ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေတွင် လွတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှ အဖွဲ့ဝင်များက ပြောသည်။
ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ရောက်ရှိနေသော တောင်ငူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က “ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်လည်း လက်မှတ်ထိုးပြီးပြီ။ ညနေ ၄ နာရီလောက်တော့ ထွက်မယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင် လူအများစောင့်ဆိုင်းနေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ လုပ်ဖွယ် ရှိကြောင်းလည်း သိရသည်။
NLD အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် “We Stand With Aung San Suu Kyi” ဆိုသည့် စာတန်းပါတီရှပ်များကို ၀တ်ဆင်၍ ရုံးချုပ်ရှေ့တွင် ကြိုဆိုရန် စောင့်စားနေကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ယနေ့လက်မှတ်ထိုးသည်ဟု ရန်ကုန်မြို့မှ လာသော သတင်းများက ဆိုသည်။
မွန်းလွဲ ၁၂ နာရီတွင် လွှတ်မိန့်စာကို ၎င်း၏နေအိမ်သို့ တာဝန်ရှိသူများက သွားရောက်ဖတ်ပြခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း ရန်ကုန်မြို့ခံ သတင်းသမားတဦးကပြောသည်။
ယနေ့တွင် NLD လူငယ်များက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် သွေးလှူဒါန်းကြကြောင်း သိရသည်။
NLD ရုံးချုပ်တွင် လူ ၅၀၀ ခန့် စုရုံးရောက်ရှိနေပြီး ရုံးချုပ်အနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။<
အဖွဲ့ချုပ်ရုံးမှာ ပြည့်ကျပ်နေပါပြီ
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။
ဒီအကြောင်းကို အဖွဲ့ချုပ်ရုံးမှာ အခု ရှိနေတဲ့ သူတယောက် ပြောပြတာက ...
“ပြည်နယ်နဲ့တိုင်းက ခေါင်းဆောင်တွေ ရုံးရှေ့မှာ အကုန်နီးပါး ရောက်နေကြတယ်။ လူငယ်တွေလည်း တော်တော်များများ ရောက်နေကြတယ်။ ရုံးရှေ့မှာက ပရိသတ်က ၈ဝဝ - ၁ဝဝဝ လောက် ရောက်နေကြတယ်။ ရုံးထဲမှာလည်း ပြည့်ညပ်နေပြီ။ လူတွေတောင် နေစရာမရှိတော့ဘူး။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ပိုစတာလို ပုံစံမျိုးဖြစ်အောင် တုတ်တံလေးတွေနဲ့ ကြွေးကြော်လို့ရအောင် လုပ်ထားတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်မယ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင်ထားတယ်။ ဆေးရုံတွေမှာ သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်နဲ့ သွေးလှူတဲ့ လူငယ်တွေလည်း ပြန်ရောက်နေကြပြီ။ အဲဒီ လူတွေနဲ့ ရုံးမှာ ပြည့်နေတယ်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သေချာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေယနေ့ နေ့လည်တွင် သူမနေထိုင်ရာ နေအိမ်သို့ ရောက်နေပြီး လွှတ်ပေးမဲ့အကြောင်း လက်မှတ် ထိုးပြီးပြီလို့ပြောပါသည်။ မကြာခင်လွှတ်ပေးမဲ့ဝရမ်းအမိန့်စာရတာနဲ့ချက်ချင်း လွှတ်မည် ဟုသတင်း ရရှိ ပါသည်.။သေချာထပ်မံ သိရှိပါက ထပ်မံဖော်ပြပေးသွားပါမည်.။
ယနေ့ (၁၂.၁၁.၂၀၁၀) ညနေ (၄)နာရီ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် အား လွတ်ပေးပါမည်ဟု အာဏာပိုင်များကပြောကြားလိုက်ပါသည်.။
မြတ်လေးငုံ at Friday, November 12, 2010
ဒေါ်အောင်ဆန်းစုကြည်ကို သွေးလှူပြီး ကြိုဆို
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ကို ကြိုဆိုသည့် အနေဖြင့် NLDပါတီ လူငယ်အဖွဲ့ဝင် ၁၀၀ ကျော်က ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် ယနေ့ သွေးလှူဒါန်းမှု ပြုလုပ်ကြောင်း သတင်းရသည်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့မည်ဖြစ်ပြီး စစ်အစိုးရက ပြန်လည် လွှတ်ပေးမည်ဟု လူအများက မျှော်လင့်နေကြသည် ။
ဒေါ်အောင်ဆန်းစုကြည်၏သား ပြည်ဝင်ခွင့်ရ
ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းသည် သူ၏ မိခင်နှင့် တွေ့ဆုံရန် ယခုရက်အတွင်း မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာရရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။ ကင်မ် အဲရစ်သည် ဗီဇာအကြိမ်ကြိမ် လျှောက်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ယခုအကြိမ်ဗီဇာရခဲ့လျှင် ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။
ရုံးချုပ်ရှေ့မှာ ဒေါ်စုပုံတွေ ဝေဝေဆာဆာ
ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ် အင်္ကျီတွေ ဆင်တူဝတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၅ဝဝ လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ပြီး၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ စောင့်ဆိုင်းနေတယ်လို့ မဇ္ဈိမ သတင်းထောက်တွေက သတင်းပေးပို့ပါတယ်။
ဒေါ်စုအိမ်ရှေ့ ကန့်သတ်ထားဆဲ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက် သွားရောက် ကြည့်ရှု့ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တယောက် ပြောပြတာကတော့ ...
"ကျနော် ခုနက ခြံနားသွားကြည့်တော့ အရင်အတိုင်းပဲ။ အခုပဲ ကျနော်တို့ လူငယ်တဖွဲ့လေ။ လွတ်ပြီ ဆိုတဲ့အသံ ထွက်နေတယ်။ ကျနော်တို့ လူငယ်တွေ တံခါး မဖွင့်သေးဘူး။ ကန့်သတ်နယ်မြေ ဆိုပြီးတော့ အရင်အတိုင်းပဲ။ လွတ်မယ်၊ မလွတ်ဘူးဆိုတာ ကျနော် မသိဘူး။ ကျနော် ပြောတာက လူက အပြင် မထွက်သေးတော့ မသေချာသေးဘူးပေါ့ဗျာ”
နောက်ဆက်တွဲ သတင်းတွေ ရလာခဲ့ရင်လည်း ဒီအောက်မှာဘဲ ပေါင်းထည့်ပေးထားပါ့မယ်ခင်ဗျာ ။

A member of Myanmar opposition leader Aung San Suu Kyi's National League for Democracy party looks at a portrait of the detained leader outside the party's headquarters Wednesday, Nov. 10, 2010, in Yangon, Myanmar. Myanmar's military-backed party has so far captured 77 percent of the parliamentary seats contested in weekend elections, a senior party leader said Wednesday, following polling widely decried as manipulated and unfair. (AP Photo/Khin Maung Win)










No comments:
Post a Comment