Saturday, November 13, 2010

အမျိုးသာဒီမိုကရေစီအဖွဲ့ ချူပ် ရုံးရှေ့ မှာ သံဃာတော်များလည်း ရောက်ရှိလို့ နေကြပါတယ်။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၄ ရက်နေ့ ၊ ၂၀၁၀ ခုနှစ်) ။

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်သို့ ရောက်ရှိလာပြီး လူထုကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ကြွေးကြော်၍ လက်ခုပ်တီး ကြိုဆိုကြသည်။ လူထုကြီးမှာ များပြားသည့် အတွက် ရွှေဂုံတိုင် လမ်းမကြီးတလျောက် ကားအသွားအလာ ရပ်ဆိုင်းထားရပြီး NLD အဖွဲ့ဝင်များက လူထုကို နောက်သို့ဆုတ်ပေးရန် မေတ္တာရပ်ခံနေသည်။ လူတွေများလွန်းလို့ ကားပေါ်က ဆင်းမရ။ အနီးနားက ဆိုင်တွေ အကုန်ပိတ်ရ။ စုဝေးနေတဲ့ လူဦးရေ သောင်းချီမယ် ခန့်မှန်းပါသည်။



ဒေါ်အောင်ဆန်းစုကြည် အကျီနက်ပြာရောင် ဝတ်ထားတယ်။ သံတမန်တွေကို စကားအရင်ဆုံး ပြောလိမ့်မယ်လို့ ယူဆရတယ်။ လူတွေက များလွန်းလို့ တိုးမပေါက်ပါ။

No comments:

Post a Comment