Saturday, January 29, 2011

ပြန်လည်ကာ သတိရ မိတယ်.

နံနက်အိပ်ရာထလို့ မျက်လုးံ ဖွင့်တိုင်း ကိုယ့်နိုင်ငံ ကိုယ့်ရပ်
                ကိုယ့်ရွာ ကိုယ့်ဇာတိကို သတိရတယ်….၊
တိုင်ဆိုင်မှုတွေနဲ့ ကြုံတိုင်း ၂၀၀၇ စက်တင်ဘာတုးံက
လူမဆန်စွာ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ငမိုက်သား အာဏာရူးတွေကို
                    သတိရမိတယ်၊
မပြေလည်မှုတွေနဲ့ ကြုံတိုင်း တစ်ဘို့တည်းသာကြည့်တဲ့
     ငမိုက်သား နွားလိုလူတွေကို သတိရတယ်၊
ဝမ်းသာမှုတွေနဲ့ကြုံတိုင်း အနာဂတ်မဲ့နေတဲ့ မြန်မာနိုင်ငံက
      ကျောင်းသား လူငယ်တွေကို သတိရမိတယ်၊


နှစ်သက်တာတွေနဲ့ကြုံတိုင်း ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေနှင့်တကွ
                  ဆွမ်းဒကာ ဆွမ်းအမတွေကို
                    သတိရမိတယ်၊
ဝမ်းနည်းမှုတွေနဲ့ကြုံတိုင်းအားပေး နှစ်သိမ့်တတ်တဲ့ ကိုယ့်မိတ်ဆွေ တွေကို
                      သတိရမိတယ်၊
စာအုပ်ကောင်းတွေနဲ့ ကြုံတိုင်း မြန်မာနိုင်ငံ မှာ လွတ်လွတ်လပ်လပ် စာပေရေးသားခွင့်
               ဖတ်ရှူ့ခွင့်မရခဲ့တာကို သတိရမိတယ်၊

အင်တာနက်ကို ကြည့်တိုင်း ငါတို့ နိုင်ငံရဲ့
ညှင်းပန်းရက်စက်မှုတွေမပြည့်စုံ
မှုတွေကို
        သတိရမိတယ်၊
ကဗျာတွေစပ်တိုင်းစပ်တိုင်း ငါတို့နိုင်ငံရဲ့ လူမဆန်တဲ့
            လူ့အတ္တသမားတွေကို သတိရမိတယ်၊
စာကျက်တိုင်း စာကျက်တိုင်း ဆရာသမား တွေရဲ့ အာဏာရှင်ဆန်တဲ့ အမိန့်ပေးနေတဲ့ ငေါက်ငမ်းနေတဲ့
                     အမူအရာတွေကို သတိရမိတယ်၊
ကွန်ပြူတာ ခလုပ်ကိုနှိပ်မိတိုင်း ဘော့ပင် တစ်ချောင်းမပြောနဲ့ ခဲတံတစ်ချောင်းတောင် ကောင်းကောင်းဝယ် မသုးံနိုင်ခဲ့
             စာသင်သားကလေးဘ၀လေးကို သတိရမိတယ်၊
အင်္ဂလပ်စကား ပြောတိုင်း ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ် နိမ့်ပါးပုံကို
                       သတိရမိတယ်၊

ဆရာတွေ စာသင်တိုင်း ကိုယ့်နိုင်ငံက ဆရာတွေရဲ့
          လိုအပ်ချက်တွေကို သတိရမိတယ်၊
အစည်းဝေးမှာ ထိုင်မိတိုင်း ကိုယ့်ရဲ့ မရင့်ကျက်မှု တွေကို

သတိရမိတယ်၊

နာကျင်မှုတွေနဲ့ ရင်ဆိုင်ရတိုင်း ကိုယ့်ရှေ့ကနေ မားမားမတ်မတ်ဦးဆောင် ပြနေတဲ့ မြန်မာနိုင်ငံရေး သမားတွေနဲ့ တကွ
                           အမေ နှင့် အဖေ ကိုသတိရမိတယ်၊
ဆွမ်းစားလို့မကောင်းတိုင်း ကိုယ့်နိုင်ငံက ဆွမ်းဒကာ
        ဆွမ်းအမတွေကို သတိရမိတယ်၊

စာဖတ်လို့ကောင်းတိုင်း ငါတို့နိုင်ငံက စာမဖတ်တတ်တဲ့
ကလေးသူငယ် လူကြီးမိဘတွေကို သတိရမိတယ်၊
လက်တည်းမယ် ပိုက်ဆံပြတ်တိုင်း မွဲတေ ငတ်ပြတ်ဆင်းရဲအောင်


လုပ်နေတဲ့ နွားအဖ တွေကို သတိရမိတယ်၊
လိုချင်မှုတွေဖြစ်တိုင်း အဖက်ဖက် က မပြည့်စုံတဲ့ မြန်မာနိုင်ငံကြီးကို
             သတိရမိတယ်၊

ဘုရားရှင်ခိုး မေတ္တာပို့တိုင်း စက်တင်ဘာမယ် လူမဆန်စွာ ရိုက်နှက်ဖမ်းဆီး ခဲ့တဲ့
           အာဏာရှင် နအဖ ကိုသတိရမိတယ်၊


ရောဂါဝေဒနာ တွေ ခံစားရတိုင်း အမိ မြန်မာနိုင်ငံက
         ဆေးရုးံအစုပ်အပြတ်ကြီးကို သတိရမိတယ်။
ရင်မဆိုင်ရဲသေးတဲ့ သေခြင်းတရား ကို တွေးမိလိုက်တိုင်း
မသေခင်လေး တိုင်းပြည်အတွက် အများအတွက် ငါဘာတွေများ ကိုယ်ကျိုးစွန့် အနစ်နာခံ စွန့်ခဲ့ ပြီးပြီ လဲလို့
 အမြဲတမ်း ပြန်လည် သတိရမိနေပါတယ်….။
အီမေလ်သို့ပေးပို့လာတဲ့ အရှင်နေမိန္ဒကိုကျေးဇူးတင်ပါတယ်

No comments:

Post a Comment