Saturday, December 4, 2010

သူခိုးဓားပြထက် ဆိုးတဲ့ပါတီမှ (“ကျေးဇူးတင်လွှာ” တဲ့ ဗျား)

“ကျေးဇူးတင်လွှာ” တဲ့ ဗျား"


“ကျေးဇူးတင်လွှာ” တဲ့ ဗျား


ကြံ့ဖွံ့ပါတီအနေနဲ့ တကယ် ကျေးဇူးတင်ရမှာက ပြည်သူ မဟုတ်တာသိပ်သေချာပါတယ်။၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်စုရဲ့NLD အနိုင်ရတော့ ပြည်သူတွေ အုံးအုံးကြွက်ကြွက်နဲ့ ပျော်မြူးခဲ့ကြပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့နိုင်တော့ တနိုင်ငံလုံး တစပြင်ကဲ့သို့ ခြောက်ကပ်ကပ်နဲ့။ လူထုရဲ့ကျေနပ်မှုများ ပျောက်ရှနေတာ ကြာပါပြီ။

အောင်မျိုးထွန်း
၅- ၁၂- ၂၀၁၀

သူခိုးဓားပြထက် ဆိုးတဲ့ပါတီမှ (“ကျေးဇူးတင်လွှာ” တဲ့ ဗျား)

ကျေးဇူးတင်လွှာရေးရမှာက  မဲထည့်တဲ့ ပြည်သူတွေ မဟုတ်ပါဘူး။ မျက်နှာပြောင်တိုက်ကာ အရှက်မဲ့ မဲလိမ်၊ မဲခိုးပေးတဲ့ ကော်မရှင် အဖွဲ့ဝင် ဖွတ်စုတ်၊ ဖွတ်ပဲ့များ၊ စွမ်းအားမဲ့များ၊ သေဆုံးသူ ၊ အသက်မပြည့်သူ.. အိမ်ထောင်စု စာရင်းမရှိသူများ။ လိုသလောက် မဲများရရှိရန် ရိုက်ထုတ်ပေးသော ကြပ်ပြေးမှ ပုံနှိပ်စက် ဝန်ထမ်းများ. ။ ရှုံးနေရာမှ ပြန်ပြီးနိုင်သည်ဟု မျက်နှာပြောင်တိုက်ကာ ပြန်လည်ကြေငြာပေးသည့် ကော်မရှင်လူကြီးများ..။ ပြိုင်ဘက်မရှိသော မဲဆန္ဒနယ်များတွင် အပြတ်အသတ် အနိုင်ရသော ကြံ့ဖွတ်ကိုယ်စားလှယ်များ .. မဲပေးသူ ရာခိုင်နှုန်း ၁၀၀ကျော်အောင် ဖော်ပြပေးပြီး၊ ရွေးကောက်ပွဲ မပြုလုပ်သော နေရာများတွင် အနိုင်ရရှိသည်ဟု ဖော်ပြပေးသော နိုင်ငံပိုင်သတင်းစာများ.. ထိုကဲ့သို့ မသမာမှုများ ပြုလုပ်မည်ကို သိလျှက်နှင့် ပါဝင်ယှဉ်ပြိုင်ပေးသည့် လွှတ်တော်ထဲရောက်မှ ဆိုကြမယ် အော်ကြမယ်ဆိုသော.. နိုင်ငံရေးပါတီများနှင့် ကမ္ဘာ့အော့ကြော်လန် ဗရုတ်ဗရက်  တရားမမျှတသော ရွေးကောက်ပွဲအား ကျင်းပပေးသည့် ဦးသန်းရွှေအား ကျေးဇူးတင်ပါသည်။

 ကိုအောင်မျိုးထွန်းပေးပို့လာတဲ့ သတင်းအား ဖြည့်စွက် ရေးသားလိုက်ပါတယ်..အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်.......

No comments:

Post a Comment