ကိုနစ်အားကျေးဇူးတင်ပါသည်.....
နိုင်ငံခြားသတင်းတွေမှာတောင် ပါလာပါပြီ။ နအဖစာပေစီစစ်ရေးက ခွင့်ပြုထားပြီးသား စာရေးဆရာ ဟိန်းလတ်ရဲ့  “ကင်မ်ဂျုံအီ (သို့မဟုတ်) မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး” စာအုပ်ကို မြောက်ကိုရီးယားတွေက သဘောမကျလို့  ပြန်သိမ်းခိုင်းလို့  နအဖက ပြန်သိမ်းပေးရပါသတဲ့ဗျာ။ကင်မ်ဂျုံအီဆိုတာ သူပါဘဲ။

အမျိုးသားသစ္စာဖောက် နအဖလုပ်လို့  မြန်မာဆိုတာ မြောက်ကိုရီးယား ခိုင်းစေသမျှ မလွန်ဆန်တဲ့ အနေအထား ဖြစ်နေပါပြီ။ မြန်မာလူမျိုးတို့ ရဲ့  ဂုဏ်သိက္ခာနဲ့  မြန်မာနိုင်ငံရဲ့  သမိုင်းကြောင်းကတော့ နအဖလက်ချက်ကြောင့် ကမ္ဘာ့အလည်မှာ မျက်နှာငယ် အောက်ကျသွားရပါပြီ။

No comments:
Post a Comment