တိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁း၀၀ ကျော်အချိန် နအဖတပ်နှင့် ဒီကေဘီအေ၊ ကေအဲန် ယူပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂-နာရီကျော်အချိန်တွင် အဆိုပါပူးပေါင်းတပ်တို့ က ဘုရားသုံးဆူမြို့ကို စတင် ၀င်သိမ်းပြီဟု သိရသည်။
ကေအဲန်ယူ တပ်မဟာ (၆) ဗိုလ်ကြီး စောထဲနေက "ဒီမနက် ၁၁း၁၅-အချိန်မှာ ဗိုလ်နော်တယာဦးဆောင်တဲ့ဒီအေ ဘီအေ တပ်ရင် (၉၀၇)နဲ့ ကျနော်တို့လူတွေ ပူးပေါင်းပြီးတော့ နအဖခလရ (၂၈၃)နဲ့ ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက် (၄) နအဖတပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။
လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေရာရွှေ့လိုက်ပြီ" ဟုပြောသည်။

No comments:
Post a Comment