Sunday, February 6, 2011

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအား ၀ိုင်းဝန်းမှတ်တမ်းတင်ခဲ့ပေးသော စောလောအယ်စိုးအား အထူး လေးစားမှတ်တမ်းတင်အပ်ပါသည်။

(ယခုမှတ်တမ်းအတွက် စောလောအယ်စိုးအား အထူး လေးစားရပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်)။

ကရင်ပြည်နယ်ဇာတိဖွား စောလောအယ်စိုးဟာ ရန်ကုန်မှာ ဥပဒေနဲ့ ဘွဲ့ရအပြီး သူဝါသနာပါတဲ့ ဓါတ်ပုံသတင်းထောက် လောကထဲကို ခြေစုံပစ် ၀င်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ ဓါတ်ပုံတွေအနက် မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာအရေးအခင်း ဓါတ်ပုံတွေကတော့ ကမ္ဘာကျော် ဓါတ်ပုံတွေ ဖြစ်လာခဲ့ပါတယ်။ သူစွန့်စား ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေ အကြောင်း တစေ့တစောင်းကိုတော့ video မှာ ကြည့်နိုင်ပါတယ်။


သူ့ရဲ့ ကျွမ်းကျင်တဲ့ ဓါတ်ပုံဆရာတယောက် ဖြစ်လာရတာကလည်း သူ့ရဲ့ ငယ်ငယ်ကတည်းက ၀ါသနာအရင်းခံ ပြင်းပြင်းထန်ထန် ရှိနေခဲ့တာနဲ့ တစိုက်မတ်မတ် ကြိုးစားမှုလာခဲ့တာတွေကြောင့် ဆိုတာ နယ်စပ်မှာ ထွက်လာအပြီး သူနဲ့ရင်းနှီးတဲ့ အချိန်က သိလာရတာပါ။ သူပြောနေကျ စကားတခွန်းတော့ ရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့ ကင်မရာရှေ့မှာ မတရားမှုတွေ ဥပဒေမဲ့ အလုပ်ခံရတာ တွေကြောင့် ရလာတဲ့ ဓါတ်ပုံတွေဟာ တနေ့တချိန်မှာ လူတွေရဲ့ အခွင့်အရေးတွေအတွက် ပြနိုင်တဲ့ဟာတခုခု ဖြစ်ခဲ့မယ်ဆိုရင် ထိုလူတွေအတွက် သူတိုက်ပွဲဝင်တာ တခုဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ ခံယူထားတဲ့ အချက်ပါပဲ။ မျှဝေသော လူငတေ FBookအား ကျေးဇူးတင်ရှိပါသည်။ ထို့ အတူ ဆက်လက်မျှဝေပေးသော ဒေါင်းမာန်ဟုန်အားလည်း ကျေးဇူးတင်ရှိပါတယ်။

(သမိုင်းဆိုတာ အာဏာရှင်တွေ ဘယ်လောက်ဖုံးကွယ်ကွယ် အမှန်တရားဆိုတာဟာ ပျောက်ပျက်တယ် မရှိပါဖူး)။ ကိုနစ်အားကျေးဇူးတင်ပါတယ်..

No comments:

Post a Comment