Sunday, September 19, 2010
သွေးသစ္စာရှင်(သို့)ရဲရဲတောက်မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း(၂၂)နှစ်ပြည့်ဆွမ်းကျွေးတရားတော်နာ အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပ
၁၉.၉.၁၉၈၈ ရက်နေ့တွင် န၀တစစ်အစိုးရ၏ရက်စက်စွာပစ်ခတ်သတ်ဖြတ်မှုကြောင့်
ကျဆုံးခဲ့ရသော အသက်(၁၆)နှစ်အရွယ်ရှိအဌမတန်းကျောင်းသူလေးမ၀င်းမော်ဦး
ကွယ်လွန်ကျဆုံးခြင်း(၂၂)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့်အမှတ်(၁၀၇၆)၊အပိုင်(၃)
ရပ်ကွက်၊လှိုင်သာယာမြို့နယ်ရှိသူမ၏မိဘများနေအိမ်၌ဆွမ်းကပ်တရားတော်နာရေ
စက်ချအမျှပေးဝေခဲ့ပါသည်။ဝါးကျောင်းဆရာတော်အမှုးရှိသောပင့်သံဃာ(၅)ပါးကို
ဆွမ်း၊သင်္ကန်း၊လှုဖွယ်ဝတ္ထုများဖြင့်ဆက်ကပ်လှုဒါန်းကြောင်းသီရှိရပါသည်။နအဖစစ်
အစိုးရ၏ SB ထောက်လှမ်းရေးများကကြွရောက်လာသောသံဃာတော်အရှင်သူမြတ်
များ၏ဘွဲ့တော်များကိုမေးမြန်းသည်မှအပမည်သည့်အနှောင့်အယှက်တစ်စုံတစ်ရာမှပြု
လုပ်ခြင်းမရှိကြောင်းလည်းသိရပါသည်။ဆွမ်းကပ်တရားတော်နာယူပွဲသို့ သူမ၏အဖွား
အရင်းဖြစ်သူ အသက်(၈၈)နှစ်အရွယ်ရှိ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်ဒေါ်နီနှင့်
ရှေ့ နေကြီးဘဘဦးအုန်းမောင်၊ရွှေပြည်သာမှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်၊
ကဗျာဆရာ သူရဇ္ဈာန်၊အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၊ NLD
ပါတီမှ အမျိုးသမီးခေါင်းဆောင်များ၊လှိုင်သာယာမြို့နယ်မှ NLD
ပါတီဝင်များနှင့်မြောက်ဥက္က
လာမြို့နယ် NLD ပါတီဝင်များလာရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။ရွှေပြည်သာမြို့နယ်မှ
NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်မှ မ၀င်းမော်ဦးအားဂုဏ်ပြုသောအားဖြင့်(သွေးသစ္စာ)
အမည်ရှိကဗျာကိုလည်းကောင်း၊ကဗျာဆရာ သူရဇ္ဈာန်မှ (အောင်ပွဲရမှ အမျှဝေပါ) အမည်ရသော
ကဗျာတို့ကိုရွတ်ဖတ်ပြီး အလေးပြုခဲ့ကြပါသည်။တစ်နှစ်ပြီးတစ်နှစ်၊
နှစ်ကာလတွေကြာမြင့်ခဲ့ပါ
သော်လည်း အမှန်တရားအတွက်၊ ဒီမိုကရေစီရရှိဖို့အတွက်အသက်ပေးဆပ်သွားကြသော
မ၀င်းမော်ဦးကဲ့သို့ကျောင်းသားလူငယ်များ၊ရဟန်းရှင်လူအပေါင်းတို့အားတစ်စက္ကန့်မှမမေ့သည့်
အပြင်တစ်ရက်ထက်တစ်ရက်ပို၍ပို၍လေးစားနေမည်ဖြစ်ကြောင်း၊ထိုကဲ့သို့အသက်ခန္ဓာကိုမငဲ့
ကွက်ပဲပေးဆပ်သွားသကဲ့သို့ကျွန်တော်တို့သည်လည်းလွတ်လပ်တရားမျှတမှုမရသရွေ့ ၊ဒီမိုကရေစီ
စနစ်မပေါ်ပေါက်လာသေးသရွေ့အသက်ကိုစတေးပြီးဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း
လေးစားစွာအသိပေးအပ်ပါသည်။
လေးစားဦးညွှတ်လျှက်
BP
Subscribe to:
Post Comments (Atom)










No comments:
Post a Comment