Friday, September 3, 2010

ဒေါက်တာ မတင်ဝင်းက နအဖ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ တွေ ဖွတ်တွေကို ရွေးပေးဖို့  တိုက်တွန်းနေတာလား။


ဒီနေ့  ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ကြီးမှူးကျင်းပတဲ့ လစဉ်ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲမှာ ဒေါက်တာ မတင်ဝင်းက “သမိုင်းစဉ်တွင် နေရာယူခြင်းနှင့် လူမှန်ရွေး၍ နေရာပေးခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပါသတဲ့။

၁၉၆၂ ခုနှစ်က စလို့  မြန်မာနိုင်ငံရဲ့  သမိုင်းစဉ်ကြီးမှာ နေရာယူခဲ့ကြတာ ပြည်သူ့ အာဏာကို လက်နက်နဲ့  ခြိမ်းခြောက်သိမ်းပိုက်ပြီး နေရာယူခဲ့ကြတာ နေရာယူနေကြတာ မဆလ န၀တ နအဖဆိုတဲ့ အာဏာရူး နေ၀င်း သန်းရွှေ ဦးဆောင်တဲ့ ဗိုလ်ချူပ်ကြီးတွေဘဲဆိုတာ ဒေါက်တာမတင်ဝင်း ထည့်မပြောဖူးဖြစ်ဖူးလား၊

နောက် ဒီလိုနေရာကို အဓမ္မယူကြတဲ့ နေ၀င်း သန်းရွှေတို့ ထိပ်ပိုင်းက စလို့  အောက်ဖြေအဆင့်ဆင့် ရယက မယက အပါအ၀င် အမျိုးသမီးရေးရာ ကြံ့ ဖွတ်အဆုံး အဲ့ဒီလူတွေဟာ လူမှန်တွေ မဟုတ်ဖူး ပြည်သူက ရွေးချယ်ပေးခဲ့တာ မဟုတ်ဖူးဆိုတာကိုရော ဒေါက်တာ မတင်ဝင်း ထည့်မပြောဖြစ်ဖူးလား၊ နောက် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ့်လူကိုယ်တင် လက်ဝါးချင်းရိုက် စည်းဝါးကိုက်ပြီး ကိုယ့်အချိုးနဲ့ ကိုယ်ချိုးနေကြတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း သိန်းစိန်တို့ လို ကြံ့ ဖွတ်တွေ၊ တစညလို အာဏာရူးအိုကြီးတွေရဲ့  ကိုယ်စားလှယ်တွေ၊ အမြှောင်အကပ်လုပ်တတ်ကြပြီး အရိုးအရင်းစားရလို့  စားရငြား စားခွက်ဝင်လုဖို့  ချောင်းနေကြသူ ကိုယ်စားလှယ်တွေကရော နေရာတိုးလုတဲ့သူတွေ နအဖက လူမမှန်ရွေးလို့  ကြမ်းခင်းနေရာမှာ ထားပေးဖို့  လုပ်နေတာကို ဒေါက်တာ မတင်ဝင်း သိမှသိပါသလား၊ သိသိကြီးနဲ့ လည်းရော နအဖရွေးကောက်ပွဲအကြို နအဖအကြိုက် လိုက်ပြီး “သမိုင်းစဉ်တွင် နေရာယူခြင်းနှင့် လူမှန်ရွေး၍ နေရာပေးခြင်း” ခေါင်းစဉ်နဲ့ ဟောပြောရတာပါလား။

ဒေါက်တာ မတင်ဝင်း ပြောတဲ့ “သမိုင်းစဉ်တွင် နေရာယူခြင်းနှင့် လူမှန်ရွေး၍ နေရာပေးခြင်း” ဆိုတာ အာဏာရူးတွေ နေရာယူထားတာနဲ့  နအဖ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ တွေ ဖွတ်တွေကို ရွေးပေးဖို့  တိုက်တွန်းနေတာလား။

အောက်ဖေါ်ပြပါပုံကတော့ ဒေါက်တာ မတင်ဝင်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဟောပြောပို့ ချမှု ပြုလုပ်နေတုန်းက မှတ်တမ်းဓါတ်ပုံ ဖြစ်ပါတယ်။

































ဒေါက်တာ မတင်ဝင်း အကြောင်းကတော့ - ဒေါက်တာ မတင်ဝင်းဟာ နအဖတို့ ရဲ့  ထိပ်တန်းစစ်တက္ကသိုလ်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College) မှာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေပါတယ်။

ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဆိုတာ အနိမ့်ဆုံးအဆင့် ဗိုလ်မှူးကြီးတွေ တက်ရောက်ကြရတဲ့ နအဖတို့ ရဲ့  ထိပ်တန်းစစ်တက္ကသိုလ် ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၁) ကို ၁၉၉၄ ခုနှစ်ကနေ စတင်ခဲ့ပြီး နအဖရဲ့  အမာခံ စိတ်ချရတဲ့ လူယုံတော်ကြီး စစ်ဗိုလ်မှူးကြီးတွေကိုသာ ရွေးချယ်ပြီး သင်တန်းပေးတာ ဖြစ်ပါတယ်။
























ဒီနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စီးပွားရေးဆိုင်ရာ ပို့ ချဆွေးနွေးမှုများကို စီးပွားရေးတက္ကသိုလ်က ပါမောက္ခချူပ်တွေ ပါမောက္ခတွေက ပို့ ချပြီး၊ နိုင်ငံတကာရေးရာ ပို့ ချဆွေနွေးမှုများကိုတော့ နိုင်ငံတကာဆက်ဆံရေးပညာဌာနနဲ့  ဥပဒေဌာနက ပါမောက္ခတွေက ပို့ ချဆွေးနွေးပါတယ်။ စစ်ရေးဆိုင်ရာ ပို့ ချမှုတွေကိုတော့ စီနီယာကျတဲ့ နအဖ စစ်တပ်အရာရှိကြီးတွေက ပို့ ချပါတယ်။

လက်ရှိ နအဖရဲ့  ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချူပ်ကြီးတွေ ဒုဗိုလ်ချူပ်ကြီးတွေဟာ ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တက်ရောက်သင်ကြားခဲ့ဖူးသူတွေချည်း ဖြစ်ပါတယ်။

ပို့ ချတဲ့ သင်တန်းပို့ ချချက်တွေထဲက တစ်ုကို သိအောင်ဖေါ်ပြရရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။






























ယခု နအဖလုပ်နေတဲ့ ညူကလီးယား စီမံကိန်းတွေ၊ ဥမင်လှိုဏ်ခေါင်းကိစ္စတွေ၊ အင်တာနက်ပိုင်းဆိုင်ရာ သတင်းဆိုင်ရာ တိုက်ခိုက်ထိုးနှက်မှုတွေ၊ စိတ်ဓါတ်ရေးရာ တိုက်ခိုက်မှုတွေ၊ ၀ါဒဖြန့် ချီရေး ဖန်တီးထိုးနှက်မှုတွေဟာ ဒီပို့ ချချက်တွေထဲကနေ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒီလို နအဖရဲ့  ထိပ်တန်း စစ်တက္ကသိုလ်ကြီးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဒေါက်တာ မတင်ဝင်းဟာ အကြံပေးပုဂ္ဂိုလ်အဖြစ် နိုင်ငံရေးဆိုင်ရာ ပို့ ချဆွေးနွေးမှုများကို ပြုလုပ်သူတစ်ဦး ဖြစ်ပါတယ်။

ရဟန်းရှင်လူပြည်သူတွေကို လက်နက်နဲ့  သတ်ဖြတ်ညဉ်းပမ်းနှိပ်စက်နေကြတဲ့ နအဖဗိုလ်ချူပ်ကြီးတွေ ဗိုလ်မှူးကြီးတွေကို ဒီလိုမျိုး အဆိပ်ပင် ရေလောင်းနေတဲ့ ဒေါက်တာ မတင်ဝင်းတို့ လို ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်က ပါမောက္ခချူပ်တွေ ပါမောက္ခတွေဟာ ပြည်သူ့ ရင်သွေး ကျောင်းသားကျောင်းသူများ သွေးမြေကြခဲ့ကြရတဲ့ မျက်နှာကိုမှ မထောက်ထားဘဲ နအဖအာဏာရူးတွေရဲ့  မျက်နှာကိုသာ ထောက်နေကြတဲ့ ဒေါက်တိုင်ကြီးတွေ ဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။

ဒေါက်တာ မတင်ဝင်း ပြောတဲ့ “သမိုင်းစဉ်တွင် နေရာယူခြင်းနှင့် လူမှန်ရွေး၍ နေရာပေးခြင်း” ဆိုတာ မှန်ကန်ဖို့ အတွက် လက်ရှိ နအဖအာဏာရူးတွေ၊ နအဖလက်ပါးစေတွေ ဒေါက်တိုင်တွေကို ဖြုတ်ချဖယ်ရှားပြီးမှ ပြည်သူက အမှန်တကယ်ရွေးကောက်ပေးလိုက်တဲ့ ပြည်သူ့  ကိုယ်စားလှယ် လူမှန်တွေ ဦးဆောင်အုပ်ချူပ်တဲ့ ပြည်သူ့ အစိုးရစစ်စစ် မြန်မာပြည်မှာ ပေါ်ပေါက်မှသာ သမိုင်းစဉ်မှာ နေရာမှန်ယူဖြစ်တာနဲ့  လူမှန်ပေါ်ပေါက်မှာ ဖြစ်ပါတယ်။

ဒေါက်တာမတင်ဝင်း ခင်ဗျား - “လူမှန် နေရာမှန်” မဖြစ်နေတာ ကျွန်တော်တို့  မြန်မာနိုင်ငံကြီရဲ့  သမိုင်းစဉ်မှာ ၁၉၆၂ ခုနှစ်ကတည်းက အခုအချိန်ထိဆိုရင် နှစ်ပေါင်း (၄၈) နှစ် ရှိပါပြီ။

ကျွန်တော်တို့  ပြည်သူတွေကို အာဏာရူးတွေရဲ့  လက်အောက်ထဲ ဆက်လက်ထိုးထည့်တဲ့ စကားများ မဟောပြောဖို့ နဲ့  အဆိပ်ပင်ရေလောင်းသလို နအဖဗိုလ်ချူပ်ကြီးတွေ ဗိုလ်မှူးကြီးတွေကို ဟောပြောပို့ ချသင်ပြတာတွေ မလုပ်သင့်ဖူးဆိုတာ ပြောကြားလိုပါတယ်။

နစ်နေမန်း။

No comments:

Post a Comment