Tuesday, September 14, 2010

မိဘမဲ့ HIV ကလေးငယ်များအတွက် ပြင်ဆင်မှု





နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျှက်ရှိသော ပန်းချီဆရာကြီး (၁၁) ဦးတို့ ရေးဆွဲပြသထားသည့် September Rain in Bagan ပန်းချီပြပွဲသို့ သွားရောက်လေ့လာ ပြသခဲ့ ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များသည် ရေဆေး ပန်းချီဆွဲခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါ၍ ယခု သွားရောက်လေ့လာခဲ့သော September Rain in Bagan ပန်းချီပြပွဲတွင် ရေဆေးပန်းချီကားများသာ ဖြစ်သည့်အတွက် မျိုးဆက်သစ် ကလေးငယ်များအတွက် များစွာ အကျိုးရှိခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များသည် မိဘမဲ့ HIV ကလေး များအတွက် ရန်ပုံငွေ အလှူငွေ ရှာဖွေပေးနိုင်ရန်အတွက် မိမိတို့ တတ်စွမ်းထားသော ပန်းချီပညာရပ် ဖြင့် ပေးဆပ်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မကြာတော့မည့် နေ့ရက် အချိန် ကာလတွင် မိဘမဲ့ HIV ကလေးငယ်များအတွက် ပန်းချီပညာရှင် ကလေးငယ်များက လူလူချင်း စာနာ ထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ဖေးမကူညီ ပံ့ပိုးပေးတော့မည် ဖြစ်ပါသည်။






No comments:

Post a Comment