Friday, January 21, 2011

စစ်တပ် လွှတ်တော် ကိုယ်စားလှယ်စာရင်း ထွက်ရှိ..........................

လွှတ်တော်အတွက် စစ်တပ်ကိုယ်စားလှယ် အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရ သတင်းစာများတွင် ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

သတင်းစာများ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စစ်တပ် ကိုယ်စားလှယ် စုစုပေါင်း ၃၈၈ ဦး၏ အမည်စာရင်းအား ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၏ လက်မှတ်ထိုး ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။


လက်ရှိ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။

ကြေညာချက်ပါ စစ်တပ် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသားလွှတ်တော် အ တွက် ၅၆ ဦး၊ ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော်များ အတွက် ၂၂၂  ဦးဖြစ်သည်။

စစ်တပ်မှ ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ် အဆင့်၌ ကရင်ပြည်နယ် လွှတ်တော်အတွက် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးသာ ပါရှိပြီး ပြည်သူ့လွှတ်တော်၌ ဗိုလ်မှူးကြီး အဆင့်ရှိသူ ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၁၄ ဦး ပါရှိသည်။

ကျန်ရှိသည့် စစ်တပ် ကိုယ်စားလှယ်များသည် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီး အဆင့် ရှိသူများ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ယင်း စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သည် အရွေးချယ်ခံစရာ မလိုအပ်ဘဲ လွှတ် တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့် ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ အကြောင်းအရာ တခုခုအား ပြုပြင်ပြောင်းလဲမည် ဆိုပါက ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်  တော် မှ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်မှသာ ပြုပြင် ပြောင်းလဲပိုင်ခွင့် ရှိသည်။

စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ယူထားပြီးဖြစ်သောကြောင့် စစ်တပ်၏ ထောက်ခံမှု မပါဘဲ ဖွဲ့စည်းပုံအား ပြုပြင် ပြောင်းလဲရန် ခက်ခဲ မည် ဖြစ်သည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် လွှတ်တော်အသီးသီး၌ စစ်တပ်ကိုယ်စားလှယ်နှင့် စစ်ယူနီဖောင်းချွတ်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ( ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် စုစုပေါင်းသည် ၈၀ ရာခိုင်နှုန်းကျော် ရှိမည်ဖြစ်၍ ကျန် ကိုယ်စားလှယ် အရေအတွက်သည် ၁၀ ရာခိုင်နှုန်း ကျော်သာ ရှိမည်ဖြစ်သည်။

ကြံ့ဖွံပါတီသည် လွှတ်တော်အသီးသီး၌ အင်အားအကြီးဆုံး ပါတီတခုဖြစ်ပြီး ပါတီ၏ ဥက္ကဋ္ဌမှာ လက်ရှိအစိုးရ၏ ၀န်ကြီးချုပ် ဦးသိန်းစိန် ဖြစ်သည်။

နအဖ အစိုးရ၏ နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ အတွင်းရေးမှူး (၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး စသော ဗိုလ်ချုပ်ကြီးဟောင်းများနှင့် လက်ရှိဝန်ကြီး အဆင့်ရှိသူများသည် ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေးများမှ ဒု သမ္မတ ၃ ဦး ရွေးချယ်ရာတွင် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများမှ ၂ ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။


ထို ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ်ရွေးမည် ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်ရှိသူ ဖြစ် ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသည်။

နိုင်ငံတော် သမ္မတနှင့် ဒု သမ္မတ များသည် ရွေးကောက်ခံ လွှတ်တော်အမတ် ဖြစ်ရန်မလိုဟုလည်း ဖွဲ့စည်းပုံ၌ ဖော်ပြထားပြီး  ၅ နှစ် သက်တမ်း၂ ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်သည်။

အသက် ၇၇ နှစ်ဝန်းကျင် ရှိသော  စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်အစိုးရသစ်တွင် သမ္မတ အဖြစ် တာဝန်ယူထားပြီး ဖြစ်ကြောင်း ဧရာဝတီမှ မကြာသေးခင်က ရရှိခဲ့သော အတည်မပြုနိုင်သည့် သတင်းများအရ သိရသည်။



ခေတ်သစ် မြန်မာ့လွှတ်တော်
ရွေးကောက်ပွဲအလွန်ကို ပြေးကြည့်ခြင်း
ကာတွန်း ဇော်ဒီဒီ
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၀
၂၁ ရာစု တော်ဝင် လွှတ်တော်.....
Is that Disciplined Flourishing Democracy ???? :D:D:D

ထိပ်သီးချုပ်ကြီးရဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ
နိုင်ငံတော်အလံဆိုသည်မှာ
လွတ်တော်ကိုယ်စားလှယ်ဖြစ်ရန်မည်သည့်အရည်အချင်းမှမလိုပါ..သူတို့ပြောသမျှထောက်ခံရန်နှင့်ခေါင်းညိတ်တတ်ပါကလွတ်တော်ကိုယ်စားလှယ်ဖြစ်ပါပြီ

No comments:

Post a Comment