခံလူတန်းစားတွေက ဆန္ဒပြကြတာပါ။
သူတို့အဆိုအရ အိန္ဒိယ လက်ရှိအစိုးရဟာ အထက်တန်းလွှာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းနဲ့ အစိုးရတရပ်ရဲ့ အကျိုးစီးပွားအတွက်ပဲ လုပ်နေတာလို့ ပြောကြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment