Wednesday, February 9, 2011

ဖေဖော်ဝါရီလ (၈)ရက်နေ့က သင်္ဃန်းကျွန်း ၁၆ ရပ်ကွက်မှာ လောင်ကျွမ်းတဲ့မီး (သတင်း၊ ဓာတ်ပုံ)

မီးထက်ဆိုးတဲ့သူတွေ အုပ်ချုပ်နေတဲ့ ခေတ်ဆိုတော့လည်း..
 ပြီးခဲ့တဲ့ (၈)ရက်နေ့က သင်္ယန်းကျွန်းမြို့နယ်  ၁၆ ရပ်ကွက် အပိုင်း(၂)မှာ နေ့လည် (၂)နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာမှာ လူနေအိမ်ခြေ (၁၅)လုံး မီးလောင်ကျွမ်းခံရပါတယ်..။ အခင်းဖြစ်ပွားရာသို့ မီးသတ်ကားများ ရောက်ရှိ လာခဲ့ပေမယ့် မီးငြိမ်းသတ်ခြင်း မရှိပဲရပ်ကြည့်နေခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံများမှ ဆိုပါတယ်။ ထိုသို့ မီးလောင်ကျွမ်းချိန်၌ ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဖွင့်လှစ်ခဲ့တဲ့ ဗြမ္မ၀ိဟာရကျောင်းမှ သံဃာတော်များမှ ဂတောင်း မြှောင်အောင်ကျိုက်ပြီး ရေပုံးတွေဆွဲကာ ပတ်ဝန်းကျင်မှ ပြည်သူများနှင့် အတူ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ကြပါတယ်..။ အဆိုပါ သံဃာတော်များမှ မီးလောင်စဉ်မှာ မကြောက်မဝံ့ ငြိမ်းသတ်ပြီးမှ မီးသတ်များမှ ဝင်ရောက်ငြိမ်းသတ်ခဲ့တဲ့ အတွက် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရှိရပါတယ်...။ 

ငွေပါမှ ရေလာ.. ငွေဖြန်းမှ ရေလန်း... ရေခင်းမှ ဗျင်းတဲ့  မီးသတ်များ.. ငွေမပါရင် ရေမလာဘူးတဲ့ဗျာ..
မြန်မာပြည်မှာ ရန်သူမျိုးငါးပါး မကြောက်တာကတော့ ကျွန်တော်တို့ရဲ့ ပြည်သူ့ဘုန်းဘုန်းတွေပါပဲ....။ တိုင်းပြည်မှာ အရေးကြီးပြီဆိုရင် ရှေ့ဆုံးက ပြည်သူတွေရဲ့ အားထားရာ ဘုန်းဘုန်းတွေပါပဲ။

သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ..
အကို ဒီမိုဝေယံအား ကျေးဇူးအထူးတင်ရှိပါသည်။

No comments:

Post a Comment