Saturday, February 26, 2011

ပျံသန်းကြမည့် ဂီတသူရဲကောင်းများ

ပျံသန်းကြမည့် ဂီတသူရဲကောင်းများ
ကျော်သူ
သြဂုတ် ၂၇၊ ၂၀၁၀
“ လူဆိုသည်မှာ ထင်းပုံကို တည် မီးလိုက်လို့ စား အကြွင်းက ပြာပဲ xxx ခွဲချိန်တန် ခွဲကြရမယ် ဒို့လိုလူတိုင်းပဲ xxx နှုတ်ဆက်ခြင်းရဲ့အစ . . . နှုတ်ဆက်ခြင်းရဲ့အဆုံး xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ ”

အထက်ပါ သီချင်းစာသားကတော့ တေးရေး - ကိုနေ၀င်း (မောင့်လပြည့်ဝန်း) ၏ နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “အိုးထိန်းစက် သံသရာ” အမည်ရှိ တေးသီချင်းဖြစ်သည်။

“ May all be happy
Share my love, peace and harmony
May all be happy
Share your love, peace and harmony.
Let the world will be free. ”


အထက်ပါ သီချင်းစာသားကတော့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂီတပညာရှင် ကိုရဲလွင် ကိုယ်တိုင် ရေးစပ်သီဆိုပေးထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် “SHARE MY LOVE” အမည်ရှိ တေးသီချင်းဖြစ်သည်။



ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းကြသော အလှူရှင် များအား မေတ္တာဖြင့် ပြန်လည်ပေးအပ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု DVD အခွေများတွင် ထည့်သွင်းကုသိုလ်ယူကြမည် ဖြစ်သည်။ ယခင်က စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့သည် ကျွန်တော်တို့နှင့်အတူ လက်တွဲပေးဆပ် ခဲ့ကြသော ဂီတပညာရှင် လူမှုရေးသူရဲကောင်းများ ဖြစ်ကြသည်။


ယခု ကိုနေ၀င်းနှင့် ကိုရဲလွင်တို့သည်လည်း ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူအတွက် ပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ ဖေးမမှုများကို စိတ်ဝင်တစားဖြင့် မိမိတို့ တတ်ကျွမ်းသော ဂီတပညာရပ်ဖြင့် တစ်ဖက်တစ်လမ်း ကျွန်တော်တို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားကြသူများ ဖြစ်ကြသည်။ အဆိုပိုင်းတွင်မက ဂီတအတီး ပညာရှင်များ ဖြစ်ကြသော မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့မှ ကိုဇော်မျိုးထွဋ်၊ ယူနီဗာဆယ် စတူဒီယိုမှ ကိုဇော်နှင့်အဖွဲ့ အပြင် ကိုရဲလွင်မှလည်း ကိုနေ၀င်း တေးသီချင်းအား ၀င်ရောက်တီးခတ် ပံ့ပိုးကူညီအားဖြည့် ကုသိုလ် ယူခဲ့ကြသည်။





ဂီတပညာရှင် အများစုတို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ် များရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူ လက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်


MoeMaKa

ဇော်ရှန်
3kachin.blogspot.com/ မှပြန်လည်ကူးယူတင်ပြသည်။

No comments:

Post a Comment