Wednesday, January 26, 2011

အမေ့အိမ်မှ ဂုဏ်ယူစရာ ကြယ်ပွင့်လေးများ...


အမေ့အိမ်မှ ဂုဏ်ယူစရာ ကြယ်ပွင့်လေးများ
သူငယ်ချင်းတို့ရေ……..
ဒီနေ့ အမေ့အိမ် ပညာဒါနကျောင်းက ဂုဏ်ယူစရာ / ၀မ်းသာစရာ ဆုပေးပွဲလေးတစ်ခုရဲ့ မြင်ကွင်းပါ ။
SEIKO (5) မိန်းမပတ်နာရီလေးတစ်လုံးကောက်ရလို့ ဆရာမထံလာအပ်တဲ့ ကလေးနှစ်ယောက် (တတိယတန်းမှ မောင်အောင်သီဟနိုင် နှင့် မစုစုလှိုင် ) ကို စာရိတ္တ စံပြဆု ချီးမြင့်တဲ့ အခမ်းအနားလေးပါ။
အမေ့အိမ်က အမေ့ရင်သွေးလေးတွေဟာ လူမချမ်းသာပေမယ့် စာရိတ္တချမ်းသာတဲ့ကလေးတွေမို့ တိုင်း ပြည်ရဲ့ သားကောင်းရတနာလေးတွေကို တို့လူကြီးတွေက တန်ဘိုးထားပြီး သူတို့ရဲ့ ဘ၀တွေကို မြှင့်တင်ပေးကြပါစို့ ။
နောက်ထပ်တိုးလာတဲ့ စေတနာရှင်တွေရဲ့  ရန်ပုံငွေ လှူဒါန်းနေတဲ့ပုံတွေကိုလည်း 
သာဓုခေါ်နိုင်ရန် တင် ပေးလိုက်ပါတယ် ။
မင်းတို့ရဲ့ သူငယ်ချင်း
ကိုငယ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တိုင်း လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမေ့အိမ်အခမဲ့ ပညာသင်ကျောင်းမှ ဓာတ်ပုံတွေပါ.. ဓာတ်ပုံများအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။
အနာဂတ်ရဲ့ အမေ့အိမ်ကျောင်းက ရင်သွေးငယ်တွေအတွက် ဝိုင်းဝန်းကူညီပေးကြပါ...
အမေ့အိမ်မှရင်သွေးလေးများ
သူငယ်ချင်းတို့ရေ…
အမေ့အိမ်မှာ…..
တို့ရဲ့  ရင်သွေးတွေ တို့ရဲ့  သားသမီးတွေ တိုင်းပြည်ရဲ့  ရတနာလေးတွေ ရှိနေတယ် ။
သူတို့လေးတွေကို ကူညီကြပါ ။ စောင့်ရှောက်ကြပါ ။ အသိအမှတ်ပြုကြပါ ။
ဘယ်သူတွေအသိအမှတ် မပြုချင်နေပါစေ ၊ တို့တတွေက စပြီး အသိအမှတ်ပြုကြရအောင်။ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ရတနာလေးတွေဖြစ်လာအောင် ၀ိုင်းဝန်းပြီး
ကူညီပေးကြရအောင် ။

သူငယ်ချင်းတို့ရဲ့ 
ကိုငယ်

ဖော်ပြခွင့်ပြုတဲ့ ကိုငယ်နှင့် ဒီမိုဝေယံအား အထူးကျေးဇူးတင်ပါတယ်။

No comments:

Post a Comment