ခေါင်းဆောင်ကောင်းဆိုတာ အမြဲတမ်း လိုအပ်တဲ့အချိန်မှာ အရေးကြီးတဲ့အချိန်မှာ မတွေဝေစတမ်း ပြတ်သားတဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ပြည်သူကို သတ္တိရှိရှိ ချပြရဲတယ် အဲ့ဒီ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။
ကျက်သရေ မင်္ဂလာရှိသော မိန်းမကောင်း မိန်းမမြတ်ဆိုတာ သူပဲဖြစ်တယ်
သူ ရဲ့နုပျိုမူ ကိုယ်ပိုင်လွတ်လပ်မူ တွေကို တိုင်းပြည်ကို ပေးခဲ့တယ်
တိုင်းပြည်တခွင် ခရီးစဉ်တိုင်းမှာလဲသူ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အမြဲတမ်း တသားတည်းဖြစ်နေခဲ့တယ်
သူ့ရဲ့ ရဲရဲတောက် မိန့်ခွန်းတွေမှာ အားငယ်စရာ တွန့်ဆုတ်စရာ တွေဝေစရာ ဘယ်တော့မှ မပါဘူး
တိုင်းရင်းသား ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတယ်
မတရားအချူပ်အနှောင်ခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူချစ်တဲ့ ငါတို့အမေကို ငါတို့ကို ပြန်ပေးပါ 
အချုပ်အနှောင်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာနဲ့ သူချစ်တဲ့ပြည်သူ ပါတီဝင်တွေ မိသားစုတွေနဲ့ပြန်တွေ့စေချင်တယ်
စစ်အာဏာရှင်လက်အောက်ကနေ သက်စွန့်ဆံဖျား လူပ်ရှားနေကြရသော မြန်မာပြည်တွင်းမှ ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ပြရုပ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ မဆုမွန်မှာ ကူးယူပါသည် .......










No comments:
Post a Comment