Monday, November 29, 2010

မြ၀တီ အနီး တိုက် ပွဲ များ ပိုမိုပြင်းထန်လာ

နေ့သစ် မီဒီယာ
မြ၀တီနှင့် ၁၀မိုင်အကွာတွင်ရှိနေသောဝေါလေ ဒေသတွင် ပိတ်မိနေသော နအဖတပ်တတပ်အားကယ်ထုတ်နိုင်ရန်အတွက်နအဖ တပ်ရင်း ၃ ရင်းဖြင့် စစ်ကြောင်းထိုးလာမှုကိုဒီကေဘီအေ ကရင်မျိုးချစ်ရဲဘော်များရဲ့ ပူးပေါင်းတိုက်ခိုက်ခိုက်မှုကြောင့် ယမန်နေ့က နအဖစစ်တပ်မှတပ်သား အမြောက် အများ ကျဆုံးကြောင်းသတင်းရရှိပါတယ်။

ဖလူးလေးကျေးရွာအနီးရှိ သံမဏိတောင် တွင်နေ့လည် ၁၂နာရီတွင် တကြိမ်၊ ညနေ ၅နာရီခွဲတွင်တကြိမ် နအဖစစ်တပ်များနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားရာတွင် နအဖ စစ်သည်၁၇ ဦးကျဆုံးခဲ့ပြီး၊ဒီကေဘီအေ တပ်ဖွဲ့ဘက်မှအထိအခိုက်အကျအဆုံးမရှိကြောင်း FNG ကသတင်းရရှိပါတယ်။

ယမန်နေ့ ည တွင်လည်း မြ၀တီမြို့ရှိ တောရကျောင်းရှေ့တွင် လက်နက်ကြီးကျည် ၁လုံး၊ ခရစ်ယာန်ဘုရားကျောင်းရှေ့တွင် ၁လုံးကျရောက်ပေါက်ကွဲပြီး မည်သည့်အဖွဲ့ကပစ်သည်ကိုမသိရကြောင်း မြ၀တီဒေသခံတဦးက ပြောပြပါတယ်။ ယ္ခုအခါ မြ၀တီ မြို့မှာကော့ကရိတ်၊ဘားအံ့၊ ရန်ကုန် သို့ခရီးသွားလာကုန်သွယ်မှုရပ်တန့်နေပြီဖြစ်ကြောင်း၊ အောက်ပိုင်းကလည်းတက်မလာရဲကြသလို၊ မြ၀တီမှလည်း

အောက်ပိုင်းသို့ မသွားရဲကြတော့ကြောင်းဆက်လက်ပြောပြခဲ့ပါတယ်။ ယ္ခုအခါ တိုက်ပွဲများအရှိန်မြင့်လာပြီး နေရာအနှံ တိုက်ပွဲများဖြစ်ပေါ်လာနေမှုကြောင့် နယ်စပ်ဒေသရှိကျေးရွာစာသင်ကျောင်းများမြ၀တီမြို့နယ်၊ကော့ကရိတ်မြို့နယ် ရှိစာသင်ကျောင်းများပိတ်ထားကြောင်းသတင်းရရှိပါတယ်။

ကေအင်ယူတပ်ရင်း ၁၈နှင့် ဒီကေဘီအေ ကလိုထူးဘောတပ်ဖွဲ့များ ပူးပေါင်းတိုက်စစ်ဆင်မှုကြောင့်တောင်ဘက်ရှိ စက္က၀က်ကျေးရွာအနီး တွင် နအဖစစ်တပ်မှ အယောက် ၃၀ကျော်ကျဆုံးပြီး၊ ကေအင်ယူ-ဒီကေဘီအောပူးပေါင်းတပ်ဖွဲ့မှ လက်နက် အလက်၃၀ သိမ်းပိုက်ရရှိကြောင်း
နေ့သစ် မီဒီယာက ပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားပုံနဲ့ နအဖတပ်ရဲ့ ကျဆုံးခဲ့ရသူများအထဲတွင် အရာရှိဘယ်လောက်၊ အကြပ်၊တပ်သားဘယ်လောက်ကျဆုံးခဲ့ရ ကြောင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တိုက်ပွဲ တွေ ကြောင့်  မဲဆောက်တောင်ဘက် စအိုမြို့နယ်အနီး မယ်ကုကင်း မှာ ဒုက္ခသည် ၃၀၀၀ ထွက်ပြေးခိုလှုံလာကြတယ် လို့ သိရပါတယ်။

No comments:

Post a Comment