ဆုံဆည်းရာ
မြန်မာစံတော်ချိန်.....ညနေ ၈ နာရီ ၁ မိနစ်
-----------------------------------------------------------------------
-----------------------------------------------------------------------
ညနေ(၇ နာရီ ၅၀ မိနစ်) ရှမ်းပြည်နယ်တွင် တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီ...။ (ကိုးကား - shanland.org)
Shan State Army (SSA) North’s Battalion 24 stationed at Kunkieng- Wan Lwe, 3 miles west of Wan Hsaw, a village between Wanhai, the main base of the SSA North, and Monghsu, was attacked by a unit from Light Infantry Division 33, at 17:00 local time, according to SSA sources.
“At first, the 33rd was encircling us,” said an SSA officer, “but now reinforcements from Wanhai are encircling the 33rd. “The fighting is still raging at the time of this reporting,” he added.
19:00.
“At first, the 33rd was encircling us,” said an SSA officer, “but now reinforcements from Wanhai are encircling the 33rd. “The fighting is still raging at the time of this reporting,” he added.
19:00.
ညနေ(၄ နာရီ ၁ မိနစ်) ရှမ်းပြည်အတွင်းရှိ နအဖ တပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး စတင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ ဖြစ်ကြပြီး လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ (ကိုးကား - ကန္တာရ၀တီတိုင်း(မ်))
နေ့လည်(၁ နာရီ ၁၀ မိနစ်) နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။
နေ့လည်(၁၂ နာရီ ၁၀ မိနစ်) လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။
နေ့လည်(၁၂ နာရီ ၅ မိနစ်) ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နံနက်(၁၀ နာရီ ၂၁ မိနစ်) ဒီကေဘီအေ ဗိုလ်မှူး စောလားဘွယ်မှ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ့တပ်မတော်သားများကို ယခုလို ပန်ကြားလိုက်ကြောင်း သိရှိရသည်။
မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့ နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြည်တွင်းက အနိုင်ကျင့်ခံ အညာခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံးလည်း လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။
နံနက်(၈ နာရီ ၃၈ မိနစ်) သျှမ်းပြည်တပ်မတော်မှ ဒီကေဘီအေအား ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကြေညာချက်တစောင် ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ထိုကြေညာချက်ကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ။
နံနက်(၈ နာရီ ၁၈ မိနစ်) နအဖ ဘက်က ၉ ရက်နေ့ ဘုရားသုံးဆူ၊ မြ၀တီမြို့တွေမှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ်တို့ရဲ့ တိုက်ပွဲကိစ္စတွေနဲ့ ပက်သတ်ပြီး အပြန်အလှန် သတင်းတင်ပို့တဲ့ ကြေးနန်း စာတစောင် ယနေ့လည်း ထပ်မံ ထွက်ရှိလာပါတယ်။ မနေ့တုန်းကလည်း ၈ ရက်နေ့က တိုက်ပွဲအခြေအနေ ကြေးနန်းစာတစောင်လည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ ယခုကြေးနန်းစားစာက နအဖ စစ်တပ် ကြေးနန်းရေးသားပုံ ရေးသားနည်း မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ တကယ့်ကြေးနန်းလား ဟုတ်မဟုတ် မသေချာပါဘူး။ ကိုယ်ပိုင် သုံးသပ်ချင့်ချိန်နိုင်ပါတယ်။ ကြေးနန်းစာကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ။
နံနက်(၈ နာရီ ၆ မိနစ်) ဘုရားသုံးဆူဒေသတွင် ယနေ့မနက် ၄ နာရီကျော်က စပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ဒီကေဘီအေ ဘက်မှ တပ်ရင်း ၉၀၆ နဲ့ ၉၀၇ တို့ဖြစ်ပြီး နအဖ စစ်တပ် ဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ခမရ ၄၀၅ တို့ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်နေတာပါ။ ဘုရားသုံးဆူဒေသဘက်ကို နအဖ ဘက်မှ တပ်မ ၂၂ ကို စစ်ကူလွှတ်ထားလို့လည်း နောက်ဆုံးရ သတင်းများအရ သိရှိရသည်။
နံနက်(၈ နာရီ ၂ မိနစ်) ဘုရားသုံးဆူဖြစ်ပွားနေသော တိုက်ပွဲ သတင်းတကို ထိုင်းတီဗွီ ၃ မှ ယမန်နေ့ည ၁၀ နာရီက ထုတ်လွှင့်သွားတဲ့ ဗွီဒီယို သတင်းပါ....





No comments:
Post a Comment