Saturday, November 13, 2010

ပြည်သူများ မျှော်လင့် နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါပြီး။





ယနေ့ ညနေ ၅နာရီတွင်ပြည်သူများ မျှော်လင့် နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါပြီးရှင်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နအဖဥက္ကဋ္ဌ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံခဲ့ရပါတယ်။

ယနေ့ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် လွတ်မြောက်သွားပါပြီး.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် သူမအား စောင့်ကြိုနေသော ပြည်သူ လူထုအား ထွက်ပြီး ကိုယ်တိုင် နုတ်ဆက် ခဲ့ပြီး ယနေ့တွင် မိမိတို့ နေထိုင်ရာနေအိမ် များ သို့ စည်းကမ်းရှိစွာဖြင့် ပြန်လည် ကြပါရန် ပြောဆိုခဲ့ ပြီး မနက်ဖြန် နေ့လည် (၁၂)နာရီတွင် အဖွဲ့ချုပ်ရုံးသို့ သူမ လာရောက်ပါမည်ဟု ပြောကြားသွား ပါသည်.။သူမ၏ နေအိမ်တွင် အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်သူမ တွေ့ဆုံနေပါသည်ဟု သတင်း ရရှိပါသည်.။ပြည်သူ လူထု ကြီးကို ညီညီညွတ်ညွတ် နှင့် လိုချင်သော ပန်းတိုင်သို့
ရောက် ရှိအောင် ကြိုးစား သွားရမည် ဖြစ်ကြောင်း ပြောကြားသွားပါသည်ဟု သိရှိရပါသည်.။ အစ်မမြတ်လေးငုံအားကျေးဇူးတင်ပါသည်........

No comments:

Post a Comment