Sunday, October 17, 2010

နိုင်ငံတော်တည်ငြိမ်ရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ သူမပါလေရောသ လား ... ဦးသူရရွှေမန်းပြောတဲ့ (ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ) သူရှိနေခဲ့တာ ဘာကြောင့်လည်း ..


နိုင်ငံတော်တည်ငြိမ်ရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ သူမပါလေရောသ လား ...
ဦးသူရရွှေမန်းပြောတဲ့ (ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ) သူရှိနေခဲ့တာဘာကြောင့်လည်း ....

ဦးအောင်ထွန်း(ခ)ဦးပဲထွန်း
က/၆ ၊ အိမ်အမှတ်(၁၀) ၊ မြို့သစ်ရပ်ကွက်ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

အထက်ဖော်ပြပါ နေရပ်လိပ်စာတွင်နေထိုင်သူ ဦးအောင်ထွန်း(ခ)ဦးပဲထွန်း သည် -

(၁၉၉၉)ခုနှစ်မှ ယနေ့ကာလအထိ အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော တိုင်းရဲတပ်ဖွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အပိုင်နယ်မြေရှိ အမှတ်(၁၁)စခန်းမှူး၊ နယ်ထိန်းနှင့် (သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့ , စစစ)အခြား တပ်ဖွဲများပါမကျန် တာဝန်ရှိ ၀န်ထမ်းအားလုံး ခါးပိုက်အတွင်းထဲ့သွင်းနိုင်ခြင်းကြောင့် တစ်မျိုးသားလုံး စိတ်ဓါတ်နှင့်အကျင့်စာရိတ္တ အညွှန့်တုံး စေသည့်  (၁/၂/၃)လုံးလောင်းကစားဒိုင်ချုပ် အဖြစ် (၁၉၉၀)ခုနှစ်မှ ယနေ့ကာလအထိ တိုင်
လုပ်ကိုင်နေနိုင်ခြင်း။
၎င်းလုပ်ငန်းဖြင့် ကြီးပွားချမ်းသာကာ ရပ်ကွက်အတွင်း လူမိုက်အုပ်စုဖွဲ့ရမ်းကားခြင်း။

ရပ်ကွက်နေ သားပျို/သမီးပျိုများအား ဆော်ကား အနိုင်အထက်ပြု ခြင်း။

ပါရာဒို without ကားဖြင့် ဥပဒေကို မထေမဲ့မြင်ပြု လူတွင်ကျယ်လုပ်ခြင်း။

သူပြောတဲ့အတိုင်းလုပ်ပါ ၊ ပြောတာလည်းမလုပ် ၊ ပေးတာလည်းမယူ ၊ ကျွေးတာကိုလည်း အသာမစားရင်တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဘက်ရေးရာလုပ်ခြုံရေးတပ်ဖွဲ့ မှ တပ်ကြပ်ကြီး ရဲနိုင် လို အနည်းဆုံးထောင်(၄)နှစ် . ပါတဲ့ ။ ကျန်ဝန်ထမ်းများမှာ ကြောက်နေရ လောက်အောင် သြဇာတန်ခိုးကြီးမားနေသဖြင့် ၀န်ထမ်းနှင့်ဥပဒေ ခြစားအောင်ပြု နေခြင်း။

မြို့သစ်(၅)ရပ်ကွက်၊ (၇၃×၇၁)လမ်းကြား ၊ မနော်ဟရီလမ်းနှင့် စိန်ပန်းလမ်း ၊ (က/၁) ရပ်ကွက်ရှိ ရှင်ပင်အုန်းအင်း ဘုန်းတော်ကြီးကျောင်း အား ခုတုန်းလုပ် အသုံးချ လောင်းကစားလုပ်ငန်းအား အကြီးအကျယ်လုပ်ကိုင်နေခြင်းသည် ဘာသာ/သာသနာကို ညစ်နွမ်းစေခြင်း

ဦးအောင်ထွန်း(ခ)ဦးပဲထွန်း မူဝါဒ -


မကျေနပ်ရင်ကြိုက်ရာသွားတိုင် မင်းတို့ထက်ဇယားနိုင်တယ်
ဟူသည့် ဆောင်ပုဒ်ကိုလက်ကိုင်တုတ်သဖွယ် ကျင့်သုံးနေသူ ဦးအောင်ထွန်း(ခ)ဦးပဲထွန်း အားသုတ်သင်ပေးနိုင်ရေး (နိုင်ငံအကြီးအကဲများနှင့်သံဃာနာယကအဖွဲ့ကြီးမှ ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်နိုင်ရွက်ပေးရေး ဖော်ပြအပ်ပေသည်)

No comments:

Post a Comment