Thursday, September 16, 2010
ရွေးကောက်ပွဲ မလုပ်နိုင်သည့် ဒေသများထုတ်ပြန်ကြေငြာ
မြို့နယ်ပေါင်း ၃၂-ခုအောက်ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်အစိုးရမှ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်မှ ယနေ့ ထုတ်ပြန်ကြေငြာလိုက်သည်။ ၄င်းမြို့နယ်တို့မှာ ကချင်တွင် ၉ မြို့နယ်၊ ကယားတွင် ၂ မြို့နယ်၊ ကရင်တွင် ၇ မြို့နယ်၊ မွန်တွင် ၂ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်တို့ ဖြစ်သည်။ ရွေးကောက်ပွဲ မလုပ်နိုင်သည့် ဒေသများမှာ အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသအများစု ပါဝင်ပြီး စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောင်းရေး အစီအစဉ် မအောင်မမြင်ဖြစ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ ရွေးကောက်ပွဲ မကျင်းပပေးနိုင်သည့် မြို့နယ်များစာရင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
Subscribe to:
Post Comments (Atom)





No comments:
Post a Comment